ရေက ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်လား

18-5-2020-yyl-036.jpg

ကမ္ဘာတစ်ဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက် များလာတဲ့အတွက် ကိုယ့်ကိုယ်ကို ဂရုစိုက်ပေးဖို့ အရေးကြီးလာပါတယ်။ လူတွေနဲ့ ခပ်ခွာခွာနေတာတဲ့အလေ့အကျင့်ရှိတာ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးထိန်းသိမ်းတာ၊ တတ်နိုင်သလောက် အိမ်မှာနေတာက သေစေနိုင်တဲ့ဗိုင်းရပ်စ်ကနေ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်တဲ့နည်းလမ်းတွေပါပဲ။ သင် လုပ်နိုင်တဲ့ နောာက်ထပ်အကောင်းဆုံးအရာက ကျန်းမာရေးနဲ့ညီညွှတ်တဲ့၊ အာဟာရဓာတ်ပြည့်ဝတဲ့အစားအစာတွေကို စားဖို့ပါပဲ။ ဒါမှ ဗိုင်းရပ်စ်ဝင်မလာအောင် သင့်ခန္ဓာကိုယ်က တွန်းလှန်နိုင်မှာဖြစ်ပါတယ်။ များစွာသောအစားအစာနဲ့သောက်စရာတွေက သင့်ရဲ့ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးဖို့နဲ့ ဗိုင်းရပ်စ်၊ဘတ်တီးရီးယားတွေကို တွန်းလှန်ပေးဖို့ ကူညီပေးမှာဖြစ်ပါတယ်။ ရေကတောင် သင့်ရဲ့ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပါတယ်နော်။ ရေက ကိုယ်ခံအားစနစ်အတွက် ဘယ်လိုအကျိုးကျေးဇူးရှိလဲဆိုတာကို ကြည့်လိုက်ရအောင်။

ရေက ဘဝအတွက် မရှိမဖြစ်အရေးပါတဲ့အရာဖြစ်ပါတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းတော်တော်များများအတွက် အာဟာရဓာတ်နဲ့သတ္တုဓာတ်တွေ သယ်ဆောင်ပေးနေပြီး အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ဒါတင်မကသေးပါဘူး။ ခန္ဓာကိုယ်အပူချိန်ကို လည်ပတ်နိုင်ဖို့လည်း ကူညီပေးပါတယ်။

ရေနဲ့ ကိုယ်ခံအားစနစ်

ပုံမှန်ဆိုရင် တစ်စုံတစ်ယောက် နေမကောင်းရင်၊ အဖျားရှိရင်တောင် ရေက ခန္ဓာကိုယ်ကို ဖျားနာခြင်းကို ဖြစ်စေတဲ့ အဆိပ်အတောက်နဲ့ ဘတ်တီးရီးယားတွေကို သဘာဝအလျောက်ဖယ်ရှားပေးဖို့ ကူညီပေးတဲ့အတွက် ကိုယ့်ကိုယ်ကို ရေဓာတ်ပြည့်ဝအောင်နေဖို့ အကြံပြုကြပါတယ်။ ရေက ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေ ကောင်းကောင်းလုပ်ဆောင်နိုင်ဖို့ ကူညီပေးတဲ့ ခန္ဓာကိုယ်ရဲ့မတူကွဲပြားတဲ့ဆဲလ်တွေဆီ အောက်ဆီဂျင်ကို သယ်ဆောင်ပေးရမှာလည်း ကူညီပေးပါတယ်။ ကျန်းမာစွာနေထိုင်နိုင်ဖို့အတွက် တစ်နေ့ကို ရေ (၂) လီတာသောက်သုံးပေးသင့်ပါတယ်။ သင် ဖျားနာတဲ့အခါ ရေပမာဏများများသောက်ဖို့ကြိုးစားကြည့်ပါ။ ရိုးရိုးရေက အကောင်းဆုံးပါပဲ။ ဒါပေမဲ့ တစ်နေ့ကို ရေ ဖန်ခွက် (၈) ခွက်သောက်ဖို့ ခက်ခဲနေတယ်ဆိုရင် သံပုရာရည် (သို့) ပူစီနံရေတို့ကိုလည်း သောက်ပေးလို့ရပါတယ်။ အဲဒါကလည်း ကျန်းမာရေးအတွက်ကောင်းပါတယ်။

ပူစီနံရေ

ပူစီနံကလည်း ဆေးဖက်ဝင်အပင်ဖြစ်ပါတယ်။ Anti-inflammatory ဓာတ်နဲ့ Anti-oxidant ဓာတ်တွေ ပါဝင်တဲ့အတွက် ဖျားနာခြင်းကင်းအောင် ကာကွယ်ပေးပါလိမ့်မယ်။ သင့်ခန္ဓာကိုယ်ကို အဆိပ်အတောက်တွေဖယ်ရှားပေးသလို အသားရေအတွက်တောင် ကောင်းမွန်ပါတယ်။

သံပုရာရည်

သံပုရာရည်ကို လူတိုင်းသောက်ဖြစ်ကြမှာပါ။ သံပုရာရည်က စိတ်ကို ကြည်လင်လန်းဆန်းစေပါတယ်။ သံပုရာသီးမှာ ပါဝင်တဲ့ ဗီတာမင်စီ၊ ဖော်လစ်နဲ့ ပိုတတ်စီယမ်ဓာတ်တွေကလည်း သင့်ရဲ့ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပါတယ်။ နေ့တစ်နေ့ကို ရေတစ်ခွက်နဲ့ သံပုရာရည်တို့နဲ့ စတင်တာကလည်း သင့်ကျန်းမာရေးအတွက် ကောင်းပါတယ်။

Ref: Can water boost your immunity?

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top