ကမ္ဘာ့ပထမဆုံး HIVရောဂါပျောက်ကင်းသူ ကင်ဆာကြောင့် သေဆုံး

1-10-2020-yyl-001.jpg

HIV ရောဂါပျောက်ကင်းသွားအောင် ကုသနိုင်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံးသောသူဖြစ်တဲ့ တင်မိုသီ ရေ ဘရောင်း (Timothy Ray Brown) ဟာ ကင်ဆာရောဂါကြုံတွေ့ခံစားခဲ့ပြီးနောက် စက်တင်ဘာ ၂၉ ရက်နေ့က သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ ဘရောင်းဟာ ၂၀၀၇ခုနှစ်မှာ ဘာလင်မြို့မှာ HIV ရောဂါကို ကုသခဲ့ပြီး လုံးဝပျောက်ကင်းသွားခဲ့ပြီးတဲ့နောက်မှာ Berlin Patient လို့ လူသိများလာခဲ့တာပါ။ သူ့ရဲ့လက်တွဲဖော် တင် ဟိုဖ်ဂန် (Tim Hoeffgen) က ဘရောင်း သေဆုံးတဲ့သတင်းကို ဖေ့စ်ဘွတ်ခ်မှာ ကြေညာခဲ့ပါတယ်။ “တင်မိုသီဟာ သွေးကင်ဆာရောဂါကို ၅ လလောက်တွန်းလှန်နေရင်းနဲ့ သေဆုံးသွားပြီလို့ ကျွန်မ ကြေညာရမှာ အရမ်းစိတ်မကောင်းဖြစ်ရပါတယ်” လို့ ရေးသားထားပါတယ်။

ဘရောင်းဟာ ဘာလင်မြို့မှာ ပညာသင်ယူတဲ့အချိန် ၁၉၉၅ခုနှစ်မှာ HIV ရောဂါကို ခံစားခဲ့ရပြီး ၂၀၀၆ခုနှစ်မှာ သွေးကင်ဆာရောဂါကို တွေ့ရှိခဲ့ရပါတယ်။ ၂၀၀၇ခုနှစ်မှာ သူ့ဆရာဝန် ဂျီရို ဟူအက်တာ (Gero Huetter) ဟာ HIV ရောဂါအတွက် အထောက်အပံ့ဖြစ်စေတဲ့ ရှားပါးမျိုးရိုးဗီဇပြောင်းလဲထားသူဆီကနေ ရိုးတွင်းခြင်ဆီအစားထိုး ကုသပေးခဲ့ပါတယ်။ အဲဒီလိုကုသမှုကို စမ်းသပ်ထားခြင်းမရှိတဲ့အတွက် ကုသမှုက အန္တရာယ်တော့များခဲ့ပေမဲ့ ဘရောင်းကို HIV ကုသပေးနိုင်ခဲ့ပြီး ကင်ဆာကနေလည်း ပြန်လည်သက်သာလာခဲ့ပါတယ်။

သူဟာ HIV က ကုသလို့ရနိုင်တယ်လို့ သက်သေပြရင်းနဲ့ ဆေးဘက်ဆိုင်ရာနယ်ပယ်အတွက် မျှော်လင့်ချက်ရောင်ခြည်ဖြစ်လာခဲ့ပါတယ်။ ဘရောင်းက ရောဂါကုသပျောက်ကင်းသွားပြီးတဲ့နောက်မှာ ကုသမှုနဲ့ပတ်သက်ပြီး သုတေသနပြုလုပ်နေတဲ့ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေကို ကူညီပေးခဲ့ပါသေးတယ်။ ဒါပေမဲ့ သူ့ရဲ့ကင်ဆာရောဂါဟာ ပြန်ပေါ်လာခဲ့ပြီး ရောဂါကျွမ်းနေပါပြီလို့ အခုလအစောပိုင်းမှာ ထုတ်ပြောပြခဲ့ပါတယ်။ ဘရောင်း မသေခင်က ကယ်လီဖိုးနီးယားပြည်နယ်က နာတာရှည်ရောဂါကုသရေးဆေးရုံမှာ ဆေးကုသမှုခံယူနေခဲ့တာပါ။ သူ သေဆုံးတဲ့အထိ HIV ရောဂါကတော့ လုံးဝကိုမရှိတော့တာဖြစ်ပါတယ်။

Ref: Mothership “World’s first person to be cured of HIV dies from cancer”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top