(၂၀၂၅ ခုနှစ် ဘဏ္ဍာနှစ်အတွင်း လူမှုအကျိုးပြုလုပ်ငန်းများမှတစ်ဆင့် မြန်မာနိုင်ငံတစ်ဝန်းရှိ ဒေသခံပြည်သူ ထောင်ပေါင်းများစွာထံသို့ ပံ့ပိုးကူညီမှုများ ပေးအပ်နိုင်ခဲ့)
ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် MPT သည် ပညာရေး၊ ကျန်းမာရေးနှင့် နိုင်ငံတစ်ဝန်းတွင် စုပေါင်းဆောင်ရွက်ရသော ရေရှည်တံ့သည့်လူမှုအကျိုးပြု လုပ်ငန်းများကို ပြည်တွင်းရှိဒေသခံလူမှုအသိုက်အဝန်းအတွက် တက်ကြွစွာ ပံ့ပိုးကူညီပေးလျက်ရှိပါသည်။ ယခုဘဏ္ဍာနှစ်အတွင်း MPT သည် ဒေသခံလူထုအတွက် ကျန်းမာရေးနှင့် ပညာရေးကဏ္ဍဆိုင်ရာ စီမံချက်များမှ တစ်ဆင့် လူမှုအကျိုးပြုလုပ်ငန်းများအပေါ် ထားရှိသည့် ၎င်းတို့၏ လက်တွေ့ကျသော ကတိကဝတ်ကို ပြသခဲ့ပါသည်။ MPT အနေဖြင့် ၎င်း၏ ဒီဂျစ်တယ်နည်းပညာများနှင့် ဝန်ထမ်းများ၏ တက်ကြွစွာ ပါဝင်မှုများကို ပေါင်းစပ်ပြီး နိုင်ငံတစ်ဝန်းရှိ လူနေမှုဘဝ တိုးတက်စေရေးအတွက် ဆက်လက်ပံ့ပိုးကူညီပေးလျက်ရှိပါသည်။
လူမှုအသိုက်အဝန်းများ၏ ကျန်းမာရေးနှင့် အသိပညာ ဗဟုသုတကို မြှင့်တင်ခြင်း

ယခုနှစ်အတွက် MPT ၏ အဓိကရည်မှန်းချက်မှာ ဒီဂျစ်တယ်နည်းပညာနှင့် လူမှုအသိုက်အဝန်းသို့ ကူညီပံ့ပိုးမှုများကို ပေါင်းစပ်၍ ကျန်းမာရေး ဝန်ဆောင်မှုများကို လူတိုင်းလက်လှမ်းမီ နိုင်စေရန် တိုးချဲ့ဆောင်ရွက်ပေးထားခြင်း ဖြစ်ပါသည်။ MPT သည် အရေးပေါ် ကျန်းမာရေးဆွေးနွေးမှုများ၊ ဒီဂျစ်တယ် ကျန်းမာရေးအသိပညာပေးခြင်းနှင့် စေတနာ့ဝန်ထမ်းများ၏ ရေရှည်ဆောင်ရွက်မှုများကို ပေါင်းစပ်ခြင်းဖြင့် မြန်မာနိုင်ငံတစ်ဝန်းရှိ အရေးပေါ်ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များသာမက ပြည်သူများအတွက် ကျန်းမာရေး အသိပညာဗဟုသုတများကိုပါ ရေရှည် ဖြည့်ဆည်းပေးနိုင်မည့် ဘက်စုံအထောက်အကူပြု စနစ်တစ်ခု ဖော်ဆောင်ရန် ရည်မှန်းထားပါသည်။
24/7 ပတ်လုံး ကျန်းမာရေးဆွေးနွေးနိုင်သည့် အခမဲ့ ကျန်းမာရေးဖုန်းလိုင်း- ‘2025’

MPT သည် ပန်းလှိုင်းဆေးရုံကြီးနှင့် ပူးပေါင်း၍ ငလျင်ဘေးကြုံတွေ့ ခံစားရသည့် ဒေသများမှ ပြည်သူများ အရေးပေါ် ကျန်းမာရေး ကိစ္စများ ဆွေးနွေးနိုင်ရန် ရည်ရွယ်၍ ၂၀၂၅ ခုနှစ်၊ မေလတွင် ၂၄ နာရီ ခေါ်ဆိုနိုင်သည့် အခမဲ့ ကျန်းမာရေးဖုန်းလိုင်း- ‘2025’ ကို စတင် ပံ့ပိုးပေးခဲ့ ပါသည်။
MPT4U အက်ပလီကေးရှင်းရှိ MPT ၏ လိုတရဝက်ဘ်ပေါ်တယ်တွင် ကျန်းမာရေးပညာပေး ရုပ်သံများကို ကြည့်ရှုနိုင်

ပြည်သူများအား ကျန်းမာရေးဗဟုသုတများ တိုးမြှင့်စေရန်အတွက် MPT သည် အခမဲ့ ကျန်းမာရေး ပညာပေးရုပ်သံများကို ၎င်း၏ လူမှုကွန်ရက်စာမျက်နှာများ၊ လိုတရဝက်ဘ်ပေါ်တယ်နှင့် မိတ်ဖက် အဖွဲ့အစည်းများ၏ လူမှုကွန်ရက်စာမျက်နှာများတွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှ စတင်ကာ ထုတ်လွှင့် ပြသပေးလျက်ရှိပါသည်။ အဆိုပါအစီအစဉ်တွင် ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်၌ နာမည်ရှိ ဆေးရုံကြီးများဖြစ်သည့် အာယုနိုင်ငံတကာ ဆေးရုံကြီး၊ ပန်းလှိုင်ဆေးရုံကြီးတို့နှင့် ပူးပေါင်း၍ ကျွမ်းကျင်ဆရာဝန်များကိုယ်တိုင် ဦးဆောင်ဆွေးနွေးသည့် အဖြစ်များသော ကျန်းမာရေးပြဿနာများနှင့် ကာကွယ်ရန်နည်းလမ်းများကို လမ်းညွှန်ပေးခြင်းဖြင့် MPT သုံးစွဲသူများအားလုံး အရေးကြီးသော ကျန်းမာရေးဗဟုသုတများကို ရရှိနိုင်စေရန် ဖော်ဆောင်ပေးလျက်ရှိပါသည်။
MPT သုံးစွဲသူများအားလုံး ကျန်းမာရေးပညာပေးအစီအစဉ်များကို MPT4U အက်ပလီကေးရှင်းရှိ ကျန်းမာရေးပညာပေး Icon (သို့မဟုတ်) MPT ၏ လိုတရစာမျက်နှာဖြစ်သည့် https://lotaya.mpt.com.mm /service/healtheducation တွင်အင်တာနက်ဒေတာဖိုး ကျသင့်မှုမရှိဘဲ အလုံးစုံ အခမဲ့ ကြည့်ရှုနိုင်မည်ဖြစ်သည်။
နိုင်ငံတစ်ဝန်းစုပေါင်းသွေးလှူဒါန်းခြင်း လှုပ်ရှားမှုများ

MPT သည် ၎င်း၏ စေတနာသွေးလှူရှင်ဝန်ထမ်းများနှင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသော (၁၆) ကြိမ်၊ (၁၇) ကြိမ်နှင့် (၁၈) ကြိမ်မြောက် နိုင်ငံတစ်ဝန်း စုပေါင်းသွေးလှူဒါန်းခြင်း လှုပ်ရှားမှုကို ဆက်လက် ဆောင်ရွက်ခဲ့ပါသည်။ ယနေ့အထိ MPT သည် နိုင်ငံတစ်ဝန်း စုပေါင်းသွေးလှူဒါန်းခြင်း လှုပ်ရှားမှုများမှတစ်ဆင့် အရေးပေါ်အသက်ကယ်နိုင်မည့် သွေးအိတ်ပေါင်း (၉,၆၀၀) နီးပါးကို စုပေါင်းလှူဒါန်းနိုင်ခဲ့ခြင်းမှာ နိုင်ငံတွင်းမှ အများပြည်သူတို့၏ အရေးပါသော ကျန်းမာရေးစောင့်ရှောက်မှုအတွက် MPT ၏ စဉ်ဆက်မပြတ် ကြိုးပမ်း အားထုတ်မှုကို ဖော်ပြနေခြင်းဖြစ်ပါသည်။
လေ့လာသင်ယူမှုနှင့် စာအုပ်စာပေတို့မှ တစ်ဆင့် လူငယ်များကို အခွင့်အလမ်းများမြှင့်တင်ပေးခြင်း
MPT ၏ ပညာရေးဆိုင်ရာ အားထုတ်မှုအနေဖြင့် ပညာလိုလားသူ လူငယ်များအတွက် အရည်အသွေးမြင့် သင်ကြားရေး အရင်းအမြစ်များကို လွယ်ကူစွာရရှိနိုင်စေရန် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ဒီဂျစ်တယ်နည်းပညာကွာဟချက်ကို လျှော့ချပေးရန် ဦးတည်ဆောင်ရွက်ထားခြင်း ဖြစ်ပါသည်။ MPT သည် ၎င်း၏ ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်ခန်းစာများကို ပေးအပ်ခြင်းဖြင့် မြန်မာနိုင်ငံတစ်ဝန်းရှိ ကျောင်းသားများအတွက် ရှေရှည်တည်တံ့သော တိုးတက်မှုအခွင့်အလမ်းများ ဖန်တီးပေးရန် ရည်မှန်းထားပါသည်။
MPT ၏ CSR E-Learning အစီအစဉ်

၂၀၂၃ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သည့် အခမဲ့ အွန်လိုင်းပလက်ဖောင်း CSR E-Learning အစီအစဉ်သည် မျိုးဆက်သစ်လူငယ်များ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ရန်အတွက် နာမည်ရ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ လက်ရှိတွင် MPT နှင့် ပူးပေါင်း ဆောင်ရွက်နေသည့် မိတ်ဖက်အဖွဲ့အစည်း (၇) ခုရှိပြီး သင်ခန်းစာရုပ်သံ ဖိုင်ပေါင်း (၁၀၀) ကျော် လွှင့်တင်ပြီးဖြစ်ရာ ယနေ့အထိ သင်ယူလေ့လာနေသူ ကျောင်းသားပေါင်း (၄,၀၀၀) ကျော် အထိ ရှိလာပြီဖြစ်ပါသည်။ သုံးစွဲသူများသည် အသက်မွေးဝမ်းကျောင်း ပညာရပ်များကို CSR E-Learning ဝက်ဘ်ဆိုက် https://csrelearning.mpt.com.mm/ မှတစ်ဆင့် ကုန်ကျစရိတ်မရှိဘဲ လေ့လာသင်ယူနိုင်ပါသည်။
နိုင်ငံတစ်ဝန်းရှိ လူမှုအကျိုးပြုလုပ်ငန်းများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဆောင်ရွက်ချက်များ
ဒီဂျစ်တယ်ဝန်ဆောင်မှုများအပြင် MPT သည် ဝန်ထမ်းများနှင့် ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရေရှည်တည်တံ့ခိုင်မြဲပြီး တက်ကြွရှင်သန်သော ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးရန် MPT က ကတိပြု ကူညီဆောင်ရွက်ပေးလျက်ရှိပ်သည်။ MPT ၏ ဝန်ထမ်းများနှင့် ဒေသခံစေတနာ့ ဝန်ထမ်းများ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် သဘာဝပတ်ဝန်းကျင်သာယာလှပစေရေးနှင့် စာဖတ်ခြင်း အလေ့အထ ထွန်းကားလာစေနိုင်သည့် လှုပ်ရှားမှုများကို စဉ်ဆက်မပြတ် ပံ့ပိုးကူညီ ဆောင်ရွက်လျက် ရှိပါသည်။
နိုင်ငံတစ်ဝန်း သစ်ပင်စိုက်ပျိုးခြင်း လှုပ်ရှားမှု

MPT သည် “စိမ်းလန်းစေဖို့ ရှေ့ဆက်စို့” နိုင်ငံတစ်ဝန်း စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းလှုပ်ရှားမှုကို ၂၀၂၅ ခုနှစ်၊ ဇွန်လက တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၄) ခုတွင် အောင်မြင်စွာ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ လှုပ်ရှားမှုတွင် MPT ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းပေါင်း (၇၀၀) ကျော်တို့ ပူးပေါင်းပါဝင်ကာ ပျိုးပင်ပေါင်း (၁,၄၀၀) ကျော်ကို စိုက်ပျိုးခဲ့ကြပါသည်။ အဆိုပါအစီအစဉ်သည် အများပြည်သူတို့ အရိပ်ရရှိနိုင်စေရန်၊ လေထုအရည်အသွေး မြှင့်တင်ပေးနိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အထောက်အပံ့ ဖြစ်စေနိုင်ရန် စသည့် အကျိုးရလဒ်ကောင်းများ ရစေနိုင်ရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်ပါသည်။
စာဆိုတော်နေ့အထိမ်းအမှတ် နိုင်ငံတစ်ဝန်း စာအုပ်စုပေါင်းလှူဒါန်းမှု

MPT သည် စာဆိုတော်နေ့အထိမ်းအမှတ်အဖြစ် MPT ဝန်ထမ်းများမှ စုပေါင်းလှူဒါန်းသည့် “နိုင်ငံတစ်ဝန်း စာအုပ်စုပေါင်းလှူဒါန်းပွဲ”ကို ပထမဆုံးအကြိမ်အဖြစ် တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၃) ခုတွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်က အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် နှင့် လူငယ်များအကြား စာဖတ်ရှုခြင်းအလေ့အထမြှင့်တင်နိုင် ရည်ရွယ်ချက်ဖြင့် စာအုပ်ပေါင်း ၄,၀၀၀ ခန့်ကို သက်ဆိုင်ရာ ဒေသအသီးသီးရှိ စာကြည့်တိုက်များသို့ ပေးအပ်လှူဒါန်းခဲ့ခြင်း ဖြစ်ပါသည်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ် ကူညီထောက်ပံ့မှု
MPT နှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ မတ်လအတွင်းက ဖြစ်ပွားခဲ့သော ငလျင်ဘေးဒဏ်သင့် ဒေသများအတွက် လိုအပ်သော အကူအညီများကို စုပေါင်း၍ ပံ့ပိုးကူညီခဲ့ကြပါသည်။ MPT ဝန်ထမ်းအားလုံး၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ဒေသခံပြည်သူများနှင့် ဝန်ထမ်းမိသားစုများထံသို့ အစားအသောက်၊ အဝတ်အထည်နှင့် ဆေးဝါးများအပြင် ငွေကြေးထောက်ပံ့မှုများကိုလည်း ပေးအပ်နိုင်ခဲ့ပါသည်။ အဆိုပါ ၂၀၂၅ ခုနှစ်၊ ဧပြီလတွင် လှူဒါန်းခဲ့သော စုစုပေါင်းကျပ် သိန်း (၁,၀၀၀) ခန့် တန်ဖိုးရှိသည့် ပံ့ပိုးမှုများသည် အခက်အခဲ ကြုံတွေ့ရချိန်တိုင်း လူမှုအသိုက်အဝန်းနှင့်အတူ တစ်သားတည်း အမြဲတစေရပ်တည်ပေးသည့် MPT ၏ စေတနာကို ထင်ဟပ်စေပါသည်။
ယခုကဲ့သို့သော စုံလင်လှသည့်ဆောင်ရွက်မှုများမှတစ်ဆင့် “အတူ လက်တွဲအမြဲရှိမည် MPT” ဟူသော ကတိကဝတ်နှင့်အညီ နိုင်ငံတစ်ဝန်းလုံးရှိ သုံးစွဲသူများ၏ လိုအပ်ချက်နှင့် ကိုက်ညီသည့် အကောင်းမွန်ဆုံးသော ဆက်သွယ်ရေးဝန်ဆောင်မှုများကို ပေးအပ်နေရုံသာမက ပညာရေး၊ ကျန်းမာရေးနှင့် စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းငယ် စသည့် အဓိကမဏ္ဍိုင်ကြီးသုံးရပ်အပေါ် အခြေခံကာ တာဝန်သိလူမှုအကျိုးပြုလုပ်ငန်းများ (CSR) ကို တက်ကြွစွာ ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သွေးလှူဒါန်းခြင်းနှင့် သစ်ပင်စိုက်ပျိုးခြင်းကဲ့သို့သော လူမှုအကျိုးပြုလုပ်ငန်းများ တွင်လည်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက် ခြင်းဖြင့် လူမှုအသိုင်းအဝိုင်းကို ပံ့ပိုးကူညီရန် ခိုင်မာသော ကတိကဝတ်ကို ပြသလျက်ရှိပါသည်။
လှုမှုအကျိုးပြုလှုပ်ရှားမှုအပါအဝင် MPT ၏ ဝန်ဆောင်မှုများ အကြောင်း ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော https://mpt.com.mm သို့ ဝင်ရောက်လေ့လာနိုင်သည့်အပြင် မိမိသိရှိလိုသည်များကို တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် တူတူ Chatbot၊ MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။
NZ (ရိုးရာလေး)

