ပြောင်းရွှေ့နေထိုင်သူတွေကို တစ်နှစ် ဒေါ်လာ ၁၀၀၀ ပေးမယ့် အမေရိကန်ပြည်နယ်

AlaskaMap.jpg

အခုအချိန်ဟာ အရမ်းကိုရှုခင်းလှပလွန်းတဲ့ နေရာဆီကိုပြောင်းချိန်တန်နေပါပြီ။

လူမှုကွန်ရက် တွေမှာလည်း အဲ့ဒီနေရာတွေမှာလာနေဖို့ ငွေရေးကြေးရေးထောက်ပံ့ပေးမှုတွေနဲ့ တဂျီဂျီကြော်ငြာနေပါပြီ။ စရောက်ရှိခါစ လူတစ်ယောက်အနေနဲ့ သင့်ကို Swiss Alps ကနေနေထိုင်မှုအတွက် ဒေါ်လာ ၂၅၀၀၀ (မြန်မာငွေ သိန်း ၃၀၀ ဝန်းကျင်) ပေးပါမယ်တဲ့။ အမေရိကန် အလက်စကာပြည်နယ်ကလည်း အဲ့ဒီပြည်နယ်မှာနေဖို့အတွက် တစ်နှစ်ကိုဒေါ်လာ ၁၀၀၀ ပေးပါမယ်တဲ့။

အလက်စကာပြည်နယ်မှာ အမြဲတမ်း အခြေချနေထိုင်မယ့် သူတွေအတွက် အလက်စကာပြည်နယ် အခြေချနေသူများကို ထောက်ပံ့မယ့်အဖွဲ့အစည်းကလည်း သူတို့ပြည်နယ်မှာ လာနေမယ့်သူတွေအတွက် ဒေါ်လာ ၁၁၀၀ (မြန်မာငွေ ၁၅သိန်း ဝန်းကျင်) ပေးမယ်လို့ သူတို့ Website မှာကြေညာထားပါတယ်။ ဒီငွေတွေနဲ့ အလက်စကာမှာ အိမ်လှလှလေးတစ်လုံးကို မဝယ်နိုင်ပေမဲ့ တစ်နှစ်တာအသုံးစရိတ်ကိုတော့ လုံလောက်မှာ ဖြစ်ပါတယ်။

အဲ့ဒီမှာနေဖို့ ငွေချက်လက်မှတ်ရဖို့အတွက် အဲ့ဒီအလက်စကာပြည်နယ်မှာ တစ်နှစ်တာပတ်လုံးနေမယ်ဆိုတဲ့ အာမခံချက်ပေးရပြီး အဲ့ဒီပြည်နယ်ကနေရက် ၁၈၀ ထက် ပိုခရီးထွက်လို့လည်းမရပါဘူး။ နေထိုင်မယ့်သူတွေကလည်း ရာဇဝတ်ပြစ်မှု ကျူးလွန်ခဲ့တဲ့ မှတ်တမ်းမှာလည်းပါဖူးတဲ့သူများမဖြစ်ရပါဘူး။ အကယ်၍အဲ့ဒီနေရာကို အပြီးပိုင် ရွေ့ဖို့မဖြစ်နိုင်သေးဘူးဆိုရင်လည်း ဒီနေရာဟာ ခရီးတိုသွားပြီး အပန်းဖြေဖို့ အကောင်းဆုံးနေရာတစ်ခုပါပဲလို့ အာမခံချင်ပါတယ်။ ချုံ့ပြောမယ်ဆိုရင် အလက်စကာဟာ ကျွမ်းကျင်တဲ့ပညာရှင်များပြောကြားချက်အရ နောက်နှစ်မှာ သွားလည်သင့်တဲ့ နေရာ ၁၀နေရာထဲက တစ်ခုပါပဲတဲ့။

ကျေးကျေး (ရိုးရာလေး)

Ref : RD : Gorgeous U.S. State Will Pay You $1,000 a Year

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top