အရှည် ၂.၈ မီတာ ရှိတဲ့ ငါးမန်းတစ်ကောင်ကို ဆယ်ကျော်သက်တစ်ဦး ဖမ်းမိခဲ့

21-2-2022-yyl1.jpg

ဆစ်ဒနီမြို့က ဟော့ချ် (Hodge) ဆိုတဲ့ဆယ်ကျော်သက်တစ်ဦးဟာ လွန်ခဲ့တဲ့ ရက်သတ္တပတ်က Middle Harbour မှာ ငါးမြှားနေစဥ် ၂.၈ မီတာရှည်တဲ့ နွားငါးမန်း (Bull Shark) တစ်ကောင်ကို ငါးမြှားချိတ်နဲ့ ဖမ်းမိခဲ့ပါတယ်။ ငါးမန်းကြီးမိထားတဲ့ ငါးမြှားကြိုးကို ရစ်သိမ်းဖို့ ၄၅ မိနစ်အချိန်ယူခဲ့ရတယ်လို့ အဲဒီဆယ်ကျော်သက်ကောင်လေးက ပြောပါတယ်။ “တော်တော်ကြီးတဲ့ အရာတစ်ခုကို ချိတ်မိလို့ အဲဒီအရာက ကျွန်တော့်ကို ရေ​ထဲသို့ ဆွဲချလုနီးနီးပါပဲ။ ရူးသွားလောက်စရာပါပဲ” လို့ သူက ဆိုပါတယ်။

သတ္တဝါရဲ့ ကြမ်းတမ်းတဲ့အ​​ရေပြားနဲ့ ‘မျက်လုံးသေးသေးလေး’ ကြောင့် အံ့အားသင့်ခဲ့ရပြီး နွားငါးမန်းတွေက ဆစ်ဒနီငါးပြတိုက်မှာ မြင်​တွေ့ရတဲ့ ငါးမန်းတွေနဲ့မတူတာကို တွေ့ရှိခဲ့ရတယ်လို့ ဆယ်ကျော်သက်ကောင်လေးက ပြောခဲ့ပါတယ်။ “အစတုန်းကတော့ ၂.၅ မီတာရှိမယ်လို့ ထင်ခဲ့ပေမဲ့ တိုင်းတာကြည့်တဲ့အခါမှာ ၂.၈ မီတာရှိပါတယ်။ အလေးချိန်က ၁၄၀ ကီလိုဂရမ်လောက်ရှိမယ်လို့ ကျွန်တော်ထင်တယ်”လို့ ဆိုပါတယ်။

အခုအချိန်မှာ ဆစ်ဒနီရဲ့ဆိပ်ကမ်းက နွားငါးမန်းတွေ များပြားနေတယ်လို့ ပြောလို့ရပါတယ်။ “ဒါဟာ ကြီးမားတဲ့ ဖမ်းမိမှုတစ်ခုပါ၊ သေချာပါတယ်။ ဒါက ဆစ်ဒနီဆိပ်ကမ်းဟာ ဘယ်လောက်သာယာကောင်းမွန်နေတယ်ဆိုတာ သက်သေပြနေတယ်လို့ ကျွန်တော်ထင်တယ်။ အခုနှစ် ပူနွေးတဲ့ရေစီးကြောင်းက ဆိပ်ကမ်းထဲ ငါးမန်းတွေ အများကြီး ခေါ်ဆောင်လာခဲ့တယ်။ သူတို့က နေရာတိုင်းမှာပါပဲ” လို့ ဟော့ချ်က ပြောကြားခဲ့ပါတယ်။

ဟော့ချ်က ပုံမှန်ငါးဖမ်းသမားတစ်ဦးဖြစ်ပြီး အမျိုးမျိုးသောငါးမျိုးစိတ်တွေရဲ့ကြီးထွားမှုပုံစံ၊ လှုပ်ရှားမှုအလေ့အထတွေ၊ အခြားမျိုးစိတ်တွေနဲ့အပြန်အလှန်ဆက်သွယ်မှုတွေကိုခြေရာခံပြီး ငါးမျိုးစိတ်တွေကို နားလည်စေဖို့အတွက် Primary Industry ဌာနရဲ့ ပရိုဂရမ်တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ဒါပေမဲ့ ဟော့ချ်မှာ အလုပ်ပြီးမြောက်ဖို့အတွက် မှန်ကန်တဲ့ ကိရိယာအပြည့်အစုံမရှိပါဘူး။ “ကျွန်တော့်ရဲ့ ငါးဖမ်းကိရိယာထဲမှာ တူနာငါးနဲ့ kingfish ငါးအတွက် ချိတ်တွေရှိတော့ ငါးမန်းအတွက် အဲဒါတွေထဲက တစ်ခုကို သုံးခဲ့ရတယ်” လို့ ဆိုပါတယ်။

“ဖမ်းယူမှုအသေးစိတ်အချက်အလက်တွေကို သက်ဆိုင်ရာနံပါတ်တစ်ခု​နဲ့ ငါးမြှားချိတ်ကတ်မှာရေးပြီး DPI ကို ပြန်ပို့ပေးပါတယ်။ ဒါကြောင့် ဆစ်ဒနီဆိပ်ကမ်းကနေ တူနာငါးမြှားချိတ်နဲ့ ငါးမန်းတစ်ကောင်ဖမ်းမိခဲ့ပါပြီ” လို့ ဟော့ချ်က ပြောပါတယ်။ ဟော့ချ်က ပရိုဂရမ်အတွက် လုပ်ဆောင်ရတာ ပင်ပန်းပေမဲ့ ကျောင်းပိတ်တာနဲ့ ရေပေါ်ပြန်သွားမယ်လို့ ဆိုပါတယ်။

Ref: Ladbible “Teenager Reels In 2.8 Metre Bull Shark In Sydney Harbour”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top