Garnier နဲ့အတူ ကမ္ဘာမြေကြီး စိမ်းလန်းစိုပြေဖို့ ခြေလှမ်းတစ်လှမ်းစတင်ခြင်း

10.10.23-yyl-6-1.jpg

တစ်ခါသုံးပလတ်စတစ်လျော့ချပြီး ရေရှည်တည်တံ့မှုကို ရှေးရှုတဲ့ ကမ္ဘာ့ထိပ်တန်း သဘာဝအလှကုန်အမှတ်တံဆိပ် Garnier က ကမ္ဘာမြေကြီး စိမ်းလန်းစိုပြေဖို့ ခြေလှမ်းတစ်လှမ်းမှ စကြစို့ အစီအစဉ်ကို စတင်လိုက်ပါပြီ။

၂၀၁၇ မှာ စတင်အကောင်အထည် ဖော်ခဲ့တဲ့ ရေရှည်တည်တံ့သော အလှတရားရရှိမှု Green Beautyစီအစဉ်အရ Garnier က

  1. အလှကုန်ပစ္စည်းထုတ်လုပ်ဖို့ လိုအပ်တဲ့ကုန်ကြမ်းတွေကို မူလရင်းမြစ်ကနေရယူခြင်း
  2. သဘာဝပတ်ဝန်းကျင်နဲ့သဟဇာတဖြစ်ပြီး ညစ်ညမ်းမှုလျော့ချနိုင်စေမဲ့ နည်းပညာ
    formula အသုံးပြုခြင်း
  3. ပြန်လည်အသုံးပြုနိုင်တဲ့ ကုန်ကြမ်းအသုံးပြုထားတဲ့ထုတ်ပိုးမှု
    ဒါမှမဟုတ် ပြန်လည်အသုံးပြုလို့ရတဲ့ထုတ်ပိုးမှုကို အသုံးပြုခြင်း
  4. ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အသုံးပြုခြင်း
  5. တိရိစ္ဆာန်တွေနဲ့ စမ်းသပ်မှုမပြုလုပ်ခြင်း
    အဆင့် (၅)ဆင့်ကို လုပ်ဆောင်နေပါတယ်။

ဒီ Green Beauty အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ Garnier ဟာ အင်ဒိုနီးရှားနိုင်ငံမှာ CarbonEthics နဲ့ပူးပေါင်းပြီး ဒီရေတောပြန်စိုက်တာလုပ်ခဲ့သလို ဖိလစ်ပိုင်နိုင်ငံမှာ SianBags နဲ့ပူးပေါင်းပြီး သဘာဝနဲ့ပိုမိုသဟဇာတဖြစ်စေမဲ့ ပီလောပီနံရဲ့ကစီဓါတ်ကိုအသုံးပြုထုတ်လုပ်ထားတဲ့ ထုတ်ပိုးမှုကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ ဒါ့အပြင် တစ်ခါသုံးပလတ်စတစ်လျော့ချရေး၊ ရေရှည်တည်တံ့တဲ့ အခြားထုတ်ပိုးမှု ရွေးချယ်စရာတွေနဲ့ ပတ်သက်ပြီးလည်း ပညာပေးအစီအစဉ်တွေကို ယိုးဒယား၊ အိန္ဒိယနဲ့ အခြားနိုင်ငံတွေမှာလည်း လုပ်ဆောင်ခဲ့ပါသေးတယ်။

ဒီနှစ်မှာတော့ Garnier Myanmar မှ City Mart/ Ocean/ Marketplace၊ Prevent Plastics Myanmar တို့နဲ့ ပူးပေါင်းပြီး “ကမ္ဘာမြေကြီး စိမ်းလန်းစိုပြေဖို့ ခြေတစ်လှမ်းမှစကြစို့” ဆိုတဲ့ ကမ်ပိန်းလေးကို စက်တင်ဘာလမှ ဒီဇင်ဘာလကုန်အထိ ပြုလုပ်သွားမှာပါ။ ဒီအစီအစဉ်အရ City Mart/Ocean/ Marketplace မည်သည့်ဆိုင်ခွဲတွင်မဆို Garnier ပစ္စည်း ၁၅,၀၀၀ ကျပ်ဖိုး ဝယ်ယူတိုင်းမှာ သစ်ပင်တစ်ပင် စိုက်ပျိုးပေးသွားမှာဖြစ်ပြီး Prevent Plastics Myanmar မှတာဝန်ယူ စိုက်ပျိုးပေးသွားမှာပါ။

ဒါ့အပြင် City Rewards Points များဖြင့် Garnier အမှတ်တံဆိပ် recycled ထုတ်ကုန်များ ပြန်လည်ရရှိနိုင်ခြင်း၊ သုံးပြီးသား Garnier ဘူးခွံ၊ အိတ်ခွံဟောင်းများ ပြန်လည်ပေးအပ်ပြီး အပင်များကို လက်ဆောင်ယူနိုင်မယ့် အစီအစဉ်များလည်းပါဝင်မှာပါ။ Prevent Plastics Myanmarမှ ဦးဆောင်ကာ သုံးပြီးသား Garnier ပလတ်စတစ်ဘူးခွံဟောင်းနှင့် ပလတ်စတစ်အိတ်ခွံဟောင်းများကို ပြန်လည်အသုံးပြုနိုင်စေဖို့ ကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်းပြီး Recycle ပြုလုပ်သွားမှာပါ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top