“ပါကျဲ” လို ဝတ်ဆင်ပြီး ကိုယ်ဝန်ဆောင်အမှတ်တရဓာတ်ပုံရိုက်ခဲ့တဲ့ ဗီယက်နမ်အမျိုးသမီး

12-8-2022-yyl04.jpg

ဗီယက်နမ်က ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးဟာ လူအများသိကြတဲ့ “အနောက်ဘက်သို့ ခရီးသွားခြင်း” ဇာတ်လမ်းတွဲထဲက “ပါကျဲ” ဇာတ်ကောင်လို ဝတ်ဆင်ပြီး ကိုယ်ဝန်ဆောင်အမှတ်တရဓာတ်ပုံတွေ ရိုက်ခဲ့ပါတယ်။

“ပါကျဲ” ဇာတ်ကောင်က သူ့ရဲ့ကိုယ်ဝန်ကို အသားပေးရိုက်လို့ အကောင်းဆုံးပါပဲ။ မိသားစုဓာတ်ပုံတွေကို အဓိက ရိုက်ပေးတဲ့ ဗီယက်နမ်လူမျိုးဓာတ်ပုံဆရာ Lê Đình Tân က အဲဒီအမျိုးသမီးရဲ့ဓာတ်ပုံတွေကို ရိုက်ကူးပေးခဲ့တာပါ။ “ပါကျဲ”ဇာတ်ကောင်လိုပဲ အနက်ရောင်ဝတ်စုံဝတ်ဆင်ထားတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ဓာတ်ပုံတွေက သဘာဝဆန်ပြီး ချစ်ဖို့ကောင်းလှပါတယ်။ အဲဒီအမျိုးသမီးက ပါကျဲလောက် မဝပေမဲ့ ပါကျဲလို ဗိုက်ကလေးတော့ ထွက်နေပါတယ်။

“ပါကျဲ” ကိုင်ဆောင်လေ့ရှိတဲ့ လက်နက်မျိုးကို ကိုင်ပြီးတော့တောင် ဓာတ်ပုံတွေ ရိုက်ခဲ့တာပါ။ ဖရဲသီးကိုင်ပြီး ရယ်မောပျော်ရွှင်နေတဲ့ ပုံလေးက လူမှုကွန်ယက်အသုံးပြုသူတွေကို ဆွဲဆောင်ထားနိုင်မှာပါ။ နွားတစ်ကောင်ကို လက်ပြနေတဲ့ပုံ၊ နွားလိုက်လို့ ပြေးတဲ့ပုံတွေကိုလည်း ပါဝင်ပါတယ်။

ကိုယ်ဝန်ဆောင်အမှတ်တရအနေနဲ့ “ပါကျဲ”လို ဝတ်ဆင်ပြီး ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေကို ကိုယ်ဝန်ဆောင်အမျိုးသမီး Ngô Thị Hồng Tươi ရဲ့ဖေ့စ်ဘွတ်ခ်အကောင့်မှာ တင်ခဲ့တာပါ။ လူမှုကွန်ယက်အသုံးပြုသူတချို့က သူတို့ရဲ့ခင်ပွန်းတွေကို mention ခေါ်ပြီး အလားတူဓာတ်ပုံမျိုး ရိုက်ချင်တဲ့အကြောင်း ပြောတဲ့ ကွန်မန့်တွေလည်း ပေးခဲ့ကြပါတယ်။ “ပါကျဲ” လို ဝတ်ဆင်ပြီး ဓာတ်ပုံရိုက်ကူးမှုက ဗီယက်နမ်မီဒီယာတွေမှာ တော်တော်လေး ဖော်ပြနေကြပါပြီ။

Ref: Vietnamese mum-to-be with obvious baby bump dresses as Pigsy from ‘Journey to the West’

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top