Tiktok Challenge လုပ်ပြခဲ့တဲ့ (၈၂) နှစ်အရွယ် မင်းသားကြီး အန်သိုနီ ဟော့ပ်ကင်

12-5-2020-yyl-024.jpg

အခုနောက်ပိုင်းမှာ TikTok တွေခေတ်စားလာနေပြီး တစ်ကမ္ဘာလုံးက ဆယ်လီတွေရော သာမန်လူတွေကပါ TikTok ကစားလာကြပါပြီ။ COVID-19 ကြောင့် Stay Home နေချိန်မှာ TikTok ကစားပြီး သူတို့ရဲ့အချိန်တွေကို ကျော်ဖြတ်ဖို့ ကြိုးစားနေကြပါတယ်။ TikTok အသုံးပြုသူအရေအတွက်ကလည်း မတ်လမှာ ပိုများလာခဲ့ပါတယ်။ TikTokက အသုံးပြုအချင်းချင်းကို Challenge ခေါ်လို့ရသလို ပုံစံအမျိုးမျိုးနဲ့ကစားလို့ရပါတယ်။ အခုလိုအချိန်အခါမျိုးမှာ TikTok က လူတွေကို စိတ်အပန်းပြေစေတဲ့အပြင် Challenge လုပ်ရတာကို ကြိုက်တဲ့သူတွေအတွက်လည်း ပါဝင်ဆင်နွှဲလို့ရပါတယ်။

နာမည်ကြီးဆယ်လီတွေလည်း TikTok Chanllengeတွေမှာ ပါဝင်လာကြပါပြီ။ အခုလည်း The Silence of the Lambsဇာတ်ကားနဲ့ လူသိများတဲ့ အသက် (၈၂) နှစ်အရွယ်မင်းသားကြီး အန်သိုနီ ဟော့ပ်ကင်း (Anthony Hopkins) က TikTok အသုံးပြုနေပြီး မကြာသေးခင်ကမှ နာမည်ကြီးနေတဲ့ “Tootsie Slide” Dance Challenge မှာ ပါဝင်ခဲ့ပါတယ်။ အန်သိုနီက သူ့ရဲ့အကစွမ်းရည်ကို ပြသခဲ့ပြီး အသက် (၈၂) နှစ်အရွယ်ရှိနေပြီဖြစ်ပေမဲ့လည်း လူငယ်တွေနဲ့အပြိုင် ကနိုင်တာကိုလည်း တွေ့ရပါတယ်။

အန်သိုနီက “Tootise Slide” ကပြပြီးတဲ့နောက်မှာ အာနိုးရှဝါဇနက်ဂါ နဲ့ ဆီဗက်စတာ စတားလုံးတို့ကိုလည်း ဒီ Chanllenge မှာပါဝင်ဖို့ ဖိတ်ခေါ်ထားပါတယ်။ အက်ရှင်မင်းသားကြီး (၂) ယောက်ရဲ့အကစွမ်းရည်ကိုလည်း TikTok အသုံးပြုသူတွေမြင်တွေ့ခွင့်ရဖို့ အန်သိုနီက စိန်ခေါ်လိုက်တာဖြစ်နိုင်ပါတယ်။ ပရိသတ်တွေကတော့ သူတို့ (၂) ယောက်ရဲ့ အကစွမ်းရည်ကို မြင်တွေ့ခွင့်ရမလားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

COVID-19 ကပ်ရောဂါအတွင်း TikTok နဲ့ အကဟာ သူ့အတွက် လုံခြုံမှုပေးနိုင်ဖို့ကြိုးစားနေတဲ့ နည်းလမ်းတွေက တစ်ခုဖြစ်ပါတယ်။ မတ်လက Quarantine စတင်လုပ်ဆောင်ကတည်းက အန်သိုနီက သူ့ရဲ့အမိုက်စားပန်းချီစွမ်းရည်နဲ့ စန္ဒရားစွမ်းရည်တို့ကိုလည်း ပြသခဲ့ပြီးပါပြီ။ မင်းသားကြီး အန်သိုနီ ဟော့ပ်ကင်းက နာမည်ကြီးမင်းသား၊ ဒါရိုက်တာဖြစ်ပြီး အော်စကာဆုအပါအဝင် ဆုများစွာရရှိထားသူဖြစ်ပါတယ်။

ဗီဒီယို – https://tinyurl.com/ybguynfx

Ref: 82-Year-Old Anthony Hopkins Nails ‘Tootsie Slide’ Tiktok Challenge

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top