ကယ်စီယမ်ဓာတ်ချို့တဲ့ခြင်းနဲ့ ကျန်းမာရေးပြဿနာများ

13-5-2020-yyl-001.jpg

ကယ်စီယမ်ဓာတ်ချို့တဲ့ခြင်းက သွေးအတွင်းကယ်စီယမ်ပမာဏနည်းသွားတဲ့အခါ ဖြစ်လာရပါတယ်။ ကယ်စီယမ်ဓာတ်ချို့တဲ့ခြင်းက အန္တရာယ်မများပေမဲ့ ရေရှည်ဖြစ်နေမယ်ဆိုရင် သွားပျက်စီးတာ၊ မျက်စိအတွင်းတိမ်တာ၊ ဦးနှောက်အပြောင်းအလဲဖြစ်တာ၊ အရိုးပွရောဂါနဲ့ အခြားပြင်းထန်တဲ့ကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်ပါတယ်။

ဒီအခြေအနေကို အချိန်အကြာကြီးမကုသဘဲထားရင် အသက်အန္တရာယ်ခြိမ်းခြောက်တာတွေဖြစ်လာနိုင်ပါတယ်။ ကယ်စီယမ်ချို့တဲ့ခြင်းက လက္ခဏာရပ်စောစောစီးစီးမပြပါဘူး။ ဒါကြောင့် အစကတည်းက သတိမပြုမိကြပါဘူး။ ကယ်စီယမ်ချို့တဲ့ခြင်းရဲ့အဖြစ်များတဲ့လက္ခဏာရပ်တွေတော့ရှိပါတယ်။ ဒါတွေကတော့

– ကြွက်သားနာကျင်ခြင်း၊ ကြွက်တက်ခြင်း
– ခြေ၊လက်နဲ့ ပါးစပ်တစ်ဝိုက်ထုံကျင်ခြင်း၊ တုန်ယင်ခြင်း
– အလွန်အမင်းပင်ပန်းနွမ်းလျခြင်း၊ လေးလံထိုင်းမှိုင်းခြင်းနဲ့ အားအင်ကုန်ခမ်းခြင်း

အရိုးပွရောဂါ

ကယ်စီယမ်ဓာတ်ချို့တဲ့သွားတဲ့အခါ အရိုးသိမ်သည်းမှုတွေမရှိတော့ဘဲ အရိုးပွရောဂါဖြစ်လာစေနိုင်ပါတယ်။ အရိုးပွရောဂါက အရိုးတွေကို ပါးလာစေပြီး ပိုပြီးအထိခိုက်မခံနိုင်တော့ဘဲဖြစ်စေပါတယ်။ အရိုးတွေနာကျင်လာတာ၊ မသန်စွမ်းတာတွေဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့အရိုးတွေက ကယ်စီယမ်ဓာတ်တွေကို သိုလှောင်ပြီး အရိုးတွေကြံ့ခိုင်ဖို့အတွက် ကယ်စီယမ်ဓာတ်မြင့်မားဖို့လိုအပ်ပါတယ်။ ကယ်စီယမ်ဓာတ်ပမာဏနည်းသွားတဲ့အခါ ခန္ဓာကိုယ်က အရိုးကနေ ကယ်စီယမ်ဓာတ်တွေကို ယူပြီး ထိခိုက်နာကျင်မှုတွေဖြစ်လာနိုင်ခြေရှိပါတယ်။

အူမကြီးကင်ဆာဖြစ်နိုင်ခြေများလာခြင်း

ခန္ဓာကိုယ်မှာ ကယ်စီယမ်ဓာတ်နည်းတာက အူမကြီးကင်ဆာဖြစ်နိုင်ခြေများတယ်လို့ သုတေသနပညာရှင်တွေက ဆိုပါတယ်။ ခန္ဓာကိုယ်မှာကယ်စီယမ်ဓာတ် လုံလုံလောက်လောက်ရှိတဲ့လူတွေက အူမကြီးကင်ဆာနဲ့ ဆက်စပ်တဲ့အကြိတ်ကို လျော့ချပေးနိုင်ခြေရှိတယ်လို့ လေ့လာချက်က ဆိုပါတယ်။ ကယ်စီယမ်ဓာတ်ချို့တဲ့ခြင်းကြောင့်ဖြစ်လာတဲ့ အကြိတ်က ကင်ဆာအဖြစ်ကြီးထွားပြောင်းလဲလာပါတယ်။

