ညအိပ်ရာဝင်နောက်ကျသူတွေဟာ ပိုပြီးဉာဏ်ကွန့်မြူးတတ်သူတွေဖြစ်ကြပါတယ်

Stocksy_txpc9b20d92KIY000_Small_35310.jpg

ညအိပ်ရာဝင်နောက်ကျသူတွေ တစ်နည်းအားဖြင့် အိပ်ရာထနောက်ကျသူများဟာ ဉာဏ်ကွန့်မြူးသူတွေဖြစ်ကြောင်း မက်ဒရစ်တက္ကသိုလ် (University of Madrid) က စစ်တမ်း ကောက်ယူလေ့လာပြီး အတည်ပြုထားပါတယ်။

ပြုလုပ်ပုံကတော့ ညဘက်စောစောအိပ်ပြီး မနက် (၆) နာရီဝန်းကျင်လောက်ထတတ်သူတစ်ဖွဲ့နဲ့ ညဘက်မှာ (၁) နာရီ၊ (၂) နာရီလောက်အထိ မအိပ်တဲ့သူတွေကို အဖွဲ့တစ်ဖွဲ့ခွဲပြီး စာမေးပွဲတစ်ခု စစ်ဆေးခြင်းဖြစ်ပါတယ်။ အဲဒီစာမေးပွဲဟာ သူတို့ရဲ့ တွေးခေါ်နိုင်မှု၊ ဉာဏ်ကွန့်မြူးနိုင်မှု ဘယ်လောက်ရှိတယ်ဆိုတာကို စမ်းသပ်တဲ့စာမေးပွဲဖြစ်ပါတယ်။

ထူးခြားစွာပဲ ညအိပ်ရာဝင်နောက်ကျသူတွေဟာ စောစောအိပ်ပြီး စောစောထတတ်သူတွေထက် တီထွင်ဆန်းသစ်မှုပိုကောင်းနေကြောင်းတွေ့ခဲ့ရပါတယ်။ အလုပ်တွင်မှုမှာကတော့ မနက်စောစော ထသူတွေက ပိုအလုပ်တွင်ကြသလို ပိုပြီးတော့လည်း အာရုံစိုက်လုပ်နိုင်ကြပါတယ်။ ဒါပေမဲ့ တီထွင်ဆန်းသစ်မှုပိုင်းမှာ စောစောထသူတွေက အိပ်ရာဝင်နောက်ကျသူတွေ တစ်နည်းအားဖြင့် Late Riser တွေထက် အားနည်းနေတာကို တွေ့ခဲ့ရပါတယ်။

အိပ်ရာဝင်နောက်ကျသူကော စောစောအိပ်၊ စောစောထသူကော နှစ်မျိုးစလုံး ဘယ်အရာမှာ ကောင်းတယ်၊ ဆိုးတယ် ရယ်လို့ မရှိပါဘူး။ တစ်ကိုယ်ရည်ဘဝနေထိုင်မှုပုံစံနဲ့ပဲ သက်ဆိုင်တာပါ။

လူတစ်ယောက်အနေနဲ့ တစ်ရက်ကို (၈) နာရီဝန်းကျင်လောက်အထိ အိပ်စက်ဖို့လိုအပ်တာကြောင့် ခြုံငုံသုံးသပ်ရရင်တော့ အိပ်ရေးဝအောင်အိပ်ရသူတွေကပဲ ဦးနှောက်လုပ်ဆောင်ချက်မှာ ပိုကောင်းမွန်ကြကြောင်း တွေ့ရှိခဲ့ရပါတယ်။

Ref: Elite Daily “People Who Sleep Late Are Actually Smarter And More Creative”
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top