တကယ့်သက်ရှိအလားထင်မှတ်မှားရစေတဲ့ သစ်သားပန်းပုရုပ်များ

ဆန်းသစ်တဲ့ အနုပညာစိတ်ကူးစိတ်သန်းတွေဟာ တစ်ခါတလေမှာ သဘာဝတရားကိုအခြေပြုပြီးပေါ်လာတတ်တာမျိုးပါ။ တချို့ သူတွေရဲ့ စိတ်ကူးစိတ်သန်းအဖို့ ကောင်းကင်ပြင်၊ နေဝင်ဆည်းဆာ၊ အရုဏ်တက်မြင်ကွင်းတွေဖြစ်တတ်သလို တချို့အတွက်က ပန်းပွင့်တွေ၊ သစ်ပင်တွေနဲ့ ပင်လယ်လှိုင်းတွေ ဖြစ်နေတတ်ပါတယ်။ တမူထူးတဲ့အနုပညာရှင်တွေကတော့ ဒီအရာတွေအားလုံးကို အနုပညာမြောက်လက်ရာတွေဖြစ်လာအောင် အသုံးချပြီးဖန်တီးကြလေ့ရှိပါတယ်။

တိုနီ ဖရက်ဒ်ရစ်ဆင် (Tony Fredriksson) ဆိုတဲ့ ပန်းပုဆရာက တမူထူးတဲ့အနုပညာရှင်တွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပါ တယ်။ ပုံမှန်အားဖြင့် ကြေးနီသတ္ထုကို အသုံးပြုဖန်တီးလေ့ရှိသူပါ။ ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ သူက ဆန်းဆန်းပြားပြား ပုံသဏ္ဍာန်ရှိတဲ့ ရောမျောကမ်းတင်သစ်အပိုင်းအစတွေနဲ့ အပင်ငယ်လေးတွေကအကိုင်းအခက်တွေကိုအသုံးပြုပြီး သတ္တဝါပေါင်း များစွာ ရဲ့ပုံတူပန်းပုရုပ်တွေကို ဖန်တီးနေပါတယ်။

“ဒီပန်းပုရုပ်တွေက ကောက်ကာငင်ကာ ဖန်တီးဖြစ်သွားတာချည်းပဲ။ အစပျိုးတာက လက်စသတ်ဖို့ထက် ပိုခက်တယ်ဗျ။ ဒါပေမဲ့ ဈာန်ဝင်သွားရင်တော့ မအိပ်၊ မစားဘဲကို ဆက်တိုက်လုပ်ဖြစ်တယ်။ ဒီလိုဖန်တီးနေရတဲ့ခံစားချက်က အတော်လေးစွဲလန်း တပ်မက်စရာမျိုးပါပဲ” လို့ ပန်းပုရုပ်တွေရဲ့ ဖန်တီးရှင် တိုနီက သူ့ရဲ့ဖန်တီးမှုတွေနဲ့ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။ ပန်းပုတွေကို တကယ့်သရုပ်ပေါ်လွင်နေအောင် အရွယ်အစား၊ ပုံပန်းသဏ္ဍာန်နဲ့ အသွေးအရောင်တွေကို အသေအချာကိုဂရုပြုရတယ် လို့လည်း သူက ဆိုခဲ့ပါသေးတယ်။

Ref: livemaster.com “Amazing Wooden Sculptures by Tony Fredriksson”

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top