ခရီးသည်ကို Mask ဝတ်ဖို့ တောင်းဆိုခဲ့လို့ ဘတ်စ်ကား မောင်းသမား အရိုက်ခံရပြီး သေဆုံးခဲ့ရ

14-7-2020-yyl-001.jpg

ပြင်သစ်နိုင်ငံက ဘတ်စ်ကားမောင်းသမား ဖိလစ်ပီ မွန်ကွေးလော့တ်က ခရီးသည် (၄) ဦးကို သူ့ယာဉ်ပေါ်မှာ Mask ဝတ်ဆင်ဖို့ တောင်းဆိုခဲ့လို့ အရိုက်ခံရကာ သေဆုံးသွားခဲ့ရပါတယ်။ အဲဒီလိုသေဆုံးသွားခဲ့တဲ့အတွက် ဘတ်စ်ကားမောင်းသမားရဲ့ဇနီးက သူ့ခင်ပွန်းကို သတ်သွားတဲ့သူတွေကို မှန်မှန်ကန်ကန်အပြစ်ပေးဖို့ စနေနေ့က တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ဖိလစ်ပီ ပြင်းပြင်းထန်ထန်အရိုက်ခံရပြီး သေဆုံးခဲ့တဲ့ကိစ္စက ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်ကို သိသွားစေခဲ့ပြီး အတွင်းဝန်တွေကို ကားသမားရဲ့ဇနီးကို သွားတွေ့ဆုံဖို့ စေလွှတ်ခဲ့ပါတယ်။

ကားသမား ဖိလစ်ပီက သောကြာနေ့က သေဆုံးသွားခဲ့တာဖြစ်ပြီး ဇူလိုင် ၅ ရက်နေ့ အရိုက်ခံရပြီးတဲ့နောက်မှာ အရေးပေါ်အခြေအနေအဖြစ် ဆေးရုံတင်ထားခဲ့ရတာဖြစ်ပါတယ်။ ဖိလစ်ပီရဲ့ဇနီး ဗီရိုနီကွိ မွန်ကွေလော့တ်က ဝန်ကြီးဂျီရေ ဒါမန်နင်ကို “သူ့ခင်ပွန်း အရိုက်ခံရမှုက သူနဲ့ သူ့သမီးတွေကို ဖျက်ဆီးပစ်ခဲ့တယ်”လို့ ပြောပါတယ်။ “ကျွန်မတို့ ဒါကို ကောင်းကောင်းလုပ်ရပါမယ်။ ဒါမှ ဒီလိုမျိုး နောက်ထပ် ဖြစ်မလာမှာ။ ဒါက ရိုင်းစိုင်းပါတယ်။ သာမန်မဟုတ်ဘူး။ ကျွန်မတို့ ရပ်တန့်ပစ်ရမယ်”လို့ ပြောပါတယ်။

တရားလိုရှေ့နေ က ဖိလစ်ပီဟာ သူ့ရဲ့ဘတ်စ်ကားနံပါတ် 810 ပေါ်မှာ ခရီးသည် (၄) ဦးကို ကပ်ရောဂါအတွင်းမှာ အများပြည်သူ့သုံးဘတ်စ်ကားပေါ် ဝတ်ဆင်ရမယ့် Maskကို ဝတ်ဆင်ပေးဖို့ တောင်းဆိုခဲ့ပြီးတဲ့နောက်မှာ အရိုက်အနှက်ခံခဲ့ရပါတယ်။ ကားမောင်းသမားကို ဆဲဆိုကာ ကားပေါ်ကနေ တွန်းချပြီး ခေါင်းကန်ခံရတယ်လို့ ဆိုပါတယ်။ တရားခံ (၄) ဦးကတော့ အချုပ်ထဲမှာဖြစ်ပါတယ်။

“ဒီကားမောင်းသမားက သူ့အလုပ်ကို သူလုပ်နေတာပါ။ မနက်ခင်းမှာ အိမ်ကထွက်သွားခဲ့ပြီး ဇနီးနဲ့ ကလေးကို ထားရစ်ခဲ့ကာ အိမ်ပြန်မလာခဲ့တော့ပါဘူး။ ဒါက စက်ဆုပ်ဖွယ် ကောင်းတဲ့အပြုအမူပါပဲ”လို့ ပြင်သစ်ဝန်ကြီးက ပြောပါတယ်။ ပြင်သစ်နိုင်ငံက ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူနဲ့ သေဆုံးသူအရေအတွက်က များပြားနေတဲ့အတွက် ရောဂါကို ထိန်းချုပ်ဖို့ ခက်ခက်ခဲခဲ ရင်ဆိုင်တွန်းလှန်နေရပါပြီ။ Johns Hopkins တက္ကသိုလ်ရဲ့ ကျွမ်းကျင်ပညာရှင်တွေက ရောဂါစမ်းသပ်မှု ကန့်သတ်ထားတာနဲ့ သတိမမူဘဲလုပ်မိတဲ့ ကိစ္စတွေကြောင့် ကူးစက်ခံရသူနဲ့ သေဆုံးသူဦးရေက ပိုပြီးမြင့်တက်လာနိုင်တယ်လို့ ဆိုထားပါတယ်။

Ref: CBSNews “Bus driver beaten to death after asking passengers to wear face masks: “It’s barbaric”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top