အက်သလက်တီကိုကနေထွက်ခွာတော့မယ်လို့ ဂရစ်ဇ်မန်း အတည်ပြု

60176926_2376981062332800_176532789477244928_n.jpg

ဘာစီလိုနာကိုပြောင်းရွှေ့မယ်လို့သတင်းထွက်နေတဲ့ ပြင်သစ်တိုက်စစ်မှူး ဂရစ်ဇ်မန်းဟာ အက်သလက်တီကိုအသင်းကနေထွက်ခွာတော့မယ်လို့ ဗီဒီယိုမှတ်တမ်းကတစ်ဆင့် အတည်ပြုခဲ့ပါတယ်။

ဘာစီလိုနာဟာ ပြီးခဲ့တဲ့နွေရာသီကတည်းက ဂရစ်ဇ်မန်းကို ခေါ်ယူဖို့ကြိုးပမ်းခဲ့ပေမဲ့ ဂရစ်ဇ်မန်းက အက်သလက်တီကိုမှာဆက်ရှိနေဖို့ဆုံးဖြတ်ခဲ့ပြီး ကာလရှည်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ဒီရာသီမှာ အက်သလက်တီကိုအသင်းအောင်မြင်မှုမရခဲ့တဲ့နောက် ဂရစ်ဇ်မန်းက သူ့ဆုံးဖြတ်ချက်အပေါ် နောင်တရနေတယ်လို့ သတင်းထွက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့အင်္ဂါနေ့မှာတော့ အက်သလက်တီကိုနည်းပြ ဆီမြွန်နီက အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ဖို့ ဂရစ်ဇ်မန်းကို တိုက်တွန်းခဲ့ပါတယ်။ ဂရစ်ဇ်မန်းက အသင်းပြောင်းဖို့ဆုံးဖြတ်ခဲ့ချိန်မှာ အဲဒီဆုံးဖြတ်ချက်ကို လူသိရှင်ကြားကြေညာချက်ထုတ်ပြန်ဖို့ ဆီမြွန်နီက မေတ္တာရပ်ခံခဲ့ပါတယ်။ ဂရစ်ဇ်မန်းဟာ အက်သလက်တီကိုအသင်းနဲ့ ယူရိုသန်း (၂၀၀) တန် လျော်ကြေးစာချုပ် ချုပ်ဆိုထားပေမဲ့ ဇူလိုင်လ (၁) ရက်နေ့ကစပြီး လျော်ကြေးက ယူရိုသန်း ၁၂၀ (ပေါင် ၁၀၄ သန်း) အထိ ကျဆင်းသွားမှာပါ။

”နည်းပြဆီမြွန်နီ၊ အသင်းအမှုဆောင်ချုပ်တို့နဲ့ တွေ့ဆုံခဲ့ပြီးနောက်မှာ အသင်းကနေထွက်ခွာဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့ပါတယ်။ အခုလိုဆုံးဖြတ်ရတာမလွယ်ပေမဲ့ ကျွန်တော့်အတွက် အပြောင်းအလဲလုပ်ဖို့လိုအပ်လို့ ဒီလမ်းကိုရွေးခဲ့ရတာပါ။ အသင်းနဲ့အတူ ဖြတ်သန်းခဲ့ရတဲ့ အံ့အားသင့်စရာအခိုက်အတန့်တွေကို အမြဲသတိရနေမှာပါ။ ပရိသတ်တွေလည်း ကျွန်တော့်ရင်ထဲမှာ အမြဲရှိနေမှာပါ”လို့ ဂရစ်ဇ်မန်းက ပြောပါတယ်။ ချန်ပီယံလိဂ်မှာ လီဗာပူးကို (၄) ဂိုးပြတ် ရှုံးနိမ့်ပြီး ဆီမီးဖိုင်နယ်ကထွက်ခဲ့ရတဲ့ ဘာစီလိုနာဟာ လာမယ့်ရာသီအတွက် ကစားသမား (၂) ယောက်ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ တစ်ယောက်ကတော့ ဂရစ်ဇ်မန်းဖြစ်ပြီး နောက်တစ်ယောက်ကတော့ အေဂျက်နောက်ခံလူ ဒီလစ် ဖြစ်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top