ချမ်းမြေ့မြို့တော် မြို့သစ်စီမံကိန်းဖော်ဆောင်မယ့် ဘူတန်နိုင်ငံ

13.11.2024-yyl-2.jpg

ပျော်ရွှင်မှုအညွှန်းကိန်းဆိုတဲ့ အယူအဆသစ်တစ်ရပ်ကို မိတ်ဆက်ပေးခဲ့တဲ့ ဘူတန်နိုင်ငံဟာ ချမ်းမြေ့မြို့တော်ဆိုတဲ့ မြို့သစ်စီမံကိန်းတစ်ရပ် အကောင်အထည်ဖော်တော့မှာဖြစ်ပြီး နိုဝင်ဘာလ ၁၁ ရက်မှစတင်ကာ အမေရိကန်ဒေါ်လာ သန်း ၁၀၀ တန် Bond တွေကို ထုတ်လုပ်ခဲ့ပါတယ်။ ဂီလီဖူချမ်းမြေ့မြို့တော်(Gelephu Mindfulness City (GMC))ဟာ သီးခြားစည်းမျဉ်း၊ ဥပဒေတွေ ကျင့်သုံးမယ့် အထူးအုပ်ချုပ်ခွင့်ရဒေသမှာ တည်ရှိမှာဖြစ်ပြီး အာရှတောင်ပိုင်းနဲ့ အရှေ့တောင်အာရှကို ဆက်သွယ်ထားတဲ့ စီးပွားရေးစင်္ကြံ ဖြစ်လာစေဖို့ ရည်ရွယ်ဖော်ဆောင်တာလို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

တရားထိုင်ဖို့၊ စိတ်သက်သောင့်သက်သာ ရှိစေဖို့၊ စိမ်းလန်းငြိမ်းချမ်းသော နေရာဖြစ်စေဖို့ ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချနိုင်ဖို့၊ စိတ်ချမ်းမြေ့ရေး ဦးစားပေးတဲ့ ပညာရေးဖော်ဆောင်ဖို့၊ ဂေဟခရီးသွားလုပ်ငန်း ဖော်ဆောင်ဖို့အတွက် လမ်းလျှောက်ခြင်းနဲ့ စက်ဘီးစီးခြင်းကိုသာ ဦးစားပေးသွားမှာပါ။

အိန္ဒိယနယ်စပ်နဲ့ ထိစပ်နေတဲ့ စတုရန်းကီလိုမီတာ ၂၅၀၀ ကျော် အကျယ်အဝန်းရှိ မြေနေရာမှာ ချမ်းမြေ့မြို့တော် တည်ဆောက်မှာဖြစ်ပါတယ်။ ၁၀ နှစ်သက်တမ်းရှိတဲ့ GMC Nation Building Bond ကို နိုဝင်ဘာလ ၁၁ ရက်မှာ စတင်ရောင်းချခဲ့ပြီး ဘူတန်ဒေသခံမဟုတ်သူတွေကတော့ ဒီဇင်ဘာလ ၁၇ ရက်အထိ ဝယ်ယူခွင့်ရှိပါတယ်။ Bond ရောင်းချမှုကနေ ရရှိလာတဲ့ငွေတွေကို အခြေခံအဆောက်အအုံ၊ စိမ်းလန်းစွမ်းအင်၊ လမ်းပန်းဆက်သွယ်ရေးနဲ့ အခြားအရာတွေအတွက် စတင်အသုံးပြုသွားမှာပါ။

အာရှအင်အားကြီး အိန္ဒိယနဲ့ တရုတ်နိုင်ငံကြား တည်ရှိပြီး လူဦးရေ ၈ သိန်း မပြည့်တဲ့ ဘူတန်နိုင်ငံဟာ ပြင်ပအထောက်အပံ့၊ ရေအားလျှပ်စစ်နဲ့ ခရီးသွားလုပ်ငန်းတွေကိုပဲ အဓိကအားထားနေရပြီး စီးပွားရေးလည်ပတ်မှုက အမေရိကန်ဒေါ်လာ ၃ ဘီလျံ ဝန်းကျင်ပဲ ရှိပါတယ်။ ရင်းနှီးမြှုပ်နှံမှု၊ အလုပ်အကိုင်အခွင့်အလမ်းနဲ့ လူ့စွမ်းအားရင်းမြစ်တွေ တိုးတက်လာရေးရည်ရွယ်ပြီး ချမ်းမြေ့မြို့တော် တည်ဆောက်ရေး စီမံကိန်းကို ဖော်ဆောင်မှာလို့ ဆိုပါတယ်။

Ref: Buddhist Bhutan to build ‘mindfulness city’ to woo investment, create jobs
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top