ခါးနာသက်သာစေမယ့် လွယ်ကူတဲ့ အကြောလျော့နည်းတွေ

31345416_582512715463043_8803007760640770048_n.jpg

အချိန်ကြာကြာထိုင်ပြီး အလုပ်လုပ်ရတဲ့ ဝန်ထမ်း တော်တော်များများဟာ ခါးနာ/နောက်ကျောနာ ဝေဒနာကို ခံစားရလေ့ရှိပါတယ်။ တကယ်တော့ ကိုယ်လက်လုပ်ရှားမှုနည်းပြီး နောက်ကျော သွေးစီးဆင်းမှုတွေ မကောင်းတော့ အညောင်းမိပြီး လေးလံ ထိုင်းမိုင်းနေတာပါ။

တစ်ခါတစ်လေ ပိုပြင်းထန်လာတတ်ပါတယ်။ နောက်ဆက်တွဲ အနေနဲ့ ခြေထောက်တွေ ကျဉ်လာတတ်ပါတယ်။ ဝေဒနာက အရမ်းပြင်းထန်လာရင်တော့ ဆရာဝန်ဆီမှာ ဆေးကုသမှု ခံယူသင့်ပါတယ်။

နေတိုင်းပုံမှန် အကြောလျှော့မယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။ လွယ်ကူပြီး အိမ်မှာ အလွယ်တကူ ပြုလုပ်နိုင်မယ့် နည်းလမ်းတွေ မျှဝေပေးပါရစေ

၁။ ပက်လက်စပ်စပ် ကြမ်းမှာ လှဲချလိုက်ပါ။ လက်နှစ်ဖက်ကို ပုခုံးနဲ့ တတန်းဖြစ်အောင် (T ပုံသဏ္ဍန်) ဆန့်လိုက်ပါ။ ဒူးနှစ်ကိုပူးပြီး ကြမ်းပြင်နဲ့ 90 Degree ဆွဲမပါ။ ဒူးကို ခန္ဓာကိုယ် ဘယ်ဘက်အခြမ်း ကြမ်းပြင်နဲ ဖြည်းဖြည်းချင်း ဆွဲထိလိုက်ပါ။ အဲဒီ အနေအထားအတိုင်း ၂ မိနစ် လောက်နေပါ။ အသက်ကို ပုံမှန် ရှူ နေပါ။ ပြီးရင် ညာကိုပြောင်းပါ။

၂။ ပက်လက်စပ်စပ် အနေအထားမှ လက်နှစ်ဖက်ဖြင့် ဒူးကိုကိုင်ပြီး ဘယ်ဖက် ခြေထောက်ကို ကြမ်းပြင်နှင့် 90 Degree (L ပုံသဏ္ဍာန်) ဖြည်းဖြည်းချင်း ဆွဲမပြီး စက္ကန့် ၃၀ လောက် ကိုင်ထားပါ။ ပြီးရင် ကြမ်းပြင်ကို ဖြည်းဖြည်းချင်း ပြန်ချပါ။ ပြီးရင် ညာဖက် ခြေထောက်ပြောင်းပါ။ ၆ ကြိမ်မှ ၈ ကြိမ် အထိ လုပ်ပေးပါ။ လက်ဖြင့် မရန် အခက်အခဲရှိရင် မျက်နှာသုတ်ပဝါ အသေးကို အသုံးပြုပြီး ပြုလုပ်ပါ။

၃။ ဝမ်းလျားမှောက် အနေအထား ပြောင်းပါ။ လက်နှစ်ဖက်ကို ဖခုံးနားကို ဆွဲပြီး ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း မတင်ပါ။ ပြီးရင် ဘယ်ခြေထောက်ကို ကွေးပြီး ရင်ဘက်အောက်ကို ဖြေးဖြေးချင်းဆွဲယူလိုက်ပါ။ ဘယ်ဖက်တင်ပါးကို ကြမ်းပြင်နဲ့ ထိအောင်နေပါ။ လက်နှစ်ဖက်အားပြုပြီး ခန္ဓာကိုယ်ကိုဆွဲဆန့်ထားပါ။အသက်ကို ဖြေးဖြေး မှန်မှန် ၅ ကြိမ်လောက် ရှူသွင်း/ထုတ် လုပ်ပါ။ ပြီးရင် ညာဘက်ကို ပြောင်းပါ။

၄။ ပက်လက်စပ်စပ် အနေအထားမှ ညာဖက်ခြေထောက်ကို ကွေးပြီး ဘယ်ဖက် ဒူးအပေါ်ထပ်လိုက်ပါ။ လက်နှစ်ဖက်ဖြင့် ဘယ်ဖက် ဒူးကို ကွေးပြီး ကြမ်းပြင်မှဆွဲမပါ။ မိမိ တတ်နိုင်သလောက် ဆွဲမထားပါ။ စက္ကန့် ၃၀ လောက် ဆွဲမထားပါ။ ပြီးရင် ညာဘက်ကိုပြောင်းပါ။ လက်ဖြင့် မရန် အခက်အခဲရှိရင် မျက်နှာသုတ်ပဝါ အသေးကို အသုံးပြုပြီး ပြုလုပ်ပါ။

၅။ ကြမ်းပြင်မှာ လေးဖက်ထောက်အနေအထား နေပါ။ လက်နှစ်ဖက်က ပခုံးနဲ့ တစ်တန်းတည်း ထားပြီး ဒူးနှစ်ဖက်ကို တင်ပါး တည့်တည့်မှာ ထားပါ။ ဘယ်ဖက် ခြေချောင်းလေးတွေကို ကြမ်းပြင်မှ မနိုင်သလောက်ဆွဲမပြီး လေထဲမှာ ဘယ်ဖက်ကို လွဲလိုက်ပါ။ ပြီးရင် ပခုံးကို ကျော်ပြီး မိမိ ခြေချောင်းလေးတွေမြင်အောင် ကြည့်ပါ။ ဖြေးဖြေးချင်း လေထဲမှာ ညာလွှဲပြီး ညာဖက် ပခုံးကို ကျော်ပြီး ခြေချောင်းလေးတွေမြင်အောင် ကြည့်ပါ။ ထိုနည်း အတိုင်း ညာဖက်ကိုလည်း ပြုလုပ်ပါ။ ၆ ကြိမ်မှ ၈ကြိမ် အထိ လုပ်ပေးပါ။

အထက်ဖော်ပြပါ နည်းလမ်းတွေကို တစ်နေ့ တကြိမ် ဒါမှမဟုတ် မနက် တစ်ကြိမ် ညနေ တစ်ကြိမ် ပြုလုပ်ပေးပါ။ နောက်ကျော သွေးစီးဆင်းမှုကောင်းပြီး ခါနားဝေဒနာ ကင်းဝေးလာပါလိမ့်မယ်။

WC (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top