စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်း (၁၄-၈-၂၀၂၂ မှ ၂၀-၈-၂၀၂၂ ရက်နေ့အထိ)

BayDin14to20.jpg

တနင်္ဂနွေ

ယခုအပတ်အတွင်း တနင်္ဂနွေသားသမီးတို့သည် စီးပွားရေးလုပ်ငန်းများတွင် အနှောင်အယှက်၊အယှဉ်အပြိုင် လုပ်ဆောင်ကြရမည်၊ လုပ်ဆောင်ရာတွင်မိမိနှင့် လုပ်ဖော်ကိုင်ဘက်တစ်ဦး၏ သစ္စာဖောက်ခြင်းကြောင်း လုပ်ငန်းများထိခိုက် ပျက်စီးနိုင်သည်။ အထူးသတိထားရမည်။ ကျောက်မျက်ရတနာ၊သတ္တု၊ဆောက်လုပ်ရးလုပ်ငန်းများတွင် အထူးသတိထား ရပါမည်။ နိုင်ငံခြားဆက်သွယ်ရေး လုပ်ငန်းများတွင် ကောင်းပါသည်။

ကျန်းမာရေးအနေဖြင့် နှလုံးရောဂါရှိသူများ သတိထားရန်လိုသည်။ ကလေးငယ်များ နားဖျာပါက ဆေးရုံးဆေးခန်းပြပါ။ အချစ်ရေးတွင် မိမိနှင့် သဘောထား တိုက်ဆိုင်သော ချစ်သူရရှိသွားမည်။ အိမ်ထောင်ပြုပြီးသူ အိမ်ထောင်ရှင်များမှာ အိမ်ခွဲနေရန် ဆောင်ရွက်ပါ။ ငွေချေးငှါးခြင်းကို အကြောင်းပြုပြီး ရန်ပေါ်တတ်သည်။ စက်ပစ္စည်း ဝင်မည်။ ဝန်ထမ်းများ မိမိလုပ်ငန်းနှင့်ဆိုင်သော ပညာရပ်ဆိုင်ရာ သင်တန်းများ တက်ရောက်ရမည်။

အကျိုးပေးဂဏန်း – ၁ ၊ ၅၊ ၂။
ယတြာ – နွမ်းပါသူကို ထမင်း၊ဟင်း ကုသိုလ်ပြုပါ။

တနင်္လာ

     ယခုအပတ်အတွင်း တနင်္လာသားသမီးတို့သည် ကုန်သွယ်ရေးလုပ်ငန်း၊ရေလုပ်ငန်းများဖြင့် ကံကောင်းနိုင်ပြီး စားသောက်ကုန်လုပ်ငန်းဖြင့်လည်း အကျိုးပေးပါသည်။ စိတ်အနည်းငယ်မွန်းကြပ်နေမည်ဖြစ်ပြီး ငွေကုန်ကြေးကျ များနေပါလိမ့်မည်။ အစုအစပ်လုပ်ကိုင်ထားသူများ အသင်းအဖွဲ့လုပ်ထားသူများ သတိထားပါ၊သဘောထား မတိုက်ဆိုင်သည့်ကိစ္စများဖြစ်မည်။ 

ကျောက်ကပ်၊ဆီချို၊သွေးတိုးရောဂါရှင်များ သေချာစစ်ဆေးသတိထားရမည့် အချိန်ဖြစ်သည်။ အချစ်ရေးတွင် မိမိအပေါ် အကောင်းမြင်တတ်သော ချစ်သူကို ရရှိလိမ့်မည်။ အိမ်ထောင်ရှင်များ စန်းပွင့်နေတတ်ပြီး ထိုအချက်ကြောင့် အိမ်တွင်းရေး ပူတတ်သည်။ ကား၊ဆိုင်ကယ် စသည့် စီးနှင်း၍ရသော ယဉ်ဝင်လိုက်မည်။ ဝန်ထမ်းများ ကံကောင်းနေပြီး အလုပ်အကိုင်းတွင် လူကြီး၏ လေးစားခြင်းခံရမည်။

အကျိုးပေးဂဏန်း – ၂ ၊ ၆ ၊ ၃။
ယတြာ– ကလေးငယ်များကိုနှစ်သက်ရာမုန့်ကြွေးလိုက်ပါ။

အင်္ဂါ


ယခုအပတ်အတွင်း အင်္ဂါသားသမီးတို့သည် ၊ဘဏ်လုပ်ငန်း၊ ငွေစုငွေချေးလုပ်ငန်းမျာဖြင့် ပါတ်သက်ဆက်ဆံရမည်။ လုပ်ငန်းအတွက် ချေးငွေတင်ပါက ယခုအပါတ်အတွင်းတင်သင့်သည်။ ငွေကြေးအကူအညီရမည်။ စားသောက်ကုန်၊ ကုန်မာပစ္စည်း နှင့် ဆောက်လုပ်ရေး လုပ်ငန်းများရောင်းဝယ်ခြင်းတို့အတွက် အကျိုးများပါလိမ့်မည်။ ဆန်၊ကောက်ပဲသီးနှံ သမားများ အနည်းငယ် ညံ့နေသဖြင့် သတိထား လုပ်ကိုင်ရန်ဖြစ်ပါသည်။

ကျန်းမာရေးအနေဖြင့် ခါး၊မျက်လုံး၊အစာအိမ် ရောဂါရှိသူများ သတိထားကုသပါ။ အချစ်ရေးတွင် ချစ်သူ၏ အထင်လွဲခြင်းခံရပြီး ချစ်သူလက်မဲ့ဖြစ်သွားမည်။အိမ်ထောင်ရေးတွင်လည်း အိမ်တွင်းရေးတွင် နှစ်ဘက်မိဘတို့ပါဝင်လာပြီး အိမ်ထောင်လက်မဲ့ဖြစ်တတ်သည်။ ပညာရေးကောင်းပါသည်။ ရွေ၊ကျောက်မျက်ရတနာဝင်မည်။ ဝန်ထမ်းများ အထက်လူကြီးကို အကြောင်းပြုပြီး စိတ်ညစ်ရမည်၊အစစ်အဆေးခံရတတ်သည်။

အကျိုးပေးဂဏန်း – ၃ ၊ ၀ ၊ ၄။
ယတြာ – ဇီးသီးများ၊ဇီးပေါင်းထုတ်များကို လူအများအား ဝေပေးပါ။

ဗုဒ္ဓဟူး


ယခုအပတ်အတွင်း ဗုဒ္ဓဟူးသားသမီးတို့သည် စီးပွားရေးဆိုင်ရာ ကြိုးစားမှု့များ ဆက်တိုက်အောင်မြင်နေမည်။ အသင်းအဖွဲ့၊အစုအစပ်လုပ်ငန်းများကြောင်း အလွန်စိတ်ညစ်ရပြီး မိမိလုပ်လိုသည်နှင့် ဖြစ်နေသည်မှာ တစ်ခြားစီဖြစ်မည်။ ယခုအပါတ်သည် အလွန်စိတ်ညစ်ရသည့် အချိန်ဖြစ်ပြီး ပြည်ပ ရင်နှီးခြင်းများဖြင့် လုပ်ငန်းဖြစ်မည်။ စာအုပ်စာပေလုပ်ငန်းဖြင့် အကျိုးဖြစ်မည်။

အဆုတ်ရောဂါရှိသူများသည် ရေချိုးမှားသဖြင့် ဆေးရုံတက်ရတတ်သည်၊အထူးသတိပြုပါ။အချစ်ရေးတွင် ချစ်နေရသော ချစ်သူအပြင် နောက်တစ်ယောက်ကိုလည်း တွဲနေတတ်သည်။ အိမ်ထောင်ရေးတွင်လည်း သတိထားရမည် တခြားတစ်ယောက်တွေ့တတ်သည်။ ပညာရေးသမားများ တွက်စာကြောင့် ထင်တိုင်းမပေါက်ဖြစ်မည်။ နိုင်ငံခြားမှ အဖိုးတန်လက်ဆောင်ရမည်။ ဝန်ထမ်းများ အောက်လက်ကြေင့်ဖြစ်သည့်ကိစ္စတွင် မိမိက တာဝန်ယူရမည်။

ရာဟု။ ။ရာဟု သားသမီးများ ကျန်းမာရေး သတိပြုရန်လိုပါသည်။ လည်ချောင်းနှင့်ဆိုင်သော ရောဂါဖြစ်တတ်သည်။ အချစ်ရေးကံကောင်းပြီး အိမ်ထောင်ရေးညံ့သည်။လောင်းကစားလုပ်ပါက အရေးယူခံရတတ်သည်၊ အထူးသတိထားပါ။

အကျိုးပေးဂဏန်း – ၄ ၊ ၁ ၊ ၅။
ယတြာ။ ။ ခွေး၊ကြောင်၊ငှက်၊ငါး များကို အစာကြွေးပါ။

ကြာသပတေး

ယခုအပတ်အတွင်း ကြာသာပတေး သားသမီးတို့၏ စီးပွားရေးသည် အသံတိတ်နေသော စီးပွားရေးဖြစ်နေမည်။ လုပ်ငန်းဆိုင်ရာ မူဝါဒ အသစ်ပြန်လုပ်ရန်လိုသည်၊ သစ္စာဖောက်သော ဝန်ထမ်းများကြောင့် အခက်တွေ့ရမည်။ လုပ်ငန်းလုပ်ဆောင်ရာတွင် ဥပဒေနှင့်အညီလုပ်ဆောင်ရမည်။ ကျောက်မျက်ရတနာနှင့် သတ္တု တူးဖော်သော လုပ်ငန်းများတွင် အောင်မြင်မည်။

ကျန်းမာရေးအနေဖြင့် ဆီးရောဂါ၊ အနာပေါက်ခြင်းနှင့် အဆိပ်ရှိသောသတ္တဝါတို့ကိုက်ခဲခြင်း ခံရတတ်သည်၊သတိပြုပါ။ အချစ်ရေးအနေနှင့် စိတ်ပြောင်းပြန်သည့်ချစ်သူကို ရရှိတတ်ပြီး မကြာခဏ စိတ်ကောက်မည်။ အိမ်ထောင်ရှင်များ လုပ်ငန်းအကြောင်းပြု ခွဲခွါနေရတတ်သည်။ ကား၊စက်ပစ္စည်းများဝင်မည်။ ပညာရေးကောင်းသည်၊ ဝန်ထမ်းများအနေဖြင့် စာရင်းနှင့် ပစ္စည်းလွဲနေတတ်သဖြင့် သေချာသတိထား လုပ်ကိုင်ရန် လိုအပ်ပါလိမ့်မည်။

အကျိုးပေးဂဏန်း – ၅ ၊ ၂ ၊ ၃။
ယတြာ – လူအများအား ရေသန့်ဘူးများ လှူပေးပါ။

သောကြာ


ယခုအပတ်အတွင်း သောကြာသားသမီးတို့သည် စီးပွားရေးအတိုက်အခံများကြောင့် အလွန်ပင်ပန်းကြီးစွာ လုပ်ကိုင်နေရမည်၊ သို့သော် ကံကောင်းနေပြီး အတိုက်အခံများကို အောင်မြင်လိမ့်မည်။ ငွေကြေးများ တိုးပွားလာမည်။ ဝန်ထမ်းကောင်းများရမည်။ဆောက်လုပ်ရေး လုပ်ငန်းလုပ်သများ လုပ်ငန်းတွင် ပြသနာပေါ်တတ်ပြီး စားသောက်ကုန် လုပ်သူများ ချေးငွေရမည်။

ကျန်းမာရေးအနေဖြင့် အသဲရောဂါရှိသူများသတိထားပါ၊ မတော် တဆဖြစ်တတ်ပြီး ယာဉ်မောင်းရာတွင် သတိထားပါ။ အချစ်ရေး ညံ့နေပြီး ချစ်သူက နောက်တစ်ယောက်ပြောင်း သွားတတ် သည်။ အိမ်ထောင်ရေးကံကောင်းပါသည်၊သားသမီးရတနာများ ရမည်။ ပညာသင်နေသောသူများ အလုပ်စာမေး ပွဲအောင်မည်။ ဘာသာရေးနှင့်ဆိုင်သော ဘုရား၊စေတီများတွင် သန့်ရှင်းရေး စသည့် ပရဟိတလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ရမည်။ ဝန်ထမ်းများ သင်တန်းသစ်တက်ရမည်၊ လက်နက်ကိုင်ဝန်ထမ်းများ နေရာပြောင်းရတတ်သည်။

အကျိုးပေးဂဏန်း – ၆ ၊ ၃ ၊ ဝ။
ယတြာ – ရဟန်းတစ်ပါးကို တတ်နိုင်သလောက် ဆေးကပ်လှူပါ။

စနေ

စနေသားသမီးတို့သည် ယခုအပါတ်အတွင် အလွန်ကြေနပ်လောက်သော စီးပွားရေးဆိုင်ရာအောင်မြင်ခြင်းကို ရရှိလိုက်မည်၊ စနေသားသမီးတို့ ရည်မှန်းချက်များ အောင်မြင်သည့်ကာလဖြစ်မည်။ ငွေများ အလုံးအရင်းဖြင့် ဝင်မည်၊ လုပ်ငန်းဆိုင်ရာမှတ်ပုံတင်ထားသည့်ကိစ္စများ အဆင်ပြေမည်။ ပြည်ပလုပ်ငန်းများ အောင်မြင်မည်။

ကျန်းမာရေးအနေဖြင့် လေဖြတ်ထားသူများ အအေးမိခံပါက နောက်တစ်ကြိမ် လေထပ်ဖြတ်တတ်သဖြင့် သတိထားပါ။ သွေးတိုးရှိသူများ အစားမှားတတ်သည်။ အချစ်ရေးတွင် မိမိပြောသမျှ ခေါင်းညိမ့်တတ်သည့် ချစ်သူကို ရရှိမည်၊ အိမ်ထောင်သည်များလည်း ကွဲကွာနေပါက ပြန်ပေါင်းရမည်၊ အဝေးရောက်နေသော အိမ်ထောင်ရှင် ပြန်လာမည်။ အလုပ်အကိုင်နှင့် ပါတ်သက်သည့် စာမေးပွဲဖြေဆိုထားသူများ စာမေးပွဲအောင်မည်။ မြေ၊အိမ်၊များဝင်ရောက်လာမည်။ ဝန်ထမ်းများ ငွေရွှင်သောအချိန်ဖြစ်ပါမည်၊ ကံကောင်းနေပါသည်။

အကျိုးပေးဂဏန်း – ၇ ၊ ၄၊ ၁။
ယတြာ – စတုဒီသာ အလှူလုပ်ပါ။

Team ( ရိုးရာလေး )

ဆရာကင်္ကသူ
Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top