ဝိတ်ကျစေဖို့ စားသုံးသင့်တဲ့ အသက်သာဆုံး အစားအစာများ

bigstock-Group-Of-Wholesome-Organic-Fo-51855925-696x462.jpg

ဝိတ်ချဖို့ ဆန္ဒရှိတာဟာ ကျန်းမာရေး အားကစားရုံမှာ မန်ဘာဝင်ခြင်း၊ ဈေးကြီးတဲ့ ဖြည့်စွက်အစာများကို စားသုံးခြင်းဖြင့် ငွေသုံးစွဲဖို့ လိုအပ်တယ်လို့ မထင်လိုက်ပါနဲ့။ သင့်ရဲ့ အစာစားခြင်း diet plan ကိုထိန်းချုပ် ဆောင်ရွက်ခြင်းဟာ သင့်ရဲ့ခန္ဓာကိုယ် အလေးချိန်ကို ထိန်းထားနိုင်တဲ့ အကောင်းဆုံး နည်းလမ်းများ ထဲကတစ်ခုပဲ ဖြစ်ပါတယ်။

သင်စားတဲ့ အစားအသောက်နဲ့ သင်စားသောက်တဲ့ ပုံစံကိုပြောင်းလဲ လိုက်ခြင်း အားဖြင့် ပေါင်တော်တော် များများ ကျစေနိုင်ပါတယ်။

ဝိတ်ကျစေတဲ့ diet plan ကိုငွေကြေး ပမာဏ ဘယ်လောက်နဲ့ဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။ ငွေကြေး သိပ်မကုန်ဘဲ ကျန်းမာရေးနှင့် ညီညွှတ်တဲ့ အစားအသောက် များစွာရှိပါတယ်။ ငွေကြေးသိပ် မသုံးစွဲချင်တဲ့အခါ ရာသီစာ အစားအသောက်များ ဝယ်ယူပြီး တတ်နိုင်သမျှ အိမ်မှာပဲ ချက်ပြုတ်ခြင်းဖြင့် လည်းငွေကို ချွေတာနိုင်ပါတယ်။

ဝိတ်ချခြင်းဟာ ခက်ခဲတဲ့ လုပ်ငန်း တာဝန်တစ်ခုပါပဲ။ ဒါပေမယ့်လည်း ကိုယ့်အတွက် ကောင်းမွန်တဲ့ အစားအစာတွေကိုသာ သိမယ်ဆိုရင် ဒါဟာတာဝန်တစ်ဝက်ပြီးဆုံးတယ်လို့ ဆိုရမှာပါ။
ဝိတ်ကျစေဖို့အတွက် ဘတ်ဂျက်အသက်သာဆုံးအစားအသောက်တွေကိုဖော်ပြပေးလိုက်ပါတယ်။

၁) အုတ်ဂျုံမှုန့်

ဝိတ်ချချင်တဲ့အခါ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ နံနက်စာဟာမဖြစ်မနေကိုအရေးကြီးပါတယ်။ ဘတ်ဂျက်လည်းသက်သာအရသာလည်းရှိပြီးကျန်းမာရေးနဲ့ ညီညွှတ်တဲ့ နံနက်စာရွေးချယ်ခြင်းဟာအုတ်ဂျုံမှုန့်ပါပဲ။
အုတ်ဂျုံမှုန့် နံနက်စာဟာသင်နောက်ထပ် ထမင်းတစ်နပ် မစားခင်အချိန်အထိဆာလောင်မွတ်သိပ်မှုကို ကြာရှည် ထိန်းထားပေးနိုင်စွမ်းရှိပါတယ်။

၂) ဒိန်ချဉ်

နောက်ထပ် ကျန်းမာရေးနဲ့ ညီညွှတ်ပြီးရသာလည်းရှိတဲ့ နံနက်စာရွေးချယ်စရာကတော့ ဒိန်ချဉ်ပါပဲ။ ဒိန်ချဉ်ဟာငွေကုန်ကြေးကျလည်းအများကြီး ဖြစ်စေမှာမဟုတ်ပါဘူး။
ဒိန်ချဉ်ဟာအူအတွင်းရှိလုပ်ဆောင်ချက်တွေကိုတိုးတက်ကောင်းမွန်စေပြီးအဝလွန်ခြင်းကိုလည်းကာကွယ်တားဆီးပေးပါတယ်။

ဒိန်ချဉ်မှာပါဝင်တဲ့ မြင့်မားတဲ့ ပရိုတင်းဓာတ်ဟာဆာလောင်မှုကို ကြာရှည်ထိန်းထားပေးပြီးသကြား level ကိုတည်ငြိမ်အောင် ထိန်းထားပေးပါသည်။ ဒါ့အပြင် ကယ်ဆီယမ်ပမာဏမြင့်မားခြင်းကြောင်းဝိတ်ကျခြင်းကိုအထောက်အကူပေးပါတယ်။

