သမုဒ္ဒရာထဲက ပလတ်စတစ်အမှိုက် ရှင်းပေးတဲ့ တံငါသည်တွေကို အင်ဒိုနီးရှားအစိုးရ တစ်နေ့ ၁၀ ဒေါ်လာ ပေးမယ်

12-10-2022-yyl-26.jpg

အင်ဒိုနီးရှားနိုင်ငံမှာ သမုဒ္ဒရာထဲကနေ ပလတ်စတစ်အမှိုက်တွေ ဖယ်ရှားရှင်းလင်းပေးတဲ့ တံငါသည်တွေကို လုပ်အားခပေးနေပါပြီ။ ပလတ်စတစ်အမှိုက် ရှင်းလင်းပေးတဲ့ တံငါသည်တွေကို လုပ်အားခပေးဖို့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၇၀၀၀၀ (သို့) ရူပီး ၁ ဘီလျံ လျာထားတယ်လို့ အင်ဒိုနီးရှားနိုင်ငံ ငါးလုပ်ငန်း ဝန်ကြီးဌာနက အောက်တိုဘာလ ၄ ရက်မှာ ကြေညာခဲ့တာပါ။

အင်ဒိုနီးရှားနိုင်ငံဟာ သမုဒ္ဒရာထဲကို ပလတ်စတစ်စွန့်ပစ်ပစ္စည်း အများဆုံး ရောက်ရှိစေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး အဲဒီနာမည်ဆိုးကို ဖယ်ရှားဖို့အတွက် လာမယ့် ၃ နှစ်အတွင်း အမေရိကန်ဒေါ်လာ ၁ ဘီလျံ သုံးစွဲသွားမှာပါ။ သူတို့ရဲ့ကမ်းခြေတွေကနေ သမုဒ္ဒရာတွေထံ ပလတ်စတစ်အမှိုက် မျောပါမှုကို ၇၀ ရာခိုင်နှုန်းအထိ လျှော့ချသွားမယ်လို့ ဆိုပါတယ်။

ကျွန်းမကြီးရဲ့ ကမ်းလွန်ဘက်မှာ တစ်နေ့ကို ပလတ်စတစ်အမှိုက် ၄ ကီလိုဂရမ်အထိ ဖယ်ရှားရှင်းလင်းပေးနိုင်တဲ့ တံငါသည်တွေကို အင်ဒိုနီးရှားအစိုးရက တစ်နေ့ လုပ်အားခ ဒေါ်လာ ၁၀ ပေးအပ်သွားမှာပါ။ အဲဒီငွေပမာဏဟာ တံငါသည်တစ်ယောက် ငါးဖမ်းပြီး ဈေးထဲမှာ သွားရောင်းလို့ရတဲ့ ဝင်ငွေထက် အနည်းငယ်ပိုများပါတယ်။

” ကြိုတင်ကာကွယ်မှုက အရေးအကြီးဆုံးပါပဲ။ ကြိုတင်ကာကွယ်မှုကို ထိထိရောက်ရောက်လုပ်နိုင်ရင် သမုဒ္ဒရာထဲမှာ စွန့်ပစ်အမှိုက်တွေ ရှိတော့မှာ မဟုတ်ပါဘူး။ သမုဒ္ဒရာထဲကို အမှိုက်တွေ ရောက်သွားတာနဲ့ ထိခိုက်ပျက်စီးတော့တာပါပဲ”လို့ အင်ဒိုနီးရှားနိုင်ငံ ငါးလုပ်ငန်းဝန်ကြီး ဆာတီဝါယုထရင်ဂိုနိုက ဆိုပါတယ်။

Ref:Fishermen Getting Paid to Collect Plastic Trash at Sea, As Indonesia Slashes Pollution

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top