MPT သည် လူငယ်များ၏ တီထွင်ဖန်တီးနိုင်စွမ်းနှင့် ဖျော်ဖြေရေးဆိုင်ရာ စိတ်အားထက်သန်မှုများကို အားပေးမြှင့်တင်ရန် နှင့် သုံးစွဲသူများ နှင့် ပိုမိုနီးကပ်စွာ ချိတ်ဆက်နိုင်ရန် ရည်ရွယ်၍ “Dance with MPT, Growth with MPT” TikTok Campaign ကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့မှ စက်တင်ဘာလ ၂၇ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
အဆိုပါ Campaign တွင် MPT SIM Card အသုံးပြုသူများ (MPT eSIM အပါအဝင်) ပါဝင်နိုင်ပြီး MPT Official TikTok Account (@mptofficialpage) ကို Follow ပြုလုပ်ထားရမည်ဖြစ်ပါသည်။
Dance with MPT Challenge
- MPT Official TikTok Account (@mptofficialpage) ကို Follow ပြုလုပ်ရပါမည်။
- Campaign Official Music ကို အသုံးပြု၍ Dance Video ဖန်တီးရမည်။
- Official Dance Choreography အတိုင်း သို့မဟုတ် မိမိစိတ်ကြိုက် Dance Performance ဖြင့် ပါဝင်ရပါမည်။
- TikTok တွင် Public ဖြင့် Video တင်ပြီး @MPTOfficialPage ကို Mention ပြုလုပ်ကာ #DanceWithMPT, #WeLoveMPT, #FYP Hashtags များ ထည့်သွင်းအသုံးပြုရပါမည်။
- Post Screenshot ကို MPT Official TikTok Inbox သို့ ပေးပို့၍ ပါဝင်မှုကို အတည်ပြုရပါမည်။
ထို့အပြင် MPT ၏ TikTok Follower များအတွက် “Growth with MPT TikTok Reward” အစီအစဉ်ကိုလည်း တစ်ပြိုင်နက်တည်း ပြုလုပ်ပေးထားပါသည်။ MPT Official TikTok Account ကို Follow ပြုလုပ်ထားသူများအနေဖြင့် Campaign Video များထဲမှ မိမိနှစ်သက်ရာ Video တစ်ခုကို Love နှင့် Repost ပြုလုပ်ပြီး Screenshot ကို TikTok Inbox သို့ ပေးပို့ခြင်းဖြင့် ပါဝင်နိုင်မည်ဖြစ်ပါသည်။
Growth with MPT TikTok Reward
- MPT Official TikTok Account ကို Follow ပြုလုပ်ရပါမည်။
- Campaign Video များအနက် မိမိနှစ်သက်ရာ Video တစ်ခုကို Love နှင့် Repost ပြုလုပ်ရပါမည်။
- Screenshot ကို MPT Official TikTok Inbox သို့ ပေးပို့၍ ပါဝင်ရပါမည်။
“Dance with MPT” Dance Challenge အတွက် စစ်မှန်သော Likes, Shares, Comments, Bookmarks နှင့် Video Views များအပေါ် အခြေခံကာ ကံထူးရှင် စုစုပေါင်း (၄၄) ဦးကို ရွေးချယ်သွားမည်ဖြစ်သည်။ ပထမဆုရရှိသူ (၂) ဦးအား တစ်ဦးလျှင် ငွေသား ၁၅ သိန်းကျပ်စီ၊ ဒုတိယဆုရရှိသူ (၂) ဦးအား တစ်ဦးလျှင် ငွေသား ၅ သိန်းကျပ်စီနှင့် Best Dance Contributor (၄၀) ဦးအား MPT Data 10GB စီ ချီးမြှင့်ပေးသွားမည်ဖြစ်ပါသည်။
အလားတူ Growth with MPT TikTok Reward အစီအစဉ်တွင် ပါဝင်ထားသူများအနက် ကျပန်းရွေးချယ်ခံရသူ (၁၆၀) ဦးအား MPT Data 2GB စီ ချီးမြှင့်ပေးသွားမည်ဖြစ်ပါသည်။
ကံထူးရှင်များကို MPT ၏ Official Facebook Page နှင့် TikTok Page များတွင် ကြေညာပေးသွားမည်ဖြစ်ပြီး TikTok Inbox မှတစ်ဆင့်လည်း တိုက်ရိုက်ဆက်သွယ်အကြောင်းကြားပေးသွားမည်ဖြစ်ပါသည်။
အသေးစိတ်အချက်အလက်များကို MPT Official Facebook Page, TikTok Account (@mptofficialpage) နှင့် Website တို့တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။
NZ (ရိုးရာလေး)