၃) ပြောင်းဖူးပေါက်ပေါက်

သင်ဟာပြောင်းဖူးပေါက်ပေါက် ကြိုက်နှစ်သက်သူဆိုရင် ဆားတွေ ထောပတ်တွေနဲ့ ပြုလုပ်ထားတဲ့ ပြောင်းဖူးပေါက်ပေါက်အစားအခြားဟင်းခတ်အမွှေးအကြိုင်များနှင့် ရောနှောပြုလုပ်ထားတဲ့ အိမ်လုပ် ပြောင်းဖူးပေါက်ပေါက်မျိုးကိုစမ်းသပ်စားသုံးကြည့်သင့်ပါတယ်။ ဒါဟာပိုမိုဈေးသက်သာစေပြီးဝိတ်ကျခြင်းကိုလည်းအထောက်အကူဖြစ်စေပါတယ်။
ထောပတ်မပါတဲ့ ပြောင်းဖူးပေါက်ပေါက်မှာကယ်လိုရီအနည်းငယ်သာပါဝင်ပြီးတော့ ဆာလောင်မှုဒဏ်ကို ကြာရှည် ထိန်းသိမ်းပေးပါတယ်။ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ ဗီတာမင်အေ၊ ဖော့စ်ဖရပ်၊ ဇင့်၊ မန်းဂနီးစ်၊ အိုင်းယွန်းနဲ့ ကော့ပါးစတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ် အနည်းငယ်လည်းပြောင်းဖူးပေါက်ပေါက်မှာပါဝင်ပါတယ်။

ပြောင်းဖူးပေါက်ပေါက်ကိုသင်ဗိုက်ဆာတဲ့ ဘယ်အချိန်မဆိုကယ်လိုရီများတဲ့ အစားအစာတွေ အစားစားပေးနိုင်ပါတယ်။

၄) ဂရိတ်ဖရုသီး

ဗီတာမင်စီနဲ့ ရေဓာတ်ပါဝင်တဲ့ ဂရိတ်ဖရုသီးဟာဝိတ်ကျခြင်းတဲ့ အထောက်အကူဖြစ်စေပါတယ်။ ဗီတာမင်စီမှာအဆီတွေကိုလောင်ကျွမ်းစေနိုင်တဲ့ ဇီဝကမ္မနဲ့ပတ်သက်ပြီးတိုက်ရိုက်အကျိုးသက်ရောက်မှု ရှိပါတယ်။

ဂရိတ်ဖရုသီးဟာကယ်လိုရီပါဝင်မှုလည်းနည်းပါးပြီးဆာလောင်မှုကိုထိန်းထားပေးပါတယ်။ ဒါ့အပြင် ဗီတာမင်အေ၊ B6, ပိုတက်ဆီယမ်၊ ကယ်ဆီယမ်း၊ အိုင်းယွန်း၊ ကော့ပါး၊ ဖော့စ်ဖရပ်နဲ့ မဂ္ဂနီဆီယမ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။

၅) ပန်းသီး

တစ်နေ့တစ်ကြိမ် ပန်းသီးစားသုံးပေးခြင်းဟာဆရာဝန်နဲ့ ကင်းဝေးစေရုံသာမကဘဲသင့်ခန္ဓာကိုယ် အလေးချိန်ကိုလည်းထိန်းထားပေးပါတယ်။ပန်းသီးသည် ဆာလောင်မှုကိုထိန်းထားပေးပြီးအလွန်အကျွံ စားသုံးခြင်းမှာကာကွယ်တားဆီးပေးပါသည်။ ထို့အပြင် ပန်းသီးတွင်ပါဝင်သည့် antioxidants သည် အဆီများကိုဖယ်ရှားပေးရာတွင် အရေးကြီးသောဇီဝကမ္မဗေဒကို မြှင့်တင်ပေးနိုင်ပါသည်။

ဗီတာမင်စီ၊ B-complex ဗီတာမင်၊ ကယ်ဆီယမ်၊ ပိုတက်စီယမ်နှင့် ဖော့စ်ဖရပ်တို့ ပါဝင်သောအခြားအရေးကြီးသည့် အာဟာရဓာတ်များလည်းပန်းသီးတွင် ပါဝင်ပါသည်။ ကယ်လိုရီပါဝင်မှု နည်းပါး၍ အဆီသို့မဟုတ် ကိုလက်စထရောလည်းမပါဝင်ပါ။

၆) Green Tea

သင့်ထံ၌ ကော်ဖီသောက်တတ်သောအလေ့အကျင့် ရှိနေလျှင် Green tea နှင့် ပြောင်းလဲသောက်ရန် အချိန်တန်ပါပြီ။ အိမ်မှာပဲကော်ဖီဖျော်၍သောက်သည်ဖြစ်စေကော်ဖီဆိုင်၌ ဝယ်သောက်သည်ဖြစ်စေကော်ဖီသည် green tea ထက်ပိုမို၍ ကုန်ကျစရိတ်ပိုများပါသည်။

