၂၀၂၄ ခုနှစ်မှာ လက်ထပ်တော့မယ့် ဘရူနိုင်းမင်းသား အဒူမာတင်

10.10.23-yyl-1.jpg

ကမ္ဘာပေါ်မှာ ရုပ်ရည်ကြည့်အကောင်းဆုံးအိမ်ရှေ့စံမင်းသားအဖြစ် နာမည်ကြီးတဲ့ ဘရူနိုင်းမင်းသား အဒူမာတင်ဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီမှာ လက်ထပ်တော့မှာပါ။ အသက် ၃၂ နှစ်အရွယ် အဒူမာတင်က ဘရူနိုင်းဆူလ်တန်ရဲ့အထူးအကြံပေးပုဂ္ဂိုလ် ပီဟင် ဒါတို ဟာဂျီ အီဆာရဲ့မြေး အေနီရှာ ရိုဆာနာ ဘင်တီ အာဒမ်နဲ့ လက်ထပ်မှာဖြစ်ပါတယ်။

အရင်က အေနီရှာကို ဘရူနိုင်းမင်းသားနဲ့အတူ ဘရူနိုင်းမင်းသမီးတွေရဲ့လက်ထပ်မင်္ဂလာပွဲတွေမှာတက်ရောက်တာ မြင်တွေ့ခဲ့ရပါတယ်။ အဒူမာတင်နဲ့ အေနီရှာရဲ့တော်ဝင်အခမ်းအနားက ၁၀ ရက်ကြာမှာဖြစ်ပါတယ်။ တော်ဝင်လက်ထပ်ခွင့်တောင်းတဲ့ပွဲကို ဇန်နဝါရီ ၇ ရက်နေ့မှာ စတင်ပြီး တော်ဝင်မင်္ဂလာပွဲအခမ်းအနားကို ဇန်နဝါရီ ၁၄ ရက်နေ့မှာ ကျင်းပမှာပါ။ နောက်တစ်နေ့မှာတော့ မင်္ဂလာညစာစားပွဲကျင်းပမှာဖြစ်ပါတယ်။

အဒူမာတင်က ဘရူနိုင်းဘုရင် ဆူလ်တန် ဟက်ဆာနယ် ဘိုခိုင်ယာရဲ့ ၄ ယောက်မြောက်သားတော်ဖြစ်ပြီး ၆ ယောက်မြောက် ထီးနန်းဆက်ခံမယ့်သူဖြစ်ပါတယ်။ ကြည့်ကောင်းတဲ့ရုပ်ရည်ကြောင့် လူမှုကွန်ယက်ပေါ်မှာလည်း နာမည်ကြီးတဲ့ အိမ်ရှေ့စံမင်းသားဖြစ်တဲ့အပြင် သူ့ကို “Prince Charming” လို့လည်းခေါ်ကြပါတယ်။

သူက ဘရူနိုင်းတော်ဝင်လေတပ်မှာ တာဝန်ထမ်းဆောင်ပြီး ဆူလ်တန်နဲ့အတူ သံတမန်ရေးရာတာဝန်တွေကို ထမ်းဆောင်ပါတယ်။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ နိုင်ငံကိုယ်စားပြု ပိုလိုကစားသမားအဖြစ် ပါဝင်ခဲ့ပါတယ်။

Ref: Brunei prince Abdul Mateen, 32, to get married in Jan. 2024

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top