ဂူအတွင်း စူးစမ်းရှာဖွေသူတွေက လနဲ့ချီ ပျောက်ဆုံးနေတဲ့ ခွေးမလေးကို ကယ်တင်နိုင်ခဲ့

15-8-2022-yyl-07.jpg

ဂူအတွင်း စူးစမ်းရှာဖွေသူတွေက ၂ လကျော် ပျောက်ဆုံးနေတဲ့ ခွေးတစ်ကောင်ကို တွေ့ရှိခဲ့ပြီး ခက်ခက်ခဲခဲ ကယ်တင်ပေးနိုင်ခဲ့ပါတယ်။ ရစ်ဟာလေနဲ့ ဂါရီကင်းန်တို့ဟာ ပြီးခဲ့တဲ့သီတင်းပတ်က မစ်ဆူရီပြည်နယ် ပါရီကောင်တီက ဂူတစ်ခုကို စူးစမ်းရှာဖွေနေတုန်း ကျန်းမာရေးမကောင်းတဲ့ ခွေးတစ်ကောင်ကို တွေ့ခဲ့တာပါ။

အဲဒီဂူက ကျဉ်းမြောင်း၊ မတ်စောက်တဲ့ ထောင့်ချိုးတွေထဲ သွားရတာပါ။ ခွေးမလေးလုပ်နေတုန်း ခွေးက ရုန်းကန်တာမျိုးလုပ်ရင် ခွေးရော၊ ကယ်ဆယ်ရေးသမားတွေပါ အန္တရာယ်များလို့ ခွေးကို စစ်သုံး ကျောပိုးအိတ်ထဲ ထည့်၊ ခေါင်းလေးပဲ ထုတ်ထားပြီး ပေ ၅၀၀ အမြင့်အထိ လက်ဆင့်ကမ်း ကယ်ဆယ်ခဲ့ကြတာပါ။

ခွေးမလေးကို ကယ်ဆယ်ခဲ့ပြီးနောက်မှာတော့ ရစ်ဟာလေနဲ့ ဂါရီကင်းန်တို့က မြို့အနှံ့သွားပြီး ပိုင်ရှင်ကို လိုက်ရှာပေးခဲ့လို့ အခုချိန်မှာ ခွေးမလေးနဲ့ သူ့ပိုင်ရှင်နဲ့လည်း ပြန်ဆုံခဲ့ပါပြီ။ အက်ဘီလို့ အမည်ရတဲ့ ခွေးမလေးက ဇွန်လ ၉ ရက်နေ့ကတည်းက ပျောက်ဆုံးသွားတာပါ။ အက်ဘီကို တွေ့ရှိခဲ့တဲ့ မောဂူဟာ ၂၂ မိုင်ကျော် ရှည်လျားပြီး မစ်ဆူရီပြည်နယ်မှာ ဒုတိယအရှည်ဆုံးဂူ ဖြစ်ပါတယ်။

Ref: Cave Explorers Accidentally Find Elderly Dog Missing For Two Months

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply