မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ် နဲ့ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်တို့ သမိုင်းဝင် ဆွေးနွေးပွဲလုပ်

4355636-6178849-South_Korean_President_Moon_Jae_in_and_North_Korean_leader_Kim_J-a-56_1537272667209-e1551589575916.jpg

South Korean President Moon Jae-in and North Korean leader Kim Jong Un, right, wave during a welcoming ceremony at Sunan International Airport in Pyongyang in North Korea, Tuesday, Sept. 18, 2018. (Pyongyang Press Corps Pool via AP)

မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအမ်ဟာ နယ်စပ်ဒေသကို ဖြတ်ကျော်ပြီး ယနေ့ ဧပြီ ၂၇ ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံကို သွားရောက်ခဲ့ကာ တောင်ကိုရီးယား သမ္မတမွန်ဂျေအင်နဲ့ သမိုင်းဝင် ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။

နှစ်နိုင်ငံကြား အခုဆွေးနွေးမှုဟာ ၁၉၅၃ ခုနှစ်က ဖြစ်ခဲ့တဲ့ကိုရီးယားစစ်ပွဲအပြီး တောင်ကိုရီးယားမြေပေါ်မှာ ပြုလုပ်တဲ့ ပထမဆုံး ဆွေးနွေးပွဲဖြစ်ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နဲ့ မတွေဆုံခင် တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်နဲ့ အရင်တွေဆုံဆွေးနွေးတာ ဖြစ်ပါတယ်။ တောင်ကိုရီးယားသမ္မတက ကိုရီးယားနှစ်နိုင်ငံစလုံးအတွက် လက်ရှိအချိန်ဟာ ငြိမ်းချမ်းရေး၊ ဆက်ဆံရေးကောင်းမွန်ဖို့အတွက် သမိုင်းစာမျက်နှာသစ် ရေးရမယ့် ကာလဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ငြိမ်းချမ်းရေးကို ချစ်ခင်တဲ့ လူတိုင်းအတွက်၊ ကိုရီးယားကျွန်းဆွယ်တစ်ခုလုံးအတွက် ကြီးမားတဲ့ လက်ဆောင်ဖြစ်လာစေမယ့် သဘောတူညီမျိူး ဖန်တီးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ သမ္မတ မွန်ဂျေအင်ကပြောခဲ့ပါတယ်။ ဒီ သမိုင်းဝင်ဆွေးနွေးမှုအတွက် တောင်ကိုရီးယားသမ္မတက ကင်ဂျုံအမ်ကို နယ်စပ်ဖြတ်ကျော်ပြီး တောင်ကိုရီးယားနိုင်ငံဆီ လာရောက်ဖို့ ဖိတ်ခေါ်ခဲ့တာ ဖြစ်ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်က လက်ခံကာ လာရောက်ခဲ့တာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင်ဟာ တောင်ကိုရီးယားသမ္မတနဲ့ လက်ဆွဲနုွတ်ဆက်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

Ref: Kim Jong Un walks across border to meet South Korean president

Zaw Min Oo (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top