လျှပ်စစ်ကားတွေအပါအဝင် ကားအစီးရေ ၃၀၀၀ နီးပါး တင်ဆောင်လာတဲ့ ကုန်တင်သင်္ဘော မီးလောင်လို့ ပင်လယ်ထဲမှ စွန့်ပစ်ထားခဲ့ရ

fire.png

လျှပ်စစ်ကားအစီး ၈၀၀ အပါအဝင် ကားအစီးရေ ၃၀၀၀ နီးပါး တင်ဆောင်လာတဲ့ ကုန်တင်သင်္ဘောတစ်စီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့လို့ အလက်စကာကမ်းလွန်ပိုင်းမှာ စွန့်ပစ်ထားခဲ့ရတယ်လို့ Zodiac Maritime သင်္ဘောလိုင်းက ထုတ်ပြန်ခဲ့ပါတယ်။

သင်္ဘောပေါ်မှ မီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်နိုင်ခဲ့ခြင်းမရှိပေမဲ့ အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့က သင်္ဘောသား ၂၂ ဦးကို ဘေးကင်းစွာ ခေါ်ထုတ်နိုင်ခဲ့ပြီး အနီးနားမှာရှိတဲ့ ကုန်သွယ်ရေကြောင်း သင်္ဘောထံ လွှဲပြောင်းပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

လိုက်ဘေးရီးယားအလံလွှင့်ထားတဲ့ ကုန်တင်သင်္ဘောဟာ မေလ ၂၆ ရက်က တရုတ်နိုင်ငံ ယန်တိုင်းဆိပ်ကမ်းကနေ ထွက်ခွာခဲ့ပြီး မက္ကဆီကိုနိုင်ငံ လာဇာရိုကာဒီနက်စ်ဆိပ်ကမ်းထံ ဦးတည်နေတာဖြစ်ပါတယ်။ လျှပ်စစ်ကားတွေ တင်ဆောင်လာတဲ့အထပ်ကနေ မီးခိုးတွေ စတင်ထွက်ပေါ်လာခဲ့တာလို့ ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ တင်ဆောင်လာတဲ့ ကားအမှတ်တံဆိပ်တွေကိုတော့ ထည့်သွင်းဖော်ပြခြင်း မရှိပါဘူး။

၂၀၂၂ ခုနှစ်ကလည်း ပေါ်ရှေး၊ ဘန်တလေ အစရှိတဲ့ ဇိမ်ခံကားတွေအပါအဝင် တန်ဖိုးကြီးကားအစီးရေ ၄၀၀၀ နီးပါး တင်ဆောင်လာတဲ့ ကုန်တင်သင်္ဘောတစ်စီး မီးလောင်ခဲ့လို့ ပေါ်တူဂီနိုင်ငံ အဇိုရက်စ်ကမ်းလွန်ဘက်မှာ စွန့်ပစ်ထားခဲ့ရဖူးပါတယ်။

Ref: Burning cargo ship carrying 3,000 vehicles abandoned off Alaska

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top