အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့ ဂျနီဖာလိုပက်ဇ် (Jennifer Lopez) ရဲ့ မွေးနေ့

37826216_283997072357040_5848581894676938752_n.jpg

ဂျနီဖာလိုပက်ဇ် ရဲ့ အသက် ၄၉ နှစ်ပြည့်မွေးနေ့ကို ပြီးခဲ့တဲ့အင်္ဂါနေ့က ဘဟားမားစ်(Bahamas) ကျွန်းစုမှာ ကျင်းပခဲ့တာပါ။ ဒီမွေးနေ့ပါတီပွဲမှာ ပရိသတ်တွေ နှစ်ခြိုက်ခဲ့ရတဲ့ ဧကရီဆန်လှတဲ့ ညှို့အားပြင်း အရွယ်တင်နုပျိုမှု၊ ကျန်းမာသန်စွမ်းတောင့်တင်းမှုတွေနဲ့ စွဲမက်ဖွယ်ဖြစ်နေဆဲ ကိုယ်လုံးကိုယ်ပေါက်နဲ့ သူ့ရဲ့ကျက်သရေရှိလှတဲ့ အလှအပဗတွကို မျက်ဝါးထင်ထင် မြင်တွေ့ခွင့်ရခဲ့ပါတယ်။

သူဟာ မွေးနေ့မှာ အမိုက်စားကိုယ်လုံးကို လှစ်ဟပြနေတဲ့ အပေါ်အောက် အနက်ဝတ်စုံ ဘီကီနီကို ဝတ်ဆင်ထားပြီး ပုရိသတွေအတွက် ကျော့ရှင်းထူးကဲနေဆဲ ကျက်သရေရှိရှိ အလှအပနဲ့ စွဲမက်ဖွယ်ကောင်းနေခဲ့တာဖြစ်ပါတယ်။

မွေးနေ့ပါတီကိုလည်း သူ့ရဲ့ချစ်သူ အဲလက်စ်ရိုဒရီဂွက်ဇ် (Alex Rodriguez) နဲ့ အတူတကွ ဆင်နွှဲပျော်မြူးနေခဲ့သလို မိသားစု၊ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့အတူ ရှန်ပိန်ပုလင်းတွေကို ဖောက်ခဲ့ပါတယ်။

အဲလက်စ်ဟာ ဂျေလိုအတွက် မွေးနေ့ပါတီပွဲကို ဂျေလိုရဲ့ ထူးခြားအလှပုံတွေနဲ့ အသေအချာပြင်ဆင်ပေးခဲ့သလို အခုလို မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။

” ငါတို့ရဲ့ကလေးတွေ၊ ငါတို့ရဲ့မိသားစု၊ ပရိသတ်တွေနဲ့ ကမ္ဘာကြီးအတွက် ကိုယ့်ရှိသမျှ အရာရာ အစွမ်းကုန်ပေးဆပ်နေတဲ့ ငါ့ရဲ့လက်တွဲဖော်ကို အရမ်းချစ်တာပဲ။ မင်းအတွက် ထိုက်တန်လှတဲ့ ပျော်ရွှင်စရာတွေနဲ့ ပြည့်နှက်အောင် ဒီနေ့မွေးနေ့ကို ငါဖန်တီးပေးပါ့မယ် ” လို့ မြတ်မြတ်နိုးနိုး ဆုတောင်ပေးခဲ့တာပါ။

ဂျေလို အတွက် ကင်မ်ကာဒစ်ရှန် (Kim Kardashian) ကလည်း “ပျော်ရွှင်ပါစေ မွေးနေ့ရှင် ဧကရီမလေးရေ” လို့ မွေးနေ့ဆုတောင်းပေးခဲ့ပါသေးတယ်။

ဂျေလိုရဲ့ နောက်ဆုံးထွက်ရှိလာမယ့် “Second Act” ရုပ်ရှင်ကားကို နိုဝင်ဘာ ၂၁ ရက်နေ့မှာ ပရိသတ်တွေ ခံစားခွင့်ရတော့မှာလည်းဖြစ်ပါတယ်။

Ref: dailymail “Jennifer Lopez drops jaws in a bikini as she celebrates 49th birthday with Alex Rodriguez in Bahamas”

AI(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top