ဆယ်ကျော်သက်တွေကို မွေးနေ့လက်ဆောင်အနေနဲ့ စာအုပ်ဝယ်ဖို့ငွေပေးတဲ့ အီတလီအစိုးရ

20160825_books_large.jpg

စာပေနဲ့ အနုပညာဟာ လူသားဘဝကို ပိုမိုကောင်းမွန်ပြည့်စုံစေပြီး လူအချင်းချင်းချစ်ကြည်ရင်းနှီးမှုကို တိုးပွားစေတယ်ဆိုတာ နိုင်ငံသားလူငယ်တွေ သတိပြုမိစေဖို့အတွက် အီတလီအစိုးရက အစီအစဉ်တစ်ရပ်ကို စတင်အကောင်အထည်ဖော်တော့မှာ ဖြစ်ပါတယ်။

အဲဒါကတော့ အီတလီနိုင်ငံက အသက် (၁၈) နှစ်ပြည့်တဲ့ လူငယ်တိုင်းကို သူတို့ရဲ့ မွေးနေ့မှာ ယူရို ၅၀၀ ( မြန်မာငွေ ခြောက်သိန်းရှစ်သောင်း ခန့် ) တန်ကြေးရှိတဲ့ ဘောက်ချာလက်မှတ်တစ်စောင်စီကို လက်ဆောင်ပေးသွားမယ့် အစီအစဉ်ပဲ ဖြစ်ပါတယ်။ ဒီဘောက်ချာကို အသုံးပြုပြီး စာအုပ်တွေဝယ်တာ၊ အနုပညာပြပွဲလက်မှတ်တွေ၊ ပြတိုက်ဝင်ခွင့်လက်မှတ်တွေဝယ်တာနဲ့ အမျိုးသားဥယျာဉ်တွေဆီ အလည်အပတ်သွားတာတွေ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

ဒီအစီအစဉ်ကို လာမယ့် စက်တင်ဘာလ ၁၅ ရက်နေ့ကနေ စတင်အကောင်အထည်ဖော်သွားမှာ ဖြစ်ပြီး ဆယ်ကျော်သက်လူငယ်ဦးရေ ၅၇၅,၀၀၀ ခန့်ကို အကျိုးဖြစ်ထွန်းစေမယ်လို့ သိရပါတယ်။

Ref : The Independent: “The Italian government is giving teens €500 on their 18th birthday to spend on books “

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top