အသက် ၂၅ နှစ်အရွယ်မော်ဒယ်နဲ့ တွဲနေပြန်တဲ့ လီယိုနာဒို ဒီကာပရိယို

31.10.23-yyl-6.jpg

တိုက်တန်းနစ်မင်းသားကြီး လီယိုနာဒို ဒီကာပရိယိုဟာ ငယ်ရွယ်တဲ့ကောင်မလေးတွေကိုပဲ တွဲတယ်ဆိုတာ လူတိုင်းအသိပါပဲ။ လက်ရှိမှာလည်း အော်စကာဆုရှင် လီယိုနာဒိုက အသက် ၂၅ နှစ်အရွယ် အီတလီမော်ဒယ် ဗီတိုရီယာ ဆီရက်တီနဲ့ တွဲနေပါတယ်။ အဲဒီမော်ဒယ်က လီယိုနာဒိုပါဝင်ခဲ့တဲ့ တိုက်တန်းနစ်ဇာတ်ကားထွက်ရှိခဲ့တဲ့အချိန်မှာတောင် မမွေးသေးပါဘူး။

သူတို့စုံတွဲက West Hollywood ရဲ့ဆင်ခြေဖုံးက ဟော်လိုဝင်းပါတီပွဲကို တက်ရောက်ခဲ့ကြပြီးနှစ်ယောက်သားပွေ့ဖက်နေတာကိုလည်း မြင်တွေ့ခဲ့ရတာပါ။ လူမှုကွန်ယက်မှာ အဲဒီဓာတ်ပုံတွေ ပျံ့နှံ့လာတဲ့အချိန် သူတို့စုံတွဲကြား ၂၃ နှစ်ကွာခြားမှုကို နောက်ပြောင်ပြောဆိုခဲ့ကြပါတယ်။

အရင်က လီယိုနာဒိုဟာ ဂျီဂျီဟာဒစ်အပါအဝင် မော်ဒယ်တော်တော်များများနဲ့ တွဲနေတယ်ဆိုတဲ့ ကောလဟာလတွေလည်း ထွက်ခဲ့တာပါ။ ၂၀၂၂ ခုနှစ် ဩဂုတ်လမှာ မော်ဒယ် ကမီလာ မော်ရုန်းနဲ့ လမ်းခွဲပြီးတဲ့နောက်မှာ လီယိုနာဒိုက အသက် ၂၅ နှစ်အောက် ကောင်မလေးတွေကိုပဲ တွဲတယ်ဆိုတဲ့ အကြောင်း လူပြောစရာဖြစ်လာခဲ့တာပါ။ လီယိုနာဒိုက ကမီလာရဲ့အသက် ၂၀ မှာ တွဲခဲ့တာဖြစ်ပြီး အသက် ၂၅ နှစ်ပြည့်မြောက်ပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှာ လမ်းခွဲခဲ့ကြတာပါ။

Ref: Fans realise Leonardo DiCaprio’s new girlfriend wasn’t even born when Titanic was released

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top