ကိုယ်ဝန်ဖျက်ချချင်တဲ့ အမျိုးသမီးတွေကို တောင်းဆိုစကားဆိုခဲ့တဲ့ စုံတွဲတစ်တွဲ

yyl-29-007.png

အကြင်နာတရားဆိုတာ ပုံစံအမျိုးမျိုးနဲ့ လာတတ်ကြပါတယ်။ လူတွေက တစ်ယောက်နဲ့တစ်ယောက် အကြင်နာတရား ထားတတ်ပုံချင်းလည်း မတူကြပါတယ်။ ဘယ်လိုပုံစံမျိုးနဲ့ပဲဖြစ်ဖြစ် အကြင်နာတရားထားတတ်၊ ထားတတ်ကိစ္စမရှိပါဘူး။ လူတစ်ယောက်မှာ အကြင်နာတရားရှိဖို့ပဲ အရေးကြီးလှပါတယ်။ ဗာဂျီးနီးယားပြည်နယ်က စုံတွဲတစ်တွဲကလည်း အမျိုးသမီးတွေကို အကြင်နာတရားထားပြီး တောင်းဆိုစကားပြောခဲ့ပါတယ်။ အဲဒီစုံတွဲက ဆာရက် မေရီ (Sarah Marie) နဲ့ ဘလိတ် သောမတ်စ် (Blake Thomas) တို့ဖြစ်ပြီး သူတို့တောင်းဆိုစကားပြောခဲ့တာက ကိုယ်ဝန်ဖျက်ချချင်ကြတဲ့ အမျိုးသမီးတွေကိုပါ။

သူတို့စုံတွဲက ကိုယ်ဝန်ဖျက်မချဖို့နဲ့ သူတို့ရဲ့ကလေးတွေကို သူတို့ကိုမွေးစားခွင့်ပေးပါဆိုပြီး တောင်းဆိုခဲ့ပါတယ်။ အဲဒီစုံတွဲက လူမှုကွန်ယက်အကောင့်မှာ “ဒီကမ်းလှမ်းချက်က အချိန်အကြာကြီးရှိနေမယ်လို့ မသေချာပါဘူး။ သင်တို့ရဲ့ကလေးကို ဖျက်မချပါနဲ့။ ကျွန်တော်တို့မွေးစားပါမယ်။ ကလေးဖျက်ချဖို့ စဉ်းစားနေပြီဆိုရင် ကျေးဇူးပြုပြီး ကျွန်တော်တို့ဆီ ဆက်သွယ်ပေးပါ။ ဘယ်ပြည်နယ်ကပဲဖြစ်ဖြစ် ကျွန်တော်တို့မွေးစားပါမယ်။ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ဆက်သွယ်ဖို့တုံ့ဆိုင်းမနေပါနဲ့နော်”လို့ရေးသားခဲ့ပါတယ်။ ဒီပို့စ်ကို အခုနှစ်အစမှာတင်ခဲ့တာဖြစ်ပြီး “Like” ပေးတဲ့သူနဲ့ “Share” တဲ့သူအများအပြားရှိခဲ့ပါတယ်။

(၉) လကြာပြီးတဲ့နောက်မှာတော့ ဆာရက် မေရီက သူ့ရဲ့ဖေ့စ်ဘွတ်ခ်ပေ့ချ်မှာ “ဒီအမျိုးသမီးတွေကို ကူညီပေးဖို့အတွက် စိတ်ပါဝင်စားပေးခဲ့တဲ့သူတိုင်းကို ကျေးဇူးတင်ပါတယ်။ အဲဒီအချိန်တုန်းက ချက်ချင်းကြီး ဆက်သွယ်မလာခဲ့ပါဘူး။ အဲဒီနောက်တော့ ကျွန်မတို့ကို ဆက်သွယ်လာခဲ့တဲ့ မိခင်တွေရှိလာပြီး သူတို့တွေထဲက တော်တော်များများက ကလေးဖျက်ချဖို့ စဉ်းစားနေတဲ့၊ စီစဉ်နေကြတာပါ။ အခုတော့ မိခင်တော်တော်များများက သူတို့ရဲ့ကလေးတွေအတွက် မိဘတာဝန်ကို ထမ်းဆောင်ဖို့စဉ်းစားခဲ့ကြပြီး အခြားသူတွေကတော့ ကလေးဖျက်ချဖို့ ရွေးချယ်လိုက်ကြတာတွေရှိပါတယ်။

ကျွန်မတို့က မိခင်တစ်ယောက်ရဲ့တောင်းဆိုမှုကို ဂုဏ်ယူဝမ်းခြောက်စွာနဲ့ လက်ခံခဲ့ပြီး သူ့ရဲ့ကလေးကို မွေးစားခဲ့ပါတယ်။ ကျွန်မတို့တွေ ဒီလုပ်ငန်းစဉ်ကို လုပ်ဆောင်နေတုန်းပါပဲ။ ကလေးတွေရဲ့ဘဝကို ကယ်တင်ပေးတဲ့အတွက် မိခင်တွေဆီနေ ကျေးဇူးတင်ခံခဲ့ရပါတယ်။ အခုဆိုရင် (၇) လနီးပါးရှိနေပါပြီ” လို့ ထပ်မံရေးသားပေးခဲ့ပါတယ်။
သောမတ်စ်တို့မိသားစုက (၁)နှစ်အရွယ် သူတို့ရဲ့သားအရင်းနဲ့အတူ (၃) နှစ်အရွယ် မွေးစားသားတို့ကို ပြုစုပျိုးထောင်ပေးနေပါတယ်။ သူတို့ရဲ့မွေးစားသားလေးကို မီဒီယာတွေကိုလည်း မိတ်ဆက်ပေးထားပါတယ်။

Ref: Boredpanda ဓPro-Life Couple Goes Viral For Asking Women To Let Them Adopt Their Baby If They Are Considering Abortion And Succeeds

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top