နှစ် ၆၀ မွေးနေ့အလှူအဖြစ် ကုဋေ ၆၀၀၀၀ လှူဒါန်းမယ့် အိန္ဒိယဘီလျံနာ

24-6-2022-yyl01.jpg

အာရှရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ အိန္ဒိယနိုင်ငံသား ဂေါ်တမ်အဒါနီဟာ ဇွန်လ ၂၄ ရက်မှာ ကျရောက်မယ့် နှစ် ၆၀ ပြည့် မွေးနေ့အလှူအဖြစ် အိန္ဒိယနိုင်ငံတစ်ဝန်းမှာ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနဲ့ ကျွမ်းကျင်မှု မြှင့်တင်ရေး ကဏ္ဍတွေ ဆောင်ရွက်ပေးနေတဲ့ ပရဟိတအဖွဲ့အစည်းတွေအတွက် ရူပီးကုဋေ ၆၀၀၀၀ လှူဒါန်းပေးမယ်လို့ ကတိပြုခဲ့ပါတယ်။

Forbes ရဲ့ ဘီလျံနာစာရင်းအရ ဂေါ်တမ်အဒါနီဟာ အမေရိကန်ဒေါ်လာ ၉၅ ဘီလျံ ချမ်းသာဝကွယ်ဝသူဖြစ်ပြီး အဒါနီစီးပွားရေးလုပ်ငန်းအုပ်စုဟာ စွမ်းအင်၊ ဆိပ်ကမ်းနဲ့ ကုန်စည်ပို့ဆောင်ရေး၊ မိုင်းတူးဖော်ရေးနဲ့ သယံဇာတတူးဖော်ရေး၊ ဓာတ်ငွေ့တူးဖော်ရေး၊ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး၊ လေကြောင်းနဲ့ လေဆိပ်လုပ်ငန်းတွေမှာ ထိပ်တန်းက ပါဝင်နေပါတယ်။

Ref: Business Today India

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top