ကြက်သွန်ဖြူ ကပေးတဲ့ အသားအရေလှပမှု

18-5-2020-yyl-040.jpg

ကြက်သွန်ဖြူဆိုတာက လူတိုင်းနဲ့ ရင်းနှီးပြီးသားဖြစ်မယ့် မီးဖိုချောင်ထဲက ပစ္စည်းလေးတစ်ခုပါ။ နေ့စဉ်စားသုံးမှုမှာပါသလို အသုပ်တွေနဲ့ တွဲစားတာ၊ ထမင်းစားရင်း အတို့အမြှုပ်အနေနဲ့ ထည့်စားတတ်ကြပါတယ်။ စားလိုက်ရင် ကြွပ်ဆတ်ဆတ်လေးနဲ့ ပူစပ်စပ်အရသာရှိတဲ့ ကြက်သွန်ဖြူက အညှီကို သက်သာစေနိုင်သလို အစားအစာကို အရသာ တိုးစေနိုင်တဲ့ ဟင်းချက်ပစ္စည်းတစ်မျိုးဆိုတာထက် ပိုပါတယ်။

ကြက်သွန်ဖြူက ကျန်းမာရေးအတွက် တော်တော်လေး အကျိုးများတာပါ။ ဒီလို အကျိုးများတဲ့ ကြက်သွန်ဖြူလေးက အသားအရေ ကျန်းမာရေးကိုရော ဘယ်လိုများ အထောက်အကူပြုပေးသလဲဆိုတာ ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။

ကြက်သွန်ဖြူ ကပေးတဲ့ အသားအရေ ကျန်းမာရေး

အသားအရေ ကျန်းမာမှုက လူတိုင်းမှာမရှိနိုင်ပါဘူး။ မိတ်ကပ်တွေပြင်လို့ လှတာထက် ကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်ထားတဲ့ လေဒီလေးတွေက အများကြားမှာ ထင်းခနဲ ကြည့်ကောင်းနေတတ် ကြပါတယ်။ ဒီလို လှပမှုကို ရဖို့ဆိုရင် ကြက်သွန်ဖြူလေးက တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်ပေးနိုင်ပါတယ်။

ဝက်ခြံကို သက်သာစေနိုင်တယ်

နေ့စဉ်စားသုံးမှုမှာ ကြက်သွန်ဖြူ ထည့်သွင်းစားသုံးတာက ဝက်ခြံကို သက်သာစေနိုင်မယ့် နည်းလမ်းတွထဲကတစ်ခုပေါ့။ ကြက်သွန်ဖြူက အနံ့ပြင်းလို့ မစားချင်ဘူးဆိုရင် မျက်နှာပေါ်က ဝက်ခြံလေးတွေမှာ ကြက်သွန်ဖြူ သတ္တုရည်ကို တို့ပေးလို့ရပါတယ်။

ကြက်သွန်ဖြူက ဘက်တီးရီးယားတွေ၊ မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တာကြောင့် ဝက်ခြံကို သက်သာစေပြီး ထပ်မဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။ သန့်စင်ထားတဲ့ မျက်နှာပြင်ပေါ်ကို အရည်ညှစ်ထားတဲ့ ကြက်သွန်ဖြူ သတ္တုရည်နဲ့ ပျားရည် နည်းနည်းတို့ရောစပ်ထားတဲ့ အရောကို ဂွမ်းစလေးနဲ့ ယူပြီး ဝက်ခြံ ဖြစ်နေတဲ့နေရာတွေကို တို့လိုက်ရုံပါ။

၂ မိနစ်လောက် ထားပြီး ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ရုံပါ။ ဒီလိုလုပ်ပေးတာက ဝက်ခြံ သက်သာစေပြီး ဝက်ခြံကြောင့် ဖြစ်တဲ့ အမာရွတ်တွေကိုပါ သက်သာစေနိုင်ပါတယ်။