ထို့အပြင်Green tea သည် ကော်ဖီထက် များစွာပိုမို၍ ကျန်းမာရေးနှင့် ညီညွှတ်ပြီးဝိတ်ကျခြင်းကိုအထောက်အကူ ဖြစ်စေပါသည်။ Green Tea တွင် ကိုယ်ခံအားစနစ်ကိုတိုးမြှင့်ပေးသော antioxidants များပါဝင်ပါသည်။ Green tea တွင် ပါဝင်သည့် catechinsသည် ဝမ်းဗိုက်အတွင်းရှိအဆီသိုလှောင်မှုကိုတားဆီးပေးပြီးဝိတ်ကျခြင်းကို လျှင်မြန်စေပါသည်။

၇) ဟင်းနုနွယ်

သင်၏ ဝိတ်ချသည့် diet plan တွင် မဖြစ်မနေထည့်သွင်းရမည့် နောက်ထပ် ဘတ်ဂျက်သက်သာစေသောဟင်းသီးဟင်းရွက်သည် ဟင်းနုနွယ်ဖြစ်ပါသည်။ ဤအရွက်ထူသောအစိမ်းရောင် ဟင်းရွက်ပင်သည် အလွန် ဈေးသက်သာသော်လည်းအာဟာဓာတ်တန်ဖိုးအလွန်မြင့်မားစွာပါဝင်ပါသည်။
ဟင်းနုနွယ်သည် ကယ်လိုရီနှင့် ကာဘိုဟိုက်ဒရိတ် ပါဝင်မှု နည်းပါးပြီးအာဟာဓာတ်များစွာပါဝင်ပါသည်။ ဟင်းနုနွယ်သည် ကယ်လိုရီမတိုးစေဘဲသင်၏အာဟာရဓာတ်ကိုတိုးစေပါလိမ့်မည်။

ဟင်းနုနွယ်တွင် အဆီကိုလောင်ကျွမ်းရာတွင် အထောက်အကူပေးသောကယ်ဆီယမ်လည်းပါဝင်ပါသည်။ အရွက်သုပ်၊ ဟင်းရွက်ဖျော်ရည် သို့မဟုတ် ဟင်းရွက်စွပ်ပြုတ် စသည်ဖြင့် အမျိုးမျိုးစားသုံးနိုင်ပါသည်။

၈) ပဲ၊ ပဲတောင့်ရှည်နှင့် ပဲအမျိုးမျိုး

ပဲ၊ ပဲတောင့်ရှည်နဲ့ပဲအမျိုးမျိုးဟာကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာများဖြစ်ပြီးနေ့စဉ် စားသုံးပေးနိုင်ပါသည်။

ပဲ၊ ပဲတောင့်ရှည်နဲ့ ပဲအမျိုးမျိုးဟာအသားဓာတ်နှင့် ပရိုတင်းဓာတ်တို့ ကြွယ်ဝပြီးဆာလောင်မှုကို ကြာရှည် ထိန်းပေးထားနိုင်ပါတယ်။ အဆီပါဝင်မှုမရှိဘဲကိုလက်စထရောလည်းကင်းစင်ပါတယ်။ ဒါ့အပြင် အိုင်းယွန်း၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ်တို့လည်းပါဝင်ကြပါတယ်။

၉) မုလာဥဝါ

မုန်လာဥဝါဟာမျက်လုံးအတွက် အလွန်ကောင်းမွန်ပြီး ခန္ဓာကိုယ်အတွက်လည်းကောင်းမွန်စေပါတယ်။ မုန်လာဥဝါအတွင်းအသားမျှင်ဓာတ်နှင့် ရေဓာတ် ပါဝင်မှု မြင့်မားခြင်းကြောင့် ဆာလောင်ပြည့်အင့်ခြင်းကိုတိုးမြင့်စေပြီးကယ်လိုရီဝင်ရောက်ခြင်းကိုလျော့နည်းစေပါတယ်။

ဒီကြွပ်ဆတ်ပြီးအရသာရှိတဲ့ ဟင်းသီးဟင်းရွက်လေးဟာbeta-carotene, vitamin K, ပိုတက်ဆီယမ်နဲ့ antioxidantsတို့ရဲ့ အရင်းအမြစ်လည်း ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အဆာပြေစားစရာအဖြစ်လည်း ဒီမုန်လာဥဝါများကိုစားသုံးလို့ ရနိုင်ပါတယ်။

HtetHtet Tin Zar (ရိုးရာလေး)
Ref :Health : 10 Best Budget Foods for Weight Loss

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top