ဂီတသံစဉ်တွေက ကလေးတွေရဲ့ စာဖတ်စွမ်းရည်ကို ပိုကောင်းမွန်လာစေ

two-girls-listening-to-music.jpg

ရိုးရှင်းတဲ့ သီချင်းစာသားနဲ့ ဂီတသံစဉ်ကို အလွတ်မှတ်တာဟာ ကလေးတွေကို စာဖတ်ဖို့ သင်ယူနိုင်အောင် ကူညီပေးနိုင်တယ်လို့ သိပ္ပံပညာက သက်သေပြသခဲ့ပါတယ်။

ဂီတဆိုတာ စိတ်ခံစားမှုရော၊ ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုအတွက်ပါ လူတွေကို စိတ်ဝင်စားမှုရှိအောင် ဆွဲဆောင်နိုင်တဲ့အရာ ဖြစ်ပါတယ်။

ကျောင်းတွေဟာ သူတို့ရဲ့ သင်ကြားမှုလုပ်ငန်းစဉ်အတွက် ကောင်းမွန်တဲ့ သက်ရောက်မှုကြောင့် ဂီတသင်တန်းတွေကို အစကတည်းက ထည့်သွင်းကြပါတယ်။ ဂီတဆိုတာ ဥာဏ်ရည်စစ်ဆေးမှုမှာ ပိုကောင်းတဲ့ လုပ်ဆောင်မှု၊ စိတ်ခံစားမှု၊ အာရုံစိုက်နိုင်မှုအပြင် စာသင်ခန်းထဲမှာ သင်ယူနိုင်စွမ်း စတဲ့ အကျိုးကျေးဇူးတွေနဲ့ ဆက်စပ်နေပါတယ်။ သိပ္ပံပညာရှင်တွေဟာ ဂီတနဲ့ ဦးနှောက်ကြားက ဆက်စပ်မှုနဲ့ ပတ်သက်လို့ ဆက်လက်ရှာဖွေနေကြဆဲ ဖြစ်ပါတယ်။

ဒီဆက်စပ်မှုရဲ့ ရှုထောင့်တစ်ခုကတော့ သင်ယူတာနဲ့ ဂီတကို ထိတွေ့ခံစားတာတွေက လူတွေ အာရုံမထားမိတဲ့ အသံကို ဦးနျောက်အနေနဲ့ တုံ့ပြန်လာစေပါတယ်။ ဒီအချက်က ကလေးတွေအတွက် စာဖတ်နိုင်စွမ်းကို တိုးတက်လာစေပါတယ်။

ဂီတနားထောင်ပြီး အချိန်ဖြုန်းတာဟာ ကောင်းပေမဲ့ တူရိယာတီးခတ်ဖို့ သင်ယူတာလိုမျိုး ဒါမှမဟုတ် သံပြိုင်သီဆိုရတဲ့ အပိုဒ်တွေကို သီဆိုပေးတာဟာ ဦးနှောက်ကို အကျိုးကျေးဇူး ပိုရစေပါတယ်။ ဂီတကို အမြဲထိတွေ့နေတဲ့ ကျောင်းသားတွေမှာတောင်မှ အတန်းမှန်မှန်တက်တဲ့သူမှသာ အာရုံကြောဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုရှိလာတာ ဖြစ်ပါတယ်။

အနုပညာနဲ့ ပညာရေးဆိုင်ရာ ရန်ပုံငွေနဲ့ ပတ်သက်လို့ ဆွေးနွေးကြတဲ့အချိန်မှာ ဒီလေ့လာချက်ရဲ့ သက်ရောက်မှုက အရေးကြီးပါတယ်။ ကျွမ်းကျင်သူတွေက တင်ပြနေတယ် ဆိုပေမဲ့လည်း ဆရာတွေနဲ့ မိသားစုတွေက သူတို့ကိုယ်တိုင် သူတို့ရဲ့ ကလေးတွေကို ဂီတသင်ခန်းစာတွေနဲ့ပတ်သက်ပြီး ထောက်ပံ့ကူညီပေးသင့်ပါတယ်။ classical ဂီတက တခြားဂီတ အမျိုးအစားတွေထက် ပိုပြီးတော့ အကျိုးပိုရှိစေတယ်လို့လည်း သိရပါတယ်။

Ref: www.curiosity.com

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top