ခြေထောက်ထုံကျင်တတ်တဲ့သူတွေအတွက် ဆောင်ရန်ရှောင်ရန်

9-9-2020-yyl-029.jpg

သင့်ခြေထောက်မှာ အပ်နဲ့ထိုးသလို တဆစ်ဆစ်နာကျင်သလို မကြာခဏခံစားဖူးလား။ ဒါက ကျန်းမာရေးပြဿနာတစ်ခုခုရဲ့လက္ခဏာရပ်တစ်ခုဖြစ်နိုင်ပါတယ်။ ခြေဖဝါးမှာ ထုံကျင်တာ၊ ခြေကျင်တာက ခန္ဓာကိုယ်အတွင်းမှာ ယူရစ်အက်စစ်မြင့်မားလာမှုကြောင့် ဖြစ်နိုင်ပါတယ်။ ယူရစ်အက်စစ်မြင့်မားမှုကြောင့်ဖြစ်တဲ့ ကျန်းမာရေးအခြေအနေအတွက် အသုံးအနှုန်းကတော့ ဂေါက်ရောဂါ (အဆစ်အမြစ်နာရောဂါ) လို့ခေါ်ကြပြီး ခြေဖျားမှာ အဖြစ်များပါတယ်။ ပျူရင်း (Purine) ဆိုတဲ့ ပရိုတင်းဓာတ်တစ်မျိုးကလည်း ခန္ဓာကိုယ်မှာ များလာရင် ယူရစ်အက်စစ်ပမာဏများလာနိုင်စေပါတယ်။ ကျွန်တော်တို့ခန္ဓာကိုယ်က သူ့ဘာသာ ပရိုတင်းရရှိနိုင်သလို တချို့အစားအစာတွေမှာလည်းပါဝင်ပါတယ်။ ယူရစ်အက်စစ်ပမာဏ အရမ်းများလာတဲ့အခါ ကျွန်တော်တို့ရဲ့ကျောက်ကပ်တွေက သွေးကနေ ယူရစ်အက်စစ်ကို စစ်ထုတ်ပစ်ဖို့ အခက်အခဲဖြစ်ပြီး သွေးအတွင်းမှာ အဆိပ်အတောက်တွေဖြစ်လာနိုင်ပါတယ်။ သင့်ခြေဖဝါးမှာ ထုံကျင်သလို ခံစားရရင် ယူရစ်အက်စစ်များတဲ့အတွက်ကြောင့် ဖြစ်နိုင်ပါတယ်။

အသားတွေအများကြီးမစားပါနဲ့

ဟင်းသီးဟင်းရွက်မစားတဲ့လူတွေက ယူရစ်အက်စစ်များတဲ့ ပြဿနာဖြစ်နိုင်ချေပိုရှိတယ်လို့ ကျန်းမာရေး ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။ ခြေထောက်ထုံကျင်တာ၊ ခြေကျင်တာတွေ မကြာခဏခံစားရတဲ့သူတွေက ပင်လယ်စာနဲ့ အနီရောင်သမ်းတဲ့အသားတွေကို ရှောင်သင့်ပါတယ်။ ဟင်းသီးဟင်းရွက်များများစားပေးသင့်ပါတယ်။

ပရိုတင်းဓာတ်အများကြီး စားသုံးတာကနေ ရပ်တန့်လိုက်ပါ

ယူရစ်အက်စစ်များပြီး ခြေထောက်ထုံကျင်တဲ့သူတွေက တစ်နေ့တာအစားအစာမှာ ပရိုတင်းဓာတ်အများကြီးပါအောင် အမြဲလိုလိုစားသုံးကြပါတယ်။ အသည်းက ပရိုတင်းဓာတ်အများကြီးကို မခြေဖျက်နိုင်တဲ့အတွက် ခန္ဓာကိုယ်မှာ ယူရစ်အက်စစ်ပမာဏများလာရပါတယ်။ ယူရစ်အက်စစ်ပမာဏများလာပြီး ခြေကျင်တာ၊ ခြေထောက်ထုံကျင်တာတွေ ခံစားရလာနိုင်ပါတယ်။

ခြေကျင်တာ၊ ခြေထောက်ထုံကျင်တာတွေ သက်သာသွားစေနိုင်တဲ့ အစားအစာတွေ

ဆီးဖြူသီး၊ လိမ္မော်သီး၊ သံပရိုသီးတွေလို ဗီတာမင်စီကြွယ်ဝတဲ့ အစားအစာတွေက ယူရစ်အက်စစ်ပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။ အမျှင်ဓာတ်လုံလုံလောက်လောက်စားပေးတာကလည်း ယူရစ်အက်စစ်ပမာဏကို ထိန်းတဲ့နေရာမှာ အရေးကြီးပါတယ်။ ယူရစ်အက်စစ်များတဲ့သူတွေက ရေဓာတ်ပြည့်ဝစွာနေဖို့လည်း အရမ်းအရေးကြီးပါတယ်။ နေ့တိုင်း အနည်းဆုံး (၂-၃) လီတာလောက် သောက်ပေးသင့်ပါတယ်။ လက်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေကိုလည်း များများစားပေးလို့ရပါတယ်။

Ref: Burning feet can be a symptom of high uric acid

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top