အနုပညာလောကကနေ ဘာလို့ အနားယူခဲ့ရလဲဆိုတာကို ထုတ်ပြောပြခဲ့တဲ့ ကင်မရွန်းဒီယာ့ဇ်

7-8-2020-yyl-030.jpg

၂၀၀ဝပြည့်နှစ်က ထွက်ရှိခဲ့တဲ့ မင်းသမီး (၃) ဦး အဓိက ပါဝင်ထားတဲ့ Charlie’s Angels ဇာတ်ကားကို စာဖတ်ပရိသတ်တွေ ကြည့်ဖူးကြမယ်ထင်ပါတယ်။ အဲဒီဇာတ်ကားထဲက မင်းသမီး ကင်မရွန်းဒီယာ့ဇ် (Cameron Diaz) ကိုလည်း မှတ်မိကြတယ်မလား။ မင်းသမီး ကင်မရွန်းဒီယာ့ဇ်ဟာ မင်းသမီးအဖြစ် သရုပ်ဆောင်လောကကနေ နှုတ်ထွက်သွားခဲ့တာ (၆) နှစ်ရှိသွားခဲပါပြီ။ စာဖတ်ပရိသတ်တွေလည်း မင်းသမီးကင်မရွန်း သရုပ်ဆောင်လောကကနေ ဘာလို့နှုတ်ထွက်လိုက်ရတာလဲဆိုတာ သိချင်ကြမှာပါ။ အခုတော့ ကင်မရွန်းက သူ သရုပ်ဆောင်လောကကနေ ဘာလို့နှုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာလဲဆိုတာကို ထုတ်ပြောပြလိုက်ပါပြီ။

သြဂုတ်လ (၅) ရက်နေ့က ဂွမ်းနက်သ် ပက်ထရိုးလ် (Gwyneth Paltrow) နဲ့အတူ “In Goop Health: The Session” စကားဝိုင်းမှာ ကင်မရွန်းက သူ့အသက် (၄၀) ရောက်တဲ့အချိန်မှာ သရုပ်ဆောင်လောကကနေ နှုတ်ထွက်ဖို့လိုပြီဆိုတာကို နားလည်လာခဲ့တယ်လို့ ထုတ်ပြောခဲ့ပါတယ်။ “ကျွန်မ ရပ်တန့်ပြီး ကျွန်မရဲ့ဘဝကို ပြန်ကြည့်ခဲ့တယ်။ သင်က ရုပ်ရှင်ကားတစ်ကား ရိုက်နေတဲ့အခါ သူတို့က သင့်ကို ပိုင်တယ်။

တစ်လလုံး တစ်နေ့ကို (၁၂) နာရီလောက် အဲဒီမှာ သင်ရှိနေရတယ်။ အခြားအရာတွေအတွက် သင့်မှာ အချိန်မရှိခဲ့ဘူး။ အဲဒီလိုပဲ အခြားသူတွေအတွက် ကျွန်မရဲ့ဘဝတစ်စိတ်တစ်ပိုင်းကို ပေးထားရတယ်ဆိုတာ ကျွန်မနားလည်ခဲ့တယ်။ ကျွန်မ အဲဒါကို ပြန်ယူပြီး ကျွန်မရဲ့ကိုယ်ပိုင်ဘဝအတွက် တာဝန်ယူခဲ့တယ်။ ကျွန်မ အချိန်အကြာကြီး အလုပ်ကြိုးစားခဲ့တယ်။ ရုပ်ရှင်တွေရိုက်ခဲ့တယ်။ ကျွန်မရဲ့ကိုယ်ပိုင်ဘဝအတွက် နေရာမပေးခဲ့ရဘူး”လို့ ကင်မရွန်းက ပြောပါတယ်။

ဘဝကို ပြောင်းလဲလိုက်တာက ကောင်းတာတွေဖြစ်လာခဲ့တယ်ဆိုတဲ့ ကင်မရွန်းက ကျွန်မ ရုပ်ရှင်လောကကနေ ထွက်သွားလိုက်တာက ကျွန်မ့ကို အေးချမ်းသာယာစေခဲ့တယ်လို့လည်း ဝန်ခံခဲ့ပါသေးတယ်။ ” နောက်ဆုံးတော့ ကျွန်မကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပေးနိုင်ခဲ့တဲ့အတွက် ကျွန်မ့စိတ်ထဲမှာ အေးချမ်းသွားခဲ့ပါတယ်”လို့ ဆိုပါတယ်။ အနုပညာအလုပ်မလုပ်တော့တဲ့ ဒီရက်တွေမှာ သူ့သမီးလေး Raddix Chloe Wildflowerကို အချိန်ပေးဖြစ်နေပါတယ်။

ကင်မရွန်းက မင်းသမီးဂွမ်းနက်သ် ပက်ထရိုးလ် (Gwyneth Paltrow) သာ သူ့ကိုမတိုက်တွန်းခဲ့ရင် မိခင်တစ်ယောက်ဖြစ်လာမှာမဟုတ်ဘူးလို့လည်း ပြောပါတယ်။ သူက အရင်က ကလေးမယူဘူးလို့ ပြောခဲ့ဖူးပြီး ဂွမ်းနက်သ်က သူ့ကို ကလေးယူဖို့ စဉ်းစားပါလို့ တိုက်တွန်းခဲ့တယ်လို့ ကင်မရွန်းက စကားဝိုင်းမှာ ပြန်ပြောပြခဲ့ပါတယ်။
မင်းသမီးကင်မရွန်းက Charlie’s Angels နဲ့ The Mask ဇာတ်ကားအပါအဝင် နာမည်ကြီးဇာတ်ကား တော်တော်များမှာ ပါဝင်ခဲ့ပါတယ်။ သူက “Annie” ဇာတ်ကားမှာ နောက်ဆုံးပါဝင်သရုပ်ဆောင်ခဲ့ပြီး ၂၀၁၄ခုနှစ်မှာ သရုပ်ဆောင်လောကကနေ အနားယူခဲ့ပါတယ်။ ကင်မရွန်းက သူ့ခင်ပွန်းအဆိုတော် ဘန်ဂျီမက်ဒန် (Benji Madden) နဲ့ ၂၀၁၅ခုနှစ် ဇန်နဝါရီမှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။

Ref: ABCNews “Cameron Diaz on why she retired from acting, who encouraged her to become a mother”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top