WLC ရဲ့ Women’s Division က လက်ဝှေ့မယ်များ

60213121_1288045861354675_4535425219069739008_n.jpg

WLC (World Lethwei Championship) က Women’s Division အတွက် စာချုပ်ချုပ်ဆိုထားပြီးတဲ့ အမျိုးသမီးလက်ဝှေ့မယ် (၂၀) ဦးရှိနေပြီလို့သိရပါတယ်။ WLC ပွဲတိုင်းမှာ အဲဒီအမျိုးသမီးဖိုက်တာတွေရဲ့ ဝိတ်တန်းတူတွဲဆိုင်းတစ်ဆိုင်းကို အမြဲ ထည့်သွင်းယှဉ်ပြိုင်စေမှာဖြစ်တယ်လို့လည်း သိထားရပါတယ်။ WLC နဲ့ စာချုပ်ချုပ်ဆိုထားပြီးတဲ့ အမျိုးသမီးလက်ဝှေ့မယ် (၂၀) ထဲက (၁၀) ဦးကို ဖော်ပြပေးလိုက်ပါတယ်။

နော်အဲအဲ (Naw Eh Eh) မြန်မာ

Team PT မှာ လေ့ကျင့်ကစားနေတဲ့ မြန်မာလက်ဝှေ့မယ်။ ဂျူဒိုနဲ့ နပန်းမှာလည်း နိုင်ငံအဆင့်ကစားသမားဖြစ်ပြီး လက်ရှိမှာ မြန်မာ့လက်ဝှေ့နဲ့ MMA ပြိုင်ပွဲတွေအတွက် လေ့ကျင့်ပြင်ဆင်နေသူဖြစ်ပါတယ်။

ချယ်ရီမောင် (Cherry Maung) မြန်မာ

ရှုံးပွဲမရှိသေးတဲ့ အလားအလာရှိ မြန်မာလက်ဝှေ့မယ်။ Yangon Fight Club (YFC) မှာ လေ့ကျင့် ကစားနေသူဖြစ်ပါတယ်။

ဟျူး (Huynh Ha Huu Hieu) ဗီယက်နမ်

ဗီယက်နမ်နိုင်ငံရဲ့ ထိပ်တန်း မွေထိုင်းအမျိုးသမီးကစားသမား။ နိုင်ငံတကာမွေထိုင်းပြိုင်ပွဲတွေမှာ ဗီယက်နမ်အတွက်ကိုယ်စားပြုကစားပေးနေသူဖြစ်ပါတယ်။

နီကိုလာဘာ့ခ် (Nicola Barke) ဗြိတိန်

ဗြိတိသျှ-မြန်မာ မွေထိုင်းလက်ဝှေ့မယ်။ မြန်မာစပါးအုံးမ ဆိုတဲ့ နာမည်ပြောင်ရထားပြီး နာမည်ကြီး HSBC ဘဏ်မှာလည်း Digital Change and Release Manager အဖြစ် အလုပ်လုပ်ကိုင်နေသူဖြစ်ပါတယ်။

ဖရီဒါ အိုကီကို (Farida Okiko) ဂျာမနီ

WMC (World Muaythai Council) ရဲ့ (၅၈.၈) ကီလိုတန်း ကမ္ဘာ့ချန်ပီယံ၊ WPMF (World Professional Muaythai Federation) ရဲ့ (၅၃.၅) ကီလို ကမ္ဘာ့ချန်ပီယံ၊ I-1 (၅၄) ကီလို ကမ္ဘာ့ချန်ပီယံ၊ WWBA ချန်ပီယံနဲ့ Tiger Top Team လူရွေးပွဲ ချန်ပီယံဖြစ်ပါတယ်။

ဆူရိစ် မန်ဖရက်ဒီ (Souris Manfredi) ပြင်သစ်

ပြင်သစ်မွေထိုင်းချန်ပီယံဖြစ်ပါတယ်။

လုမ္မနီ ဝေါ် ဆန်တိုင်း (Lommanee Wor. Santai) ထိုင်း

အမျိုးသမီးမွေထိုင်းကစားသမားတွေထဲမှာ အကောင်းဆုံးတစ်ယောက်လို့သတ်မှတ်ခံထားရသူ။ ထိုင်းနိုင်ငံရဲ့ ထိပ်တန်းဖိုက်တာ (၄) ယောက်ထဲက (၃) ယောက်နဲ့ရင်ဆိုင်ရာမှာ (၁၂) ပွဲနိုင် (၁) ပွဲရှုံးရလဒ်ရှိထားသူ။ WMC (World Muaythai Council) နဲ့ IFMA (International Federation of Muaythai Amateur) ကမ္ဘာ့ချန်ပီယံ။ မကြာသေးခင်ကကျင်းပတဲ့ ထိုင်းချန်ပီယံရှစ်ပြိုင်ပွဲမှာ ပွဲစဉ်တိုင်းကို (၃) ချီအတွင်းအနိုင်ယူဗိုလ်စွဲထားသူဖြစ်ပါတယ်။

ဒီ ဆော လာအို (Dee Sao Lao) လာအို

လာအိုရဲ့ နာမည်ကျော်ဘောက်ဆင်မယ်ဖြစ်ပြီး ဆုကြေးစားဘဝမခံယူခင်ကတည်းက နိုင်ငံကျော်ခဲ့တဲ့လက်ဝှေ့မယ်။ ၂၀၁၉ ခုနှစ် MTBSA (Muaythai and Muayboran Sports Association) မွေထိုင်းကမ္ဘာ့ချန်ပီယံ၊ ၂၀၁၈ ခုနှစ်ရဲ့ လာအိုဘောက်ဆင် ပြည်တွင်းချန်ပီယံဖြစ်ပါတယ်။

နူ ဆရီပေါ့ဗ် (Nou SreyPov) ကမ္ဘောဒီးယား

ကမ္ဘောဒီးယားနိုင်ငံလက်ရွေးစင် ဘောက်ဆင်မယ်ဖြစ်ပြီး ၂၀၁၈ ခုနှစ် WLC အကောင်းဆုံးအမျိုးသမီးလက်ဝှေ့မယ်ဖြစ်ပါတယ်။

အဲ ယာနွတ် (Eh Yanut) ကမ္ဘောဒီးယား

ကမ္ဘောဒီးယားထိပ်တန်းလက်ဝှေ့မယ်။ ကမ္ဘောဒီးယားဂန္တဝင်လက်ဝှေ့သမား အဲ ပူတောင်းရဲ့သမီးဖြစ်ကာ ဖခင်ဖြစ်သူရဲ့ကျော်ကြားမှုအရိပ်ကနေ ကိုယ်တိုင်ကျော်ကြားမှုနဲ့ ဖောက်ထွက်ခဲ့သူဖြစ်ပါတယ်။

Ref: WLC
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top