အမေရိကန်ကုန်စည်တချို့အပေါ် ထပ်တိုးအခွန်စတင်ကောက်ခံလိုက်တဲ့ တရုတ်

image1-1.jpg

နှစ်နိုင်ငံကုန်သွယ်မှု စုစုပေါင်း ဒေါ်လာ (၇၅) ဘီလျံဖိုးထဲက တချို့သောအမေရိကန်ကုန်ပစ္စည်းတွေအပေါ် ထပ်တိုးအခွန်တွေကောက်ခံသွားဖို့ တရုတ်နိုင်ငံက ယမန်နေ့မှာ စတင်သတ်မှတ်လိုက်ပါတယ်။

အမေရိကန်ကတင်သွင်းတဲ့ကုန်ပစ္စည်းအမည် (၅၀၇၈) မျိုးထဲက ကုန်ပစ္စည်း (၁၇၁၇) မျိုးအပေါ် ထပ်တိုးအခွန် ၅% ကနေ ၁၀ % ထိစတင်ကောက်ခံသွားမှာဖြစ်ပြီး ကျန်ပစ္စည်းအမျိုးအစားတွေကိုလည်း လာမယ့် ဒီဇင်ဘာ (၁၅) ရက်ကစလို့ ထပ်တိုးအခွန်တွေ ကောက်ခံသွားတော့မှာပါ။

နှစ်နိုင်ငံအကြားက ကုန်သွယ်ရေးစစ်ပွဲစတင်ခဲ့ချိန် (လွန်ခဲ့တဲ့တစ်နှစ်ကျော်ကာလ) ကတည်းက အခွန်စည်းကြပ်မှုအတွက် အဓိကထားတင်းကြပ်ခဲ့တဲ့ အမေရိကန်ရဲ့ပို့ကုန်ပစ္စည်း ရေနံစိမ်းအပေါ်မှာလည်း ထပ်တိုးအခွန် (၅%) ကို တရုတ်နိုင်ငံက စတင်ကောက်ခံနေပြီဖြစ်ပါတယ်။

Ref: CNBC “China starts to impose additional tariffs on some US goods”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top