အန္တာတိကတိုက် ရေခဲပြင်မှ ရေခဲတန်ချိန် ၃၁၅ ဘီလျံပါတဲ့ ရေခဲတောင်အပိုင်းအစတစ်ခု ပဲ့ထွက်

yyl-3-9-011-1.jpg

အန္တာတိကတိုက်ရဲ့ အမ်မရီရေခဲပြင်ကနေ ရေခဲတန်ချိန် ၃၁၅ ဘီလျံပါဝင်တဲ့ ရေခဲတောင်အပိုင်းအစတစ်ခု ပဲ့ထွက်သွားခဲ့တယ်လို့ ဂြိုဟ်တုဓာတ်ပုံတွေမှာ ဖော်ပြထားပါတယ်။ စက်တင်ဘာလ ၂၅ ရက်နေ့က ပဲ့ထွက်သွားခဲ့တဲ့ ရေခဲတောင်အပိုင်းအစဟာ စတုရန်းကီလိုမီတာ ၁,၆၃၆ ကျယ်ဝန်းပြီး စကော့တလန်နိုင်ငံရဲ့ နာမည်ကျော် စကိုင်းကျွန်းငယ်ထက် မဆိုသလောက်ပဲ သေးပါတယ်။

ဒါ့အပြင် နှစ် ၅၀ ကျော်ကာလအတွင်း အမ်မရီရေခဲပြင်ကနေ ပဲ့ထွက်ခဲ့သမျှ ရေခဲတောင်အပိုင်းအစတွေထဲမှာ အကြီးမားဆုံးဖြစ်ပါတယ်။ ပဲ့ထွက်ခဲ့တဲ့ ရေခဲတောင်အရွယ်အစား ကြီးမားလွန်းတဲ့အတွက် အနာဂတ်ကာလ သင်္ဘောသွားလာမှုကို အန္တရာယ်ဖြစ်စေနိုင်လို့ စောင့်ကြည့်ဖို့ လိုအပ်နေပါတယ်။

စတုရန်းကီလိုမီတာ ၉,၀၀၀ ကျယ်ဝန်းတဲ့ အမ်မရီရေခဲပြင်ဟာ အန္တာတိကတိုက်မှာ တတိယအကြီးဆုံးရေခဲပြင်ဖြစ်ပြီး အန္တာတိကတိုက် အရှေ့ပိုင်းကို ရေစီးဆင်းစေတဲ့ အဓိကရင်းမြစ်တစ်ခုဖြစ်ပါတယ်။ D28 လို့ အမည်ပေးထားတဲ့ ရေခဲတောင်အပိုင်းအစဟာ မီတာ ၂၁၀ ထူထဲပြီး နှစ်တော်တော်ကြာမှပဲ အပိုင်းပိုင်းအစစကွဲထွက်ပြီး လုံးဝအရည်ပျော်သွားလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top