Bitcoin ပေါင် သန်း ၃၄၀ ပါတဲ့ Hard Drive ကို ရှာဖို့ NASA ကျွမ်းကျင်ပညာရှင်ကို ငှားရမ်းခဲ့တဲ့အမျိုးသား

15.12.2021yyl13.jpg

Bitcoin ပေါင်သန်း ၃၄၀ ပါတဲ့ Hard Drive ကို မတော်တဆလွှင့်ပစ်မိပြီး ပျောက်သွားခဲ့တဲ့အမျိုးသားတစ်ဉီးဟာ အဲဒီ Hard Drive ကို ပြန်ဖော်ဖို့ NASA နဲ့ အလုပ်လုပ်ကိုင်ခဲ့တဲ့ လူတွေကို ငှားရမ်းလို့နေပါတယ်။ ဂျိမ်းစ် ဟိုဝဲလ် (James Howells) ဆိုတဲ့ အဲဒီအမျိုးသားဟာ ၂၀၁၃ခုနှစ်က Bitcoin ပေါင် ၅၅ သန်းကျော် ပါတဲ့ Hard Drive ကို မတော်တဆ လွှင့်ပစ်မိခဲ့ပါတယ်။ အခုဆိုရင် Hard Drive ထဲက Bitcoin တွေက ပေါင် သန်း ၃၀၀ ကျော် တန်နေပါပြီ။ သူ့ရဲ့ပိုင်ဆိုင်မှုတွေ ပြန်ရယူဖို့ ကောင်စီအရာရှိတွေကို သူ့ငွေတွေရဲ့လေးပုံတစ်ပုံနဲ့ တောင်းဆိုခဲ့ပါသေးတယ်။ အခုနှစ်အစောပိုင်းမှာ ကောင်စီက ရှာဖွေဖို့ ငြင်းပယ်ခဲ့ပါတယ်။

ဂျိမ်းစ်က သူ့ရဲ့ရှာဖွေမှုကို အကောင်အထည်ဖော်ဖို့ကြိုးစားရာမှာ ကမ္ဘာတစ်ဝှမ်းက ဒေတာကျွမ်းကျင်သူတွေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေနဲ့ အင်ဂျင်နီယာတွေကို ရနိုင်သလောက် ရှာဖွေကြည့်ခဲ့ပါတယ်။ အခုဆိုရင် NASA နဲ့ အလုပ်လုပ်နေတဲ့ Ontrack အမည်ရတဲ့ကုမ္ပဏီမှာ ကျွမ်းကျင်ပညာရှင်ကို ငှားရမ်းနေပါတယ်။အဲဒီကုမ္ပဏီကလူတွေဟာ ၂၀၀၃ခုနှစ်က ကမ္ဘာမြေကို ကိုလံဘီယာအာကာသလွန်းပျံယာဉ်ကျလာပြီးနောက် ၆ လအကြာမှ ခန်းခြောက်နေတဲ့ကန်ကနေ အဲဒီယာဉ်ရဲ့ Hard Drive ကို ရှာတွေ့ခဲ့ပေမဲ့ ဒေတာတွေဆယ်ယူနိုင်ခဲ့လို့ လူသိများပါတယ်။ ဒေတာ ၉၉ ရာခိုင်နှုန်းကို ပြန်လည်ရယူပေးနိုင်ခဲ့ပါတယ်။

ဂျိမ်းစ်ရဲ့ Hard Drive ကို ရှာတွေ့နိုင်ရင် ဒေတာတွေ ၈၀ ရာခိုင်နှုန်းနဲ့ ၉၀ ရာခိုင်နှုန်းကြား ပြန်ဆယ်ယူနိုင်မယ်လို့ Ontrack ကုမ္ပဏီက ယုံကြည်ထားပါတယ်။ ” ပြန်ရှာမတွေ့နိုင်ဘူးလို့ ကောင်စီရဲ့ယူဆချက်တွေကို ပြန်လည်ချေပဖို့အတွက် နယ်ပယ်က ကျွမ်းကျင်သူတွေကို စုစည်းထားပါတယ်။ ကိုလံဘီယာအာကာသလွန်းပျံယာဉ်ဘေးအန္တရာယ်နဲ့ပတ်သက်ပြီး NASA နဲ့ အလုပ်လုပ်ခဲ့တဲ့ ဒေတာပြန်လည်ရယူရေးကျွမ်းကျင်သူတွေနဲ့ ကျွန်တော် စကားပြောထားပြီးပါပြီ။ ပေါက်ကွဲသွားခဲ့တဲ့ လွန်းပျံယာဉ်ကနေ သူတို့ ပြန်ဆယ်ယူနိုင်ခဲ့ပြီး အမှိုက်သရိုက်တွေမှာ ရှိနေတာက သူတို့အတွက် ပြဿနာရှိမယ့်ပုံမဟုတ်ပါဘူး” လို့ ဂျိမ်းစ်က ပြောပါတယ်။

“လက်ရှိတန်ဖိုးက ပေါင် သန်း ၃၄၀ ပါ။ ဒါပေမဲ့ လွန်ခဲ့တဲ့ တစ်ပတ်ကျော်က ပေါင် သန်း ၄၂၀ လောက်ထိ ဖြစ်ခဲ့ပါတယ်။ Bitcoin တော်တော်များများပါပဲ။ နောက်နှစ် ဘယ်လောက်တန်ကြေးရှိမလဲ ပေါင် သန်း၅၅၀ ပေါင်သန်း ၆၀၀ (ဒါမှမဟုတ်) ပေါင် သန်း ၇၀၀လားဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး။ Hard Drive က ဒေါ်လာ ၁ ဘီလျံတန်ဖိုးရှိလာနိုင်ပါတယ်။ ပြန်လည်ဆယ်ယူလို့မရနိုင်ရင် ကုန်ကျစရိတ်ကို ဘယ်သူက ဖြည့်ဆည်းပေးမလဲဆိုတာကိုသူတို့စိုးရိမ်တယ်လို့ ကောင်စီက ပြောတယ်။ ဒါပေမဲ့ အဲဒါတွေအားလုံးက ချုပ်ဆိုထားတဲ့စာချုပ်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်သွားမှာပါ” လို့ ဂျိမ်းစ်က ဆိုပါတယ်။

Ref: Ladbible “Man Who Lost £300 Million Bitcoin Hardrive Has Hired NASA Expert To Find It”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top