အရက် ဘီယာ အလွန်အကျွံ သောက်မိရင် သင့်ခန္ဓာကိုယ်က ဘယ်လိုတုံပြန်မလဲ

alcoholic-drinks-P3WT33S.jpg

မူးယစ်စေတဲ့ အရက် ဘီယာဆိုတာ မသောက်ဘဲ ရှောင်နိုင်ရင်တော့ အကောင်းဆုံးပါ။ တစ်နေကုန် အလုပ်ပင်ပန်းလို့ စိတ်ထွက်ပေါက် တစ်ခုအနေနဲ့ သောက်မယ်ဆိုရင်လည်း အတိုင်းအတာတစ်ခု ထားရှိပြီးမှ သောက်သင့်ပါတယ်။

အလွန်အကျွံ သောက်မိလိုက်မယ်ဆိုရင် သေချာတာက နောက်တစ်နေ့မနက်မှာ ခေါင်းမူး ခေါင်းကိုက်ကတော့ ဖြစ်မှာပါပဲ။ ဒါ့အပြင် တစ်ယောက်နဲ့တစ်ယောက် မတူညီနေနိုင်တဲ့ အရက်ရဲ့ တုံပြန်မှုတွေကိုလည်း ကြုံတွေ့ရမှာပါ။ ဒီတစ်ခါမှာတော့ အရက် အလွန်အကျွံသောက်မိရင် ခန္ဓာကိုယ်က ဘာတွေ တုံပြန်လာတတ်မလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

မနေ့ညက အလွန်အကျွံ သောက်မိလိုက်တာကြာင့် နောက်တစ်နေ့ မနက်ရောက်ရင် သွေးပေါင်ချိန် အတက်အကျ အပြောင်းအလဲတွေ ဖြစ်ပေါ်လာနိုင်ပြီး ခေါင်းမူးခြင်း၊ ကိုယ်တွေလက်တွေ မသယ်နိင်လောက်အောင် ကိုက်ခဲခြင်း၊ လေးလံမှိုင်ထွေခြင်းတွေ ဖြစ်ပေါ်လာနိင်ပါတယ်။

မနက် အိပ်ယာနိုးတဲ့အခါ ခြေထောက်တွေ လက်တွေ ပြည့်လာပါလိမ့်မယ်။ မျက်နှာတွေ ပြည့်လာပြီး နီမြန်းနေပါမယ်။ ဒါကြောင့် နောက်တစ်နေ့မှာ အကြောင်းကိစ္စ တစ်ခုခုရှိလို့ သွားရလာရမယ်ဆိုရင် သင့်အတွက် အနေရခက်စေနိင်တာကြောင့် အလွန်အကျွံသောက်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

အရက်ဘီယာက သွေးပေါင်ချိန် တက်စေရုံသာမက ခန္ဓာကိုယ် အပူချိန်ကိုလည်း တိုးစေပါတယ်။ ညဘက် အရက်သောက်ပြီး အိပ်လိုက်မိမယ်ဆိုရင် နောက်တစ်နေ့ တစ်ရက်လုံး သင့်ရဲ့ ခန္ဓာကိုယ်က ပူစပ်ပူလောင် ဖြစ်နေမှာပါ။

နောက်တစ်ခုကတော့ တော်တော်များများ ဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာပါ။ ညဘက်က အလွန်အကျွံ သောက်မိတာကြောင့် မနက်မိုးလင်းတဲ့အခါ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်းတို့အပြင် အစားစားချင်စိတ် မရှိဘဲ ပျို့ခြင်း၊ အန်ခြင်းစတာတွေလည်း ဖြစ်ပေါ်လာနိင်ပါတယ်။

လေ့လာစမ်းသပ်ချက်တွေအရ အရက်၊ ဘီယာ သောက်သုံးခြင်းက ကျန်းမာရေးနဲ့ ဉာဏ်ရည် ကွန့်မြူးမှုအတွက် အထောက်အပံ ပြုစေနိုင်တယ်လို့ တွေ့ရှိထားပေမဲ့လည်း တန်ဆေး လွန်ဘေး ဆိုတဲ့အတိုင်း အတိုင်းအတာမရှိ အလွန်အကျွံ သောက်မိမယ်ဆိုရင်တော့ မလိုလားအပ်တဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်ပေါ်လာနိင်တာကြောင့် သတိထားဖို့ လိုအပ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

Ref: Bright Side ” 9 Signs of Alcohol Intolerance You Might Be Unaware Of ”

Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top