ဂျပန်နိုင်ငံရဲ့ချစ်စရာအကောင်းဆုံးအထက်တန်းကောင်မလေးအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ကျောင်းသူလေး

13.12.23-yyl-12.jpg

မကြာသေးခင်က ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ Miss Cutest High School Girl ပြိုင်ပွဲကို ကျင်းပသွားခဲ့ပါတယ်။ နောက်ဆုံးဖိုင်နယ်မှာ ဟော့ကိုင်းဒိုးက ပထမနှစ်အထက်တန်းကျောင်းသူလေး အသက် ၁၆ နှစ်အရွယ် ရီဆာ ယုနဲဇာဝါက လူထောင်ချီကို ကျော်ဖြတ်ပြီး သရဖူဆောင်းသွားခဲ့တာပါ။

အဲ့ဒီလိုပြိုင်ပွဲမှာ ပါဝင်ဖြစ်တာ ရီဆာအတွက် ပထမဆုံးအကြိမ်ပါပဲ။ အိမ်ကမသိအောင် အဲဒီပြိုင်ပွဲမှာ‌ လျှောက်ထားခဲ့တာပါ။ သူ့အမေက ဒီကိစ္စကို သိသွားတဲ့အချိန်မှာ ဒေါသထွက်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့အမေကို နားချနိုင်ခဲ့ပြီး သူ့အမေရဲ့အကူအညီနဲ့ ဒီပြိုင်ပွဲမှာ နိုင်မယ်လို့ ရီဆာ ယုံကြည်ထားခဲ့တာပါ။ ရီဆာက ရုပ်ရှင်ကြည့်ရတာ၊ ကရတာကြိုက်နှစ်သက်ပြီး သူ့အနှစ်သက်ဆုံးအစားအစာက ဆုခီယာခီပါ။

အခုနှစ်မှာတော့ Miss Cutest High School Girl ပြိုင်ပွဲဝင်ပြိုင်ဖို့ လျှောက်ထားခဲ့သူ ၄ သောင်းကျော်ရှိခဲ့ပါတယ်။ ဒီပြိုင်ပွဲကို အသက် ၁၆ နှစ်နဲ့ အသက် ၁၈ နှစ်ကြား ဂျပန်အထက်တန်းကျောင်းသူတွေ ဝင်ရောက်ယှဉ်ပြိုင်လို့ရပါတယ်။

Ref: 16-Year-Old Hokkaido Student Crowned Japan’s Cutest High School Girl

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top