ကားအစီးရေ ၂၀၀ ကျော် ပါဝင်တဲ့ ယာဉ်ဆင့်တိုက်မှု ဖြစ်ပွား

29-12-2022-yyl-125.jpg

တရုတ်နိုင်ငံ အလယ်ပိုင်း ကျန်းကျိုးမြို့မှာ ကားအစီးရေ ၂၀၀ ကျော် ဆင့်တိုက်မှု ဖြစ်ပွားခဲ့ပြီး လူတစ်ယောက် သေဆုံးခဲ့ပါတယ်။ နံနက်ခင်း မြူခိုး ထူနေချိန် မြစ်ဝါမြစ်ပေါ် ဖြတ်သန်းတည်ဆောက်ထားတဲ့ တံတားပေါ်မှာ ကားအစီးရေ ၂၀၀ ကျော် ဆင့်တိုက်မိခဲ့တာဖြစ်ပြီး ကားအများအပြား ပျက်စီးခဲ့တယ်လို့ The Global Times သတင်းဌာနက ဖော်ပြပါတယ်။

ဒီဖြစ်ရပ်ကြောင့် ယာဉ်မောင်းတွေနဲ့ ခရီးသည် တော်တော်များများ ကားထဲမှာ ပိတ်မိခဲ့ကြပြီး အရေးပေါ် ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်၊ မီးသတ်သမားတွေကို စေလွှတ်ပေးခဲ့ရပါတယ်။ မျက်မြင်သက်သေတစ်ဦးရဲ့ ပြောကြားချက်အရ ကားအများကြီး ဆင့်တိုက်တဲ့ဖြစ်ရပ်မှာ ယာဉ်တန်းက မိုင်နဲ့ချီ ရှည်လျားတယ်လို့ သိရပါတယ်။ တံတားပေါ်မှာ စိုထိုင်းနေလို့ လမ်းလည်း ချော်နေခဲ့တယ်လို့ ဆိုပါတယ်။

ဒေသန္တရ မိုးလေဝသဌာနရဲ့ ထုတ်ပြန်ချက်အရ အခင်းဖြစ်ပွားခဲ့တဲ့ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းမှာ တချို့နေရာတွေမှာ မြင်နိုင်စွမ်းက မီတာ ၂၀၀ လောက်ပဲ ရှိတယ်လို့ ဆိုပါတယ်။

Ref: More than 200 cars involved in massive pileup in China’s Zhengzhou

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top