သဘာဝစမ်းရေကိုသာ သောက်သုံးလို့ အသက် ၃၁ နှစ်အထိ အသက်ရှည်နေတဲ့ ကမ္ဘာ့အသက်ကြီးဆုံးကြောင်

cat.webp

၁၉၉၅ ခုနှစ်ဖွား မီလီဆိုတဲ့ ကြောင်ဟာ ကမ္ဘာ့ဂင်းနက်စ်စံချိန်စာရင်းမဝင်သေးပေမဲ့ ကမ္ဘာ့အသက်ကြီးဆုံးကြောင်လို့ ဆိုရမှာပါ။ အခု မီလီက အသက် ၇၁ နှစ်အရွယ် သခင်ဖြစ်သူ လက်စလီ ဂရင်းဟော့နဲ့ အတူနေထိုင်ပါတယ်။ မီလီ ၃ လသားအရွယ်မှာ လက်စလီရဲ့ကွယ်လွန်သွားပြီဖြစ်တဲ့ ဇနီးဖြစ်သူက ခေါ်ယူမွေးခဲ့တာပါ။

မီလီ အသက်ရှည်ရတာက ဆယ်စုနှစ်များစွာ သဘာဝစမ်းရေကိုပဲ တိုက်ခဲ့တာရဲ့ရလဒ်ဖြစ်တယ်လို့ သခင်ဖြစ်သူ လက်စလီက ပြောပါတယ်။ မီလီရဲ့ ၃၁ နှစ်ပြည့်မွေးနေ့ကို အခုနှစ်အစောပိုင်းမှာ ဆင်နွှဲခဲ့ပြီး သူ့ကို ကြက်သားတစ်ပန်းကန်ကျွေးမွေးခဲ့ပါတယ်။

လက်စလီက မီလီ အသက် ၃၁ နှစ်ပြည့်သွားခဲ့တဲ့အတွက် အရမ်းဂုဏ်ယူတယ်လို့ ပြောပါတယ်။ လက်စလီရဲ့ရည်မှန်းချက်က မီလီကို ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းစာအုပ်ထဲ ဝင်ဖို့ပါပဲ။ ဒါပေမဲ့ စိတ်မကောင်းစရာပါပဲ..မီလီရဲ့အသက်ကို သက်သေပြလို့မရခဲ့ပါဘူး။ သူ့ရဲ့အသက်ကို သက်သေပြနိုင်တဲ့တစ်ဦးတည်းသောသူက သူ့ရဲ့ကွယ်လွန်သွားပြီဖြစ်တဲ့ ဇနီးဖြစ်ပါတယ်။ သူ့မှာ သက်သေပြပေးလို့ရတဲ့ တစ်ခုတည်းသောပစ္စည်းက ဇနီးဖြစ်သူ ယူလာတဲ့အစာခွက်ကို စားနေတဲ့ မီလီရဲ့ပုံပါ။ အဲ့ဒီပုံကို ၁၉၉၅ ခုနှစ်မှာ ရိုက်ကူးခဲ့တာပါ။

လက်စလီရဲ့ အိမ်နားမှာ ရေပိုက်တွေပြင်နေတဲ့အချိန် သူက အသက်ကြီးတဲ့အတွက် ရေသောက်လို့ရအောင် ပြင်တဲ့သူတွေက သူ့အိမ်တံခါးရှေ့မှာ Buxton တံဆိပ်ရေဘူးတွေ လာချပေးခဲ့တယ်။ အဲ့ဒီရေဘူးတွေကို မီလီကိုလည်း တိုက်ခဲ့တယ်။ အဲ့ဒီကစပြီး စမ်းရေကို သောက်ဖြစ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ Buxton တံဆိပ်ရေဘူးက သဘာဝစမ်းရေနဲ့ ထုတ်ထားတာပါ။ မီလီက Buxton တံဆိပ်ရေပဲသောက်ပြီး တစ်နေ့တာအစားအစာအဖြစ် ဆယ်လမွန်ငါး၊ ပုဇွန်၊ ကြက်သားနဲ့ တူနာငါးတွေကို စားပါတယ်။

မီလီကို လူသက်တမ်းနဲ့ တွက်မယ်ဆိုရင် အသက် ၁၄၆ နှစ်ဝန်းကျင်ရှိပါပြီ။ ကမ္ဘာပေါ်မှာ အတည်ပြုထားတဲ့ အသက်ကြီးဆုံးကြောင်က Creme Puff ဖြစ်ပြီး အသက် ၃၈ နှစ်နဲ့ ၃ ရက်အထိ အသက်ရှင်ခဲ့ပါတယ်။ လက်ရှိအတည်ပြုထားတဲ့ အသက်ကြီးဆုံးကြောင်ကတော့ UK က Flossie ဆိုတဲ့ ကြောင်ဖြစ်ပြီး အသက် ၃၀ ရှိပါပြီ။

Ref: World’s Oldest Cat Drinks Only Spring Water as She Celebrates 31 Years Old

WL (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top