မိခင်ဘဲမကြီး ရုတ်တရက်ပျောက်သွားတာကြောင့် ဘဲပေါက်လေး (၁၅) ကောင်ကို ကြည့်ရှုစောင့်ရှောက်ပေးနေတဲ့ ခွေးလေး

6-7-2022-02.jpg

ဘဲပေါက်လေး (၁၅) ကောင်ကို စောင့်ရှောက်နေတဲ့ ဖရက်တ်

ချစ်ဖို့ကောင်းတဲ့ လာဘရာဒေါခွေးတစ်ကောင်က မိဘမဲ့ဖြစ်နေတဲ့ ဘဲပေါက်လေး (၁၅) ကောင်ကို တာဝန်ယူစောင့်ရှောက်ပေးနေပါတယ်။ ၂၀၁၈ခုနှစ်တုန်းကလည်း ဖရက်တ်ဆိုတဲ့ အဲဒီခွေးလေးက ဘဲပေါက် (၉) ကောင်ကို စောင့်ရှောက်ပေးခဲ့တာကြောင့် သတင်းခေါင်းကြီးပိုင်းမှာ ပါဝင်ခဲ့ဖူးပါတယ်။ ဖရက်တ်က အရင်ကလည်း စောင့်ရှောက်ပေးခဲ့ဖူးတာကြောင့် အခု ဘဲပေါက်လေးတွေနဲ့ စိမ်းမနေတော့ပါဘူး။

ဘဲပေါက်လေးတွေနဲ့မစိမ်းတဲ့ ဖရက်တ်

ဘဲပေါက်လေးတွေက ဖရက်တ်ရဲ့ရှေ့ခြေထောက်ကြား ဝင်နေကြတာ၊ သူ့ရဲ့ကျောပေါ်ကို တက်နေကြတာ၊ အတူတူနေပူဆာလှုံနေကြတာကို ပုံတွေမှာ မြင်တွေ့ရပါတယ်။ ဘဲပေါက်လေးတွေက ဖရက်တ်နဲ့နေရတာ သက်တောင့်သက်သာရှိပြီး ပျော်နေတဲ့ပုံပါပဲ။ဖရက်တ် နေထိုင်တဲ့ အင်္ဂလန်နိုင်ငံက Mountfitchet Castle အနီးနားမှာ ဘဲမကြီးက ရုတ်တရက်ပျောက်သွားခဲ့တာပါ။ အဲဒီကတည်းက သူက ဘဲပေါက်လေးတွေကို သေချာစောင့်ရှောက်ပေးနေခဲ့တာပါ။ ဘဲပေါက်လေးတွေကို သူ့ကျောပေါ်တင်ပြီးတော့လည်း Mountfitchet Castle က ဝန်ထမ်းနဲ့ လာရောက်လည်ပတ်သူတွေကို ထုတ်ပြနေပါတယ်။

ဘဲပေါက်လေးတွေနဲ့အတူ မြင်တွေ့ရတဲ့ဖရက်တ်

Mountfitchet Castle ရဲ့ဒါရိုက်တာ၊ ဖရက်တ်ရဲ့သခင် ဂျယ်ရမီ ဂိုးတ်စမစ်ကတော့ ဖရက်တ် မိသားစုအသစ်ရှာတွေ့သွားလို့ မအံ့ဩပါဘူးတဲ့။ ဖရက်တ်ကို သူ ပိုင်ဆိုင်ခဲ့တဲ့ ၁၅ နှစ်တာကာလအတွင်း ဖရက်တ်ကို အခြားတိရစ္ဆာန်တွေနဲ့အတူ အချိန်အများဆုံးကုန်ဆုံးခဲ့တာကို မြင်တွေ့ခဲ့ရလို့ပါပဲလို့ ဆိုပါတယ်။

ဘဲပေါက်လေးတွေနဲ့အတူ ပျော်ရွှင်နေပုံရတဲ့ ဖရက်တ်

ဘဲပေါက်လေးတွေကိုယ်တိုင် ရှင်သန်နေထိုင်နိုင်မယ့်အချိန်အထိ ဖရက်တ်နဲ့အတူ Mountfitchet Castle မှာ အတူဆက်ပြီးရှိနေဖို့ မျှော်လင့်ရပါတယ်။

Ref: TheMirror “Adorable dog raises 15 orphaned ducklings after mother duck suddenly disappears”

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top