လွန်ခဲ့တဲ့ (၁၀) နီးပါးက သားသမီးတွေအတွက် ဖခင်တစ်ဦး မသေခင်ချန်ထားရစ်ခဲ့တဲ့ စာတစ်စောင်

17-8-2022-yyl-03.jpg

အေမီ ခလူကီး နဲ့ သူ့အဖေ

ဘယ်မိဘမဆို သားသမီးတွေကို သူတို့ရဲ့ပညာအမွေ၊ ဝါသနာတွေကို လက်ဆင့်ကမ်းယူစေချင်ကြတာပါ။ အခုလည်း သူ့ရဲ့ဝါသနာကို လက်ဆင့်ကမ်းယူစေချင်တဲ့ ဖခင်တစ်ဦးက သူ မသေဆုံးခင် သူ့သားသမီးအတွက် စာတစ်စောင်ရေးပြီး ချန်ထားခဲ့ပါတယ်။ သူ့ရဲ့စာကို သူ့သား၊သမီးတွေထဲက တစ်ယောက်ယောက် ရှာတွေ့သွားဖို့ မျှော်လင့်ထားခဲ့တာပါ။ (၁၀) နှစ်နီးပါးအကြာမှာ အဲဒီစာကို တွေ့ခဲ့တဲ့သူက သမီးဖြစ်သူ အေမီ ခလူကီးဆိုသူပါပဲ။

အေမီက သူ့အဖေ ပိုင်ဆိုင်တဲ့ပစ္စည်းတွေကို ရှာရင်း ပျားမွေးမြူရေးပစ္စည်းတွေထဲမှာ ဒီစာကို ရှာတွေ့ခဲ့တာပါ။ စာလေးက ၂၀၁၂ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ ရက်စွဲနဲ့ပါ။ Hardware ကုမ္ပဏီတစ်ခုရဲ့တံဆိပ်ကပ်ထားတဲ့ စာရွက်ပေါ်မှာ ခဲတံနဲ့ ရေးထားတဲ့စာတိုလေးတစ်စောင်ပါပဲ။

လွန်ခဲ့တဲ့ (၁၀) နီးပါးက သားသမီးတွေအတွက် ဖခင်တစ်ဦး မသေခင်ချန်ထားရစ်ခဲ့တဲ့ စာတစ်စောင်

စာလေးကတော့ “ဒီစာကို ပျားမွေးမြူရေးကို စူးစမ်းချင်မယ့် ကျွန်တော့်ရဲ့ကလေးတစ်ယောက်ယောက် တွေ့ဖို့ မျှော်လင့်ပါတယ်။ ပျားမွေးမြူရေးက တကယ်တော့ အတော်လေးလွယ်ပြီး သိချင်တဲ့အရာအားလုံးကို အွန်လိုင်းမှာ လေ့လာလို့ရပါတယ်။ ပျားဆိုတာ ပျားရည်တင်မကဘဲ တခြားထုတ်ကုန်ပစ္စည်းတွေလည်း ရရှိစေနိုင်ပါတယ်။ ဝါသနာပါရင် အပိုဝင်ငွေရနိုင်တာမို့ သတ္တိရှိဖို့ မကြောက်ပါနဲ့။ ကံကောင်းပါစေ..ချစ်တဲ့ ဖေဖေ”

ပျားမွေးမြူရေးကို ဝါသနာကြီးတဲ့ ဖခင်ဖြစ်သူက သူ့သားသမီးတွေကို ပျားမွေးမြူရေးလုပ်ဖို့ တိုက်တွန်းထားတဲ့ စာလို့လည်း ပြောလို့ရပါတယ်။ သူ အဆုတ်ကင်ဆာရောဂါဖြစ်ပြီး အချိန်သိပ်မကျန်တော့ဘူးဆိုတာကို ဆရာဝန်တွေဆီကနေ သိလိုက်ရတဲ့အချိန်လောက်မှာ ဒီစာကို ရေးခဲ့တာပါ။

အေမီက မြို့ပေါ်မှာ နေထိုင်တဲ့အတွက် ကိုယ်တိုင် ပျားမွေးမြူဖို့ မဖြစ်နိုင်ပေမဲ့ သူ့ရဲ့မွေးချင်းနှစ်ဦးက သူ့အဖေရဲ့အမွေကို ဆက်ခံဖို့ ကြိုးစားနေပါတယ်။

Ref: Ladbible & The Mirror “Woman finds heartwarming note nine years after dad’s death he left for children to find one day”

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top