နှလုံးရောဂါဖြစ်နိုင်ခြေများခြင်း

ခန္ဓာကိုယ်မှာ ကယ်စီယမ်ဓာတ်ပမာဏမလုံလောက်ခြင်းက နှလုံးရောဂါဖြစ်လာနိုင်ခြေများပါတယ်။ ခန္ဓာကိုယ်မှာ ကယ်စီယမ်ဓာတ် သင့်တင့်တဲ့ပမာဏရှိရင် နှလုံးရောဂါဖြစ်နိုင်ခြေလျော့နည်းတယ်လို့ လေ့လာချက်ကဆိုပါတယ်။ ဒါကြောင့် နှလုံးကျန်းမာဖို့အတွက်လည်း ကယ်စီယမ်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေကို စားဖို့မမေ့ပါနဲ့။

သွေးတိုးလာနိုင်ခြေရှိခြင်း

ကယ်စီယမ်ဓာတ်ချို့တဲ့ခြင်းက သွေးဖိအားများလာနိုင်ပါတယ်။ သွေးဖိအားများလာရင် အခြားကျန်းမာရေးပြဿနာတွေကို လက်ယက်ခေါ်နေသလိုပါပဲ။ ဒါကြောင့် သွေးဖိအားကို တိုင်းတာစစ်ဆေးပေးတာ အကောင်းဆုံးပါပဲ။ ကယ်စီယမ်ဓာတ်ပမာဏ လုံလုံလောက်လောက်စားသုံးပေးတာက လည်း သွေးဖိအားများတာ၊ သွေးတိုးရောဂါဖြစ်တာတွေကို လျော့ချပေးတဲ့နေရာမှာ အကူအညီဖြစ်ပါတယ်။

အရွယ်မတိုင်ခင် သွေးဆုံးနိုင်ခြေများခြင်း

အမျိုးသမီးတွေက သွေးဆုံးတဲ့အသက်အရွယ်ရောက်မှ သွေးဆုံးတယ်ဆိုတာကို သိကြမှာပါ။ ကယ်စီယမ်ဓာတ်ချို့တဲ့မယ်ဆိုရင် အရွယ်မတိုင်ခင် စောစောစီးစီး သွေးဆုံးနိုင်ခြေပိုများပါတယ်။ သွေးဆုံးကိုင်ချိန်အတွင်းမှာ အရိုးတွေ အားနည်းလာပြီး အရိုးတွေသန်မာလာအောင် ကယ်စီယမ်ဓာတ်လုံလုံလောက်လောက်လိုအပ်ပါတယ်။ အဲဒီလိုဖြစ်ရင် အမျိုးသမီးတွေက ခန္ဓာကိုယ်အတွင်း ကယ်စီယမ်ပမာဏကို ထိန်းညှိဖို့အတွက် အစားအသောက်ကို အထူးဂရုစိုက်ရပါတယ်။

ကယ်စီယမ်ဓာတ်ကြွယ်ဝတဲ့အစားအစာများ

ကယ်စီယမ်ဓာတ်ကြွယ်ဝတဲ့တချို့အစားအစာတွေက ဒိန်ချဉ်၊ နွားနို့၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်၊ ငှက်ပျောသီးတို့ဖြစ်ပါတယ်။ လိမ္မော်သီး၊ ပဲနို့၊ အစေ့အဆံတွေကလည်း ကယ်စီယမ်ဓာတ်ပါဝင်ပါတယ်။ တစ်နေ့တာစားသုံးတဲ့အခါ အဲဒီအစားအစာတွေကို အလှည့်ကျစားသုံးပေးသင့်ပါတယ်။

Ref: Calcium deficiency is bad for you and can lead to these health issues

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top