တစ်နေ့ကို စွန်ပလွန်သီး သုံးခုစားပေးမည်ဆိုလျှင်

yyl-29-003.jpg

တစ်နေ့ကို စွန်ပလွန်သီး သုံးခုစားပေးမည်ဆိုလျှင် သင့်ကျန်းမာရေးအတွက် အောက်ပါကောင်းကျိုးများကို ရရှိစေမည် ဖြစ်သည်။

အူမကင်ဆာ ဖြစ်နိုင်ခြေ လျော့နည်းစေခြင်း

အစားအသောက် နှင့် အာဟာရ သုတေသန အဖွဲ့အစည်း၏ လေ့လာစမ်းသပ်မှုများအရ နေ့စဥ် စွန်ပလွန်သီး စားသုံးပေးသူများသည် အူမ အတွင်းရှိ ကောင်းမွန် အကျိုးပြုသော ဘတ်တီးရီးယားများကို ပွားများစေပြီး ကင်ဆာဖြစ်စေသော ဆဲလ်များကို ဟန့်တားပေးကြောင်း တွေ့ရှိ ရသည်။

ကိုယ်ခံစွမ်းအား မြင့်မားခြင်း


စွန်ပလွန်သီးတွင် သဘာဝ သကြားဓာတ်၊ ဂလူးကို့စ် နှင့် သစ်သီးရည် တို့ ပါဝင်သည် အတွက် ကိုယ်ခံစွမ်းအားကို သဘာဝအတိုင်း ရရှိစေပါသည်။ အခြားသော စွမ်းအားဖြည့် ဖျော်ရည်များ နှင့် မတူ စွန်ပလွန်သီးတွင် အမျှင်ဓာတ်၊ ပိုတက်ဆီယံ ဒြပ်စင်၊ မဂ္ဂနီဆီယမ် ဒြပ်စင် နှင့် ဗီတာမင်များစွာ တို့ ပါဝင်သောကြောင့် ကိုယ်ခံစွမ်းအားကို လျှင်မြန်စွာ ကြာရှည်စွာ ကောင်းမွန်စေပါသည်။

အစာခြေဖျက်နှုန်းကောင်းမွန်စေခြင်း

ပုံမှန်အစာခြေဖျက် အားကောင်းလိုသူများအတွက် စွန်ပလွန်သီးကို ပုံမှန်စားပေးရန် အထူးသင့်တော်လှသည်။ စွန်ပလွန်သီး တစ်ခွက်စာ စားမည်ဆိုလျှင် ဖိုက်ဘာဓာတ် ၁၂ ဂရမ်လောက် ရရှိမည် ဖြစ်သည်။ တစ်နေ့ကို လိုအပ်သော ဖိုက်ဘာဓာတ် ပုံမှန် စားပေးလျှင် ဝမ်းချုပ် မအီမသာ ဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်သည်။

မေ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top