ချွေးပေါက်တွေ ကျဉ်းစေနိုင်တယ်

မျက်နှာပေါ်မှာ ချွေးပေါက်တွေ ကျယ်နေတာကြောင့် စိတ်ပျက်နေလား။ ဒါဆိုရင် ကြက်သွန်ဖြူ တစ်မွှာကို ကြိတ်ပြီး ခရမ်းချဉ်သီး တစ်ခြမ်းစာအနှစ်တို့ကို ရေစပ်လို့ သန့်စင်ထားတဲ့ မျက်နှာပေါ်မှာ လိမ်းပေးပါ။ ၁၀ မိနစ်လောက်ထားပြီးရင် ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။ အသားအရေကို ကြည်လင်စေပြီး ချွေးပေါက်တွေကို ကျဉ်းစေမှာပါ။

အကြောပြတ်ရာတွေကို သက်သာစေနိုင်တယ်

ကြည့်ရဆိုးတဲ့ အကြောပြတ်ရာတွေ သက်သာစေဖို့အတွက်လည်း ကြက်သွန်ဖြူကို အားကိုးလို့ရပါတယ်။ သံလွင်ဆီ ဒါမှမဟုတ် အုန်းဆီ လိုမျိုး အဆီတစ်ခုခုထဲကို ကြက်သွန်ဖြူ သတ္တုရည်ထည့်လို့ အပူပေးလိုက်ပါ။ ခပ်နွေးနွေးအနေအထားမှာ အကြောပြတ်ရာတွေ ဖြစ်နေတဲ့နေရာကို လိမ်းကျံပြီး နှိပ်နယ်ပေးပါ။ ပုံမှန်လုပ်ပေးမယ်ဆိုရင် အကြောပြတ်ရာတွေကို သက်သာစေမှာပါ။

အရေးအကြောင်းတွေကို သက်သာစေတယ်

ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အလေ့အထတွေ၊ ခရမ်းလွန်ရောင်ခြည်၊ စိတ်ဖိစီးမှုတွေ နဲ့ သဘာဝပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေကြောင့် အရွယ်မတိုင်ခင် အိုမင်းတာနဲပ အရေးအကြောင်းဖြစ်တာတွေ ဖြစ်နိုင်ပါတယ်။ ဒီပြဿနာကို ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတဲ့ ကြက်သွန်ဖြူလေးက အကောင်းဆုံး ဖြေရှင်းပေးနိုင်မှာပါ။ ကြက်သွန်ဖြူက အရေပြားဆဲလ်တွေကို အကောင်းဆုံး အားဖြည့်ပေးနိုင်တယ်၊ လို့ လေ့လာတွေ့ရှိ ခဲ့ရပါတယ်။

ကြက်သွန်ဖြူကို ပျားရည်နဲ့ တွဲစားတာ၊ ကြက်သွန်ဖြူကို သံပရာရည်နဲ့ တွဲဖက်စားသုံးတကို ပုံမှန်လုပ်ပေးမယ်ဆိုရင် အရေးအကြောင်း ဖြစ်တာကို အကောင်းဆုံး ကာကွယ်ပေးနိုင်မှာပါ။

ကော်လာဂျင် မြှင့်တင်ပေးနိုင်တယ်

ကြက်သွန်ဖြူကို ပုံမှန် စားသုံးတာက အသားအရေ ကျန်းမာရေးအတွက် အရေးပါတဲ့ အာဟာရဓာတ် တစ်မျိုးဖြစ်တဲ့ ကော်လာဂျင်ထွက်ရှိမှု တိုးလာအောင် အကောင်းဆုံး လှုံ့ဆော်ပေးနိုင်ပါတယ်။

ဒါတွေအပြင် ကြက်သွန်ဖြူက အရေပြားပြဿနာတွေဖြစ်ကြတဲ့

ပြင်းထန်အရေပြားပြဿနာတစ်မျိုး (Psoriasis)
နှင်းခူ
ရေဝဲစားတာ တွေကိုပါ သက်သာစေနိုင်ပါတယ်။

Ref : hellosayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top