Halloween မှာ ဟယ်ရီပေါ်တာဇာတ်ကောင်တွေလို ဝတ်ဆင်ခဲ့တဲ့ ဇူကာဘတ်တို့မိသားစု

2.11.23-yyl-1.jpg

Meta စီအီးအို မက်ခ် ဇူကာဘတ်ဟာ ဟောလိုးဝင်းပွဲတော်နေ့က သူ့မိသားစုနဲ့အတူ ဆင်နွှဲခဲ့တာပါ။ သူတို့တစ်မိသားစုလုံးက ဟောလိုးဝင်းဝတ်စုံအနေနဲ့ ဟယ်ရီပေါ်တာဇာတ်ကောင်တွေလို ဝတ်ဆင်ခဲ့ကြပါတယ်။ သူက ပရော်ဖက်ဆာ ဒမ်ဘယ်ဒေါအဖြစ် ဝတ်ဆင်ခဲ့ပြီး ဇနီးဖြစ်သူက ပရော်ဖက်ဆာ မင်နာဗာ မက်ဂေါနဂေါအဖြစ် ဝတ်ဆင်ခဲ့ပါတယ်။

သူတို့နှစ်ဦးရဲ့သမီးလေးတွေကတော့ ဒေါ့ဘီ၊ ဂျင်နီ ဝီစလေ၊ ဟယ်မွိုင်နီ ဂရိန်ဂျာဇာတ်ကောင်တွေအဖြစ် ဝတ်ဆင်ခဲ့ကြတာပါ။ ဇူကာဘတ်က သူတို့ရဲ့ဟောလိုးဝင်းပွဲတော်ဆင်နွှဲနေတဲ့ပုံတွေကို “မှော်ဆန်တဲ့ ဟောလိုးဝင်းလေးဖြစ်ပါစေလို့ ဘေဘီဒေါ့ဘီ၊ ဟယ်မွိုင်နီ၊ ဂျင်နီ၊ ပရော်ဖက်ဆာ မက်ဂေါနဂေါ၊ ပရော်ဖက်ဆာ ဒမ်ဘယ်ဒေါတို့က ဆုတောင်းပေးပါတယ်” ဆိုတဲ့စာသားနဲ့ တင်ခဲ့တာပါ။

လူမှုကွန်ယက်အသုံးပြုသူတွေကလည်း သူတို့မိသားစုရဲ့ပုံတွေကို ကောင်းတဲ့မှတ်ချက်တွေပြုပေးခဲ့ကြပါတယ်။ ဇူကာဘတ်ဟာ သူ့ရဲ့ကလေး ၃ ဦးနဲ့ ပျော်ရွှင်စရာအခိုက်အတန့်တွေကို လူမှုကွန်ယက်ပေါ်မှာ မကြာခဏ မျှဝေပေးလေ့ရှိတဲ့သူတစ်ယောက်ဆိုတာ ပရိသတ်တွေလည်း အသိပါပဲ။

Ref: Mark Zuckerberg And His Family Dress Up As Harry Potter Characters To Celebrate Halloween

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top