ကယ်လီဖိုးနီးယားပြည်နယ်သမိုင်းမှာ အသက်အငယ်ဆုံးရှေ့နေဖြစ်လာတဲ့ ကိုရီးယား-အမေရိကန်နွယ်ဖွား ၁၇ နှစ်သား

12.12.23-yyl-3.jpg

ကိုရီးယား – အမေရိကန်နွယ်ဖွား ၁၇ နှစ်သား ပီတာပါ့ခ်ဟာ အောင်ဖို့ အလွန်ခက်ခဲတဲ့ ကယ်လီဖိုးနီးယားပြည်နယ် ရှေ့နေစာမေးပွဲကို တစ်ကြိမ်တည်းနဲ့ အောင်မြင်ခဲ့ပြီး ကယ်လီဖိုးနီးယားပြည်နယ်သမိုင်းမှာ အသက်အငယ်ဆုံး ရှေ့နေ ဖြစ်လာခဲ့ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် ရှေ့နေစာမေးပွဲဟာ အမေရိကန်နိုင်ငံမှာ အခက်ခဲဆုံး ရှေ့နေစာမေးပွဲဖြစ်ပြီး ဖြေဆိုသူတစ်ဝက်လောက် မအောင်ကြပါဘူး။ ပီတာပါ့ခ်ကတော့ တူလဲကောင်တီခရိုင်ရှေ့နေရုံးမှာ စာရေးအဖြစ် အလုပ်လုပ်နေရင်း ရှေ့နေစာမေးပွဲ အောင်မြင်ခဲ့တာပါ။

ပီတာပါ့ခ်ဟာ အသက် ၁၃ နှစ်သားအရွယ်ကတည်းက ကယ်လီဖိုးနီးယားပြည်နယ်၊ ဆိုက်ပရက်စ်မြို့၊ အောက်စဖို့ဒ်အကယ်ဒမီမှာ အထက်တန်းတက်ခဲ့ပါတယ်။ တပြိုင်တည်းမှာပဲ နော့ဝက်စတန်းကယ်လီဖိုးနီးယားတက္ကသိုလ် ဥပဒေကျောင်းမှာ ၄ နှစ်သင်တန်း တက်ခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ အထက်တန်းအောင်၊ ၂၀၂၃ ခုနှစ်မှာ ဥပဒေကျောင်းကနေ ဘွဲ့ရခဲ့တာပါ။

” လူ့အဖွဲ့အစည်းထဲမှာ လွတ်လပ်မှု၊ သာတူညီမျှရှိမှု၊ တရားမျှတမှုတွေကို မြှင့်တင်ရမယ်ဆိုတဲ့ စိတ်ဆန္ဒကိန်းအောင်းနေတော့ ကျွန်တော် အစိုးရရှေ့နေတစ်ယောက် ဖြစ်ချင်ပါတယ်။ အစိုးရရှေ့နေတွေက လူ့ဘောင်ကို ဘေးကင်းလုံခြုံစေပြီး နစ်နာသူတွေအတွက် တရားမျှတမှု ဆောင်ကျဉ်းပေးနိုင်စွမ်းရှိတာကို ကျွန်တော် နှစ်သက်မြတ်နိုးပါတယ်” လို့ ပီတာပါ့ခ်က ဆိုပါတယ်။

Ref:California Teen Passes the Bar Exam at 17 – Now He’s a Practicing Attorney

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top