USမှာ Lockdown ချချိန်အတွင်း သန့်ရှင်းရေးသုံးပစ္စည်းတွေကြောင့် အဆိပ်သင့်မှုတွေ မြင့်တတ်လာ

21-4-2020-yyl-001.jpg

US မှာ သန့်ရှင်းရေးသုံးပစ္စည်းတွေကြောင့် လူတော်တော်များများ အဆိပ်သင့်တာတွေဖြစ်ခဲ့တယ်လို့သိရပါတယ်။ လမ်းလျှောက်တက်ခါစကလေးလေးဟာ လက်သန့်ဆေးရည်ဗူးကို သောက်မိပြီး မူးမေ့လဲကျပြီး ခေါင်းနဲ့ရိုက်မိခဲ့ပါတယ်။ အမျိုးသမီးတစ်ဦးကတော့ ရေပူနဲ့ အရောင်ချွတ်ဆေး၊ ဗင်နီဂါတို့နဲ့ စိမ်ရင်း ကြောက်စရာကောင်းလောက်အောင် ချောင်းဆိုးခဲ့ပြီး အသက်ရှုရခက်တာတွေဖြစ်ခဲ့ပါတယ်။

သန့်ရှင်းရေးသုံးပစ္စည်းတွေနဲ့ ပိုးသတ်ဆေးတွေကနေ မတော်တဆအဆိပ်သင့်တာက အခုနှစ်မှာ ပိုများလာခဲ့ပြီး သုတေသနပညာရှင်တွေက ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနဲ့ ဆက်စပ်မှုရှိတယ်လို့ ယုံကြည်ထားကြောင်း သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ အဲဒီလိုအဆိပ်သင့်မှုက ၂၀၁၈ခုနှစ်နဲ့ ၂၀၁၉ခုနှစ်တို့နဲ့ ယှဉ်ရင် အခုနှစ်ရဲ့ပထမဆုံး(၃) လမှာ (၂၀) ရာခိုင်နှုန်းလောက်မြင့်တတ်လာခဲ့တယ်လို့ the Centers for Disease Control and Prevention ကဆိုထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်က အဆိပ်သင့်မှုကို မြင့်တက်နိုင်တယ်လို့ သက်သေမပြနိုင်ပေမဲ့ အိမ်မှာနေဖို့ ပြောထားပြီး လက်နဲ့ညစ်ပတ်တဲ့နေရာတွေကို သန့်စင်ဖို့လမ်းညွှန်ထားတာဖြစ်တဲ့အတွက် အဲဒီနှစ်ခုက ဆက်စပ်နေတဲ့ပုံပဲလို့ ဆိုထားပါတယ်။ သန့်ရှင်းရေးသုံးပစ္စည်းမျိုးစုံကို ရောစပ်ပြီး တိုက်ရိုက်အသုံးပြုမယ့်အစား ထုတ်လုပ်ပေးထားတဲ့ သန့်စင်ဆေးတွေကို အသုံးပြုဖို့ သတိပေးထားပါတယ်။

သတင်းထုတ်ပြန်ချက်က နိုင်ငံတစ်ဝှမ်းက Control Centers တွေဆီ ဓာတုပစ္စည်းတွေနဲ့ ပိုးသတ်ဆေးသန့်စင်တာတွေနဲ့ ထိတွေ့မိတာအပါအဝင် ဖုန်းခေါ်ဆိုမှု (၄၅၀,၀၀၀) ကနေ အဆိပ်သင့်မှု (၅၅) ခုကျော်ပေါ်အခြေခံထားတာဖြစ်ပါတယ်။ ၂၀၁၈ခုနှစ်မှာ အဲဒီလိုဖုန်းခေါ်မှု (၃၉,၀၀၀) ရှိခဲ့ပြီး ၂၀၁၉ခုနှစ်မှာ (၃၈,၀၀၀) ရှိခဲ့ပါတယ်။ အခုနှစ် ဖုန်းခေါ်ဆိုမှု (၄၀) ရာခိုင်နှုန်းက ကလေး အသက် (၅) နှစ် (သို့) (၅) နှစ်အောက်တွေ အဆိပ်သင့်တာနဲ့ ပတ်သက်တာတွေဖြစ်ပါတယ်။ ဒါပေမဲ့ အသက်အရွယ်အားလုံးမှာ တိုးလာတာလည်း တွေ့ရပါတယ်။ ကလေးငယ်တွေအတွက်ကတော့ အယ်လ်ကိုဟောမပါဝင်တဲ့ ပိုးသတ်ဆေးနဲ့ လက်သန့်ဆေးရည်တွေကြောင့် အဆိပ်သင့်မှုအများဆုံးဖြစ်တယ်လို့ CDC ကထုတ်ပြန်ခဲ့ပါတယ်။

Ref: US lockdowns coincide with rise in poisonings from cleaners

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top