သူစိမ်းအမျိုးသားတစ်ဦးရဲ့အသက်ကို ကယ်တင်ခဲ့တဲ့ အမျိုးသမီးက ၆ နှစ်အကြာမှာလည်း အဲဒီအမျိုးသားရဲ့သမီးအသက်ကို ထပ်ကယ်တင်

7.7.23-yyl-1.jpg

ဆေးမှူးတစ်ဦးအနေနဲ့ လူတွေကို ကယ်တင်ရတာက ခရစ်တစ် ဟတ်ဖီရဲ့တစ်နေ့တာအလုပ်ပါပဲ။ ၂၀၁၆ ခုနှစ်တုန်းက ခရစ်တစ်ဟာ နှလုံးရပ်သွားတဲ့ ဂျွန် ကွန်နင်ဟမ်ဆိုသူ ဖခင်တစ်ဦးကို ကယ်တင်ခဲ့ဖူးပါတယ်။ သူက ဂျွန်နဲ့ လူမှုကွန်ယက်ပေါ်ကတဆင့် အဆက်အသွယ်မပြတ်ခဲ့ပါဘူး။ သူက သူ့ရဲ့အခြားလူနာဟောင်းတွေနဲ့လည်း အဲ့လိုပါပဲ။

ဂျွန်ကို ကယ်တင်ပြီး ၆ နှစ်အကြာမှာတော့ ခရစ်တစ်က ဂျွန်ရဲ့သမီးဖြစ်သူ မော်လီ ဂျုန်းရဲ့အသက်ကို ကယ်တင်ဖို့ ဖြစ်လာခဲ့ပြန်ပါတယ်။ မော်လီက ကျောက်ကပ်လိုအပ်နေတဲ့အကြောင်းကို ဖေ့စ်ဘွတ်ခ်ပေါ် တင်ပြီး ပြောခဲ့တာပါ။ အဲဒါကို ခရစ်တစ်က မြင်သွားခဲ့ပြီး သူ ကူညီပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
မော်လီက ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ ကျောက်ကပ်ရောဂါနဲ့ နေမကောင်းဖြစ်ခဲ့တာပါ။ သူ့ကျောက်ကပ်တွေမကောင်းတဲ့အချိန်မှာ ကျောက်ကပ်အစားထိုးဖို့ လိုအပ်တဲ့အကြောင်းကို လူမှုကွန်ယက်ပေါ်မှာ ထုတ်ပြောဖြစ်ခဲ့တာပါ။ ခရစ်တစ်က မော်လီဆီ စာပို့ပြီး မင်းအတွက် ကျောက်ကပ်က ဒီမှာ၊ မင်းရဲ့အဖေကို ကယ်တင်ခဲ့တယ်။ မင်းကိုလည်း ကယ်တင်မယ်ဆိုပြီး ပြောခဲ့ပါတယ်။

မော်လီက ဖေ့စ်ဘွတ်ခ်ပေါ် တင်ခဲ့ပြီးတဲ့နောက် ၄ လကြာသွားခဲ့ပြီး သူ့ကျန်းမာရေးက ဆက်ပြီးဆိုးရွားလာခဲ့တယ်။ နောက်ဆုံးမှာတော့ ခရစ်တစ်က မော်လီကို ကျောက်ကပ်လှူဒါန်းပေးလို့ရသွားခဲ့ပါတယ်။ ခရစ်တစ်နဲ့မော်လီတို့က ကျောက်ကပ်အစားထိုးတာမတိုင်ခင်တစ်ပတ်အလိုမှာ ပထမဆုံးတွေ့ဆုံခဲ့ကြပါတယ်။

ကျောက်ကပ်အစားထိုးကုသမှုက စီစဉ်ထားအတိုင်းဖြစ်ခဲ့ပြီး အောင်မြင်ခဲ့ပါတယ်။ မော်လီက သူ နောက်ထပ်အသက်ရှင်လိုက်ရသလိုပါပဲတဲ့။ ခရစ်တစ်က သူ့ဘဝကို ပြန်ပေးခဲ့တယ်လို့ ဆိုပါတယ်။ သူ့အဖေရဲ့အသက်ကို ကယ်တင်ခဲ့ရုံသာမက သူ့အသက်ကိုပါ ကယ်တင်ခဲ့တဲ့အတွက် ခရစ်တစ်ကို ကျေးဇူးတင်မဆုံးဖြစ်လည်းဖြစ်ခဲ့ပါတယ်။ ခရစ်တစ်ကတော့ သူ ကူညီနိုင်ခဲ့လို့ ပျော်ရွှင်ရပါတယ်တဲ့။

Ref: Woman saves man’s life, then his daughter’s life 6 years later

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top