တစ်ကြိမ်အားသွင်းရုံဖြင့် ကီလို ၁၀၀၀ မောင်းပြီး ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ လျှပ်စစ်ကား

22-12-2022-yyl-95.jpg

နေရောင်ခြည်စွမ်းအင် တစ်ကြိမ်သွင်းပြီး ၆၂၁ မိုင် (ကီလိုမီတာ ၁၀၀၀) အကွာအဝေးအထိ မောင်းနှင်နိုင်ခဲ့တဲ့ လျှပ်စစ်ကားဟာ ဂင်းနက်စ်စံချိန် တင်နိုင်ခဲ့ပါတယ်။

ဆိုလာစွမ်းအင်သုံး Sunswift 7 ကားဟာ ပျမ်းမျှအားဖြင့် တစ်နာရီ ၅၃ မိုင်နှုန်း (၈၅ ကီလိုမီတာ)နီးပါး မောင်းနှင်နိုင်ခဲ့တာပါ။ Sunswift 7 ကားဟာ တစ်ကြိမ်အားသွင်းရုံနဲ့ ပတ်လမ်းကို အပတ်ရေ ၂၄၀ အထိ မောင်းနှင်နိုင်ခဲ့ပြီး အဲဒီအကွာအဝေးက ဆစ်ဒနီမြို့ကနေ မဲလ်ဘုန်းမြို့ကြား အကွာအဝေးလောက် ရှိခဲ့ပါတယ်။

Sunswift 7 ကားဟာ ဆစ်ဒနီမြို့အခြေစိုက် နယူးဆောက်ဝေးလ်တက္ကသိုလ်ရဲ့ ဆိုလာစွမ်းအင်သုံး ကားတွေထဲမှာ နောက်ဆုံးထုတ် ကားတစ်စီးပါ။ အလေးချိန် ၁၂၀၀ ပေါင် (၅၀၀ ကီလိုဂရမ်)ပဲ ရှိပြီး Tesla ကား အလေးချိန်ရဲ့ ၄ ပုံ၊ ၁ ပုံပဲ ရှိသလို လေခွင်းအားကောင်းတဲ့ ဒီဇိုင်း၊ မော်တာနဲ့ drive chain စွမ်းဆောင်ရည်၊ စွမ်းရည်ကုန်မှု အံ့အားသင့်စရာ လျှော့ချပေးမှု စတဲ့ အားသာချက်တွေလည်း ရှိပါတယ်။

Sunswift 7 ကားဟာ ရာသီဥတုဆိုင်ရာ ထိန်းချုပ်မှု၊ လေအိတ် အစရှိတဲ့ မရှိမဖြစ် အရာတွေ မပါဝင်သေးလို့ လမ်းပေါ်မှာ တရားဝင် မောင်းနှင်ခွင့်တော့ မရှိသေးပါဘူး။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ တစ်ကြိမ်အားသွင်းရုံဖြင့် ကီလိုမီတာ ၁၀၀၀ ကျော် မောင်းနှင်နိုင်တဲ့ အမြန်ဆုံး လျှပ်စစ်ကားအဖြစ် ဂင်းနက်စ်စံချိန် တင်နိုင်ခဲ့ပါပြီ။

Ref: Car Makes Record-Breaking 621-Mile Trip on Single Charge Powered by the Sun

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top