ဘဝတစ်ခုလုံးနီးပါး ဇလုံထဲမှာနေရတဲ့ ၁၉ နှစ်သမီး

466803.jpg

နိုင်ဂျီးရီးယား အမျိုးသမီးတစ်ဦးဟာ ထူးဆန်းတဲ့ ရောဂါတစ်မျိုးကြောင့် အသက်ခြောက်လ အရွယ်ကတည်းက ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှု ရပ်တန့်သွားခဲ့ပြီး ဘဝတစ်ခုလုံးနီးပါး ပလတ်စတစ်ဇလုံထဲမှာ နေခဲ့ရတယ် လို့ ဒေးလီးမေးလ်က ဖော်ပြပါတယ်။

ရာမာဟာရူနာဟာ ကျန်းမာတဲ့ ကလေးငယ်တစ်ဦးအဖြစ် မွေးဖွားလာခဲ့ပေမယ့် အသက်(၆)လအရွယ်မှာ အဖျားရောဂါ ခံစားရတာက အစပြုပြီး ဘဝတစ်ဆစ်ချိုး အပြောင်းအလဲဖြစ်ခဲ့ပါတယ်။ ရာမာဟာရူနာရဲ့မျက်နှာက အသက်အရွယ်အလိုက် ပြောင်းလဲပေမယ့် သူ့ရဲ့ခန္ဓာကိုယ်နဲ့ ခြေလက်တွေက (၆)လသမီးအရွယ်ကအတိုင်း မပြောင်းလဲခဲ့ပါဘူး။ ဒါကြောင့် သူဟာ နိစ္စဒူဝကိစ္စတွေအတွက် သူ့မိသားစုကို အားကိုးခဲ့ရပါတယ်။ သူ့မိဘတွေက အညစ်အကြေးစွန့်တဲ့ကိစ္စကနေ၊ အလည်အပတ်ခေါ်သွားတဲ့ ကိစ္စအထိ အဆင်ပြေအောင်လို့ သူ့ကို ဇလုံထဲ ထည့်ထားခဲ့ကြတာပါ။

ရာမာဟာရူနာရဲ့ မိဘတွေဟာ သူမ အညစ်အကြေးစွန့်တဲ့ကိစ္စကနေ၊ အလည်အပတ်ခေါ်သွားတဲ့ ကိစ္စအထိ အဆင်ပြေအောင်လို့ သူ့ကို ဇလုံထဲ ထည့်ထားခဲ့ကြတယ်။

ရာမာဟာရူနာဟာ ၆ လသမီးအရွယ်မှာ အဖျားရောဂါ ခံစားရချိန်ကစပြီး အသက်(၁၉)နှစ်အရွယ်အထိ နေ့စဉ်နေ့တိုင်း ခြေတွေ၊ လက်တွေ နာကျင်တဲ့ ဝေဒနာ ခံစားခဲ့ရပြီး သူ့ရဲ့ရောဂါအတွက် ဆရာဝန်တွေကလည်း အဖြေ မတွေ့သေးဘူးလို့ ဆိုပါတယ်။ ရာမာဟာရူနာရဲ့ မိဘတွေကတော့ သူတို့သမီးရဲ့ နာကျင်မှု ဝေဒနာကို သက်သာပျောက်ကင်းအောင် လုပ်ပေးနိုင်မယ့် ကျန်းမာရေး ပညာရှင်တစ်ယောက်ယောက် (ဒါမှမဟုတ်) ပရဟိတအဖွဲ့အစည်းတစ်ခုခုက ရာမာဟာရူနာကို အာရုံစိုက်လာဖို့ ဆုတောင်းတယ်လို့ ဆိုပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top