သံပုရာရည်ဟာ အမောပြေစေနိုင်လို့ အလုပ်ကနေ အိမ်ပြန်ရောက်တဲ့ အခါ တစ်ခွက်လောက် မှီဝဲသင့်ပါတယ်။
ဒါ့အပြင် မူးမောခြင်း အတွက် ကောင်းမွန်တဲ့ ဆေးတစ်ခွက် ဆိုလည်း မမှားပါဘူး။
အရိုးအတွက် ကောင်းမွန်စေပြီး ချောင်းဆိုးခြင်းကို ဟန့်တားနိုင်စေပါတယ်။ သံပုရာရည်ဟာ အသည်း ကျောက်ကပ် အတွက် ကောင်းမွန်တဲ့ ဆေးတစ်လက် ဖြစ်ရုံသာမက နာဖျားခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ထိခိုက်ရှနာ ရောဂါများကို မြန်ဆန်စွာ ပျောက်ကင်းစေတဲ့ အပြင် ဆံပင်အတွက်လည်း ကောင်းမွန်စေတယ်လို့ သိရပါတယ်။
ဒီအတွက်ကြောင့် သံပုရာရည်ဟာ ကျန်းမာရေး အကျိုးကျေးဇူး ရှိတဲ့ ဆေးတစ်ခွက်ဖြစ်ပါတယ